Park Seo Joon နဲ့ IU တို့ပါဝင် သရုပ်ဆောင်ထားတဲ့ “Dream”(ယာယီပေးထားတဲ့ နာမည်) ဇာတ်ကား ရဲ့ တောင်ကိုရီးယား ရိုက်ကူးရေးတွေ က တော့ အပြီး သတ် သွားပါပြီ။မကြာသေးခင်တုန်းက မှ နိုဝင်ဘာ အတွက် နောက်ဆက်တွဲ ရိုက်ကူးရေး တွေ က ပြီး သွား တာပါ။ မေ တည်းက ရိုက်ကူးရေးတွေ ကို စတင်ခဲ့တာပါ။ဒါပေမယ့် ပြည်ပ မှာ သွား ရိုက်ရမယ့် ဇာတ်ဝင်ခန်း တွေ က တော့ အခုထိ မပြီးသေးပဲ ကျန် နေတုန်းလို့ Zapzee မှာ ဖော်ပြထားပါတယ်။
View this post on Instagram
View this post on Instagram
ကိုဗစ် ကြောင့် တစ်နိုင်ငံ တစ်နိုင်ငံ ခရီးသွားလာဖို့ ခက်ခဲ နေရတာ တွေ ကြောင့် ရိုက်ကူးရေး တွေ က ထင် သလောက် ခရီးမ ပေါက်ပဲ ကြန့် ကြာ နေခဲ့ရတာပါ။Oversea ရိုက်ကူးရေးတွေ အတွက်က တော့ ဟန်ဂေရီ ဒါမှမဟုတ် ကိုလံဘီယာ တို့မှာ ရိုက်ဖို့ စီစဉ်ထားပါတယ်။ကိုရီးယားမှာ တကျော့ပြန် မြင့် တက်လာတဲ့ ကိုဗစ်ကူးစက်မှုတွေ ကြောင့် production ဘက်က လူတွေ ကလည်း ကိုဗစ် အ နေ အထားကို စောင့် ကြည့် နေကြရပါတယ်။အနေအထား တည်ငြိမ် သွားရင် တော့ ပြည်ပ ရိုက်ကူး ရေး ကို စတင် မှာပါ။
View this post on Instagram
ဒီဇာတ်ကားက တော့ Homeless World Cup ပွဲမှာ ပါဝင်ခွင့်ရဖို့ ကြိုးစားကြတဲ့ အဖွဲ့ အကြောင်း ပါ။ေ ဘာလုံးသမား Yoon Hong-dae က အိမ်ယာမဲ့ တွေကို Homeless World Cup အတွက် နည်းပြ လုပ် ပေးသွားတဲ့ အကြောင်းပါ။(၂၀၂၁)လောက်မှာ ထွက်ဖို့ ရည်ရွယ်ထားပေမယ့် လည်း ပြည်ပ မှာ ရိုက်တဲ့ Scene တွေ က ကျန် နေတဲ့ အတွက် ဘယ်အချိန် လောက် ဇာတ်ကား ထွက်မလဲ ဆိုတာက တော့ ခန့်မှန်းဖို့ ခက်ခဲ နေပါတယ်။
View this post on Instagram
View this post on Instagram
#AUNTYMAY