တစ္ေန႔လွ်င္ေကာ္ဖီ(၃)ခြက္ေသာက္ျခင္းျဖင့္ ရူးသြပ္ျခင္းကိုကာကြယ္ႏိုင္

Sponsored

Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်

ေကာ္ဖီကို ၄ခြက္ထက္မပိုေစဘဲတစ္ေန႔လွ်င္၃ခြက္ပံုမွန္ေသာက္ေပးျခင္းျဖင့္ရူးသြပ္ျခင္းကိုကာကြယ္ႏိုင္ေၾကာင္းႏွင့္ေကာ္ ဖီတြင္ဓာတ္သတၱဳမ်ားၾကြယ္၀စြာပါ၀သည့္ စိတ္က်ေရာဂါျဖစ္ပြားမႈကို ၂၇ရာခိုင္ႏႈန္းထိ ေလွ်ာ့့ခ်ေပးႏိုင္ေၾကာင္း သုေတသန ပညာရွင္မ်ားကထုတ္ေဖာ္ေျပာၾကားသည္။

Sponsored

coffee-time-e1474440419622

အဆိုပါ ဓာတ္သတၱဳသည္ ဦးေႏွာက္ဆဲလ္မ်ားကို ကာကြယ္ေပးႏိုင္သည္ဟုဆိုသည္။ေကာ္ဖီတြင္ပါ၀င္သည့္ ကဖိန္းအက္ ဆစ္ဓာတ္သည္ မွတ္ဥာဏ္မ်ားကို ပ်က္စီးေစသည့္ပရိုတင္းဓာတ္မ်ားပမာဏမ်ားျပားလာျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း၊ မွတ္ဥာဏ္ အာရံုခံဆဲလ္မ်ားေသဆံုးပ်က္စီးျခင္းကိုလည္းေလ်ာ့က်ေစေၾကာင္းသိရသည္။

ထိုကဖိိန္းအက္ဆစ္ဓာတ္သည္ေကာ္ဖီႏွင့္အျခား အစားအစာမ်ားတြင္လည္းပါ၀င္ၿပီး က်န္းမာေရးအတြက္အက်ိဳးျပဳေစသည့္ polyphenol compoundsအမ်ိဳးအစားေတြထဲကတစ္ခုလည္းျဖစ္သည္။

ထို႔ေၾကာင့္ ေကာ္ဖီကို တစ္ေန႔လွ်င္ ၃ခြက္မွ ၅ခြက္ၾကားေသာက္သံုးသူမ်ားအေနျဖင့္ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္မႈႏွင့္ ရူးသြပ္ျခင္းျဖစ္ႏိုင္ေျခ ၂၇ရာခိုင္ႏႈန္းထိ ေလ်ာ့က်ေစေၾကာင္းသိရသည္။

old-e1474440348732

Alzheimer Europe  မွ Dr Iva Holmerova( vice chairperson )က”အေရးေပၚ အာဟာရအျဖစ္ အယ္လ္ဇိုင္းမားေရာဂါရွင္ေတြကို ေကာ္ဖီေသာက္သံုးေစျခင္းမွာ ဖြံ႕ၿဖိဳးတိုးတက္မႈျမင့္တက္လာတယ္ ဆိုတာေတြ႕ရတယ္ ” ဟုေျပာသည္။

လက္ရွိတြင္ ရူးသြပ္ျခင္းကုိ မရပ္တန္႔ႏိုင္ေသးခင္အေတာအတြင္း ဦးေႏွာက္ဆဲလ္မ်ားေသဆံုးသြားသည့္ အယ္လ္ဇိုင္း မားေရာဂါအတြက္ ကုထံုးမ်ားမရွိေသးေပ။

READ
မခံမရပ္ႏိုင္ေအာင္ စိတ္ဖိစီးမႈမ်ားေနတယ္ဆိုတာ ခႏၶာကုိယ္က ေဖာ္ျပေနတဲ့ လကၡဏာမ်ား..

ယူေကႏိုင္ငံတြင္ လူဦးေရ ၈၅၀,၀၀၀ ၀န္းက်င္သည္ အယ္လ္ဇိုင္းမားေရာဂါခံစားေနရၿပီးအဆိုပါအေရအတြက္သည္  ၂၀၂၅တြင္ တစ္သန္းအထိျမင့္တက္လာမည္ဟု သိရသည္။

cofe-e1474440538855

Myo Myo (auntymay)

ref:thesun


Unicode version

 တစ်နေ့လျှင်ကော်ဖီ(၃)ခွက်သောက်ခြင်းဖြင့် ရူးသွပ်ခြင်းကိုကာကွယ်နိုင်

ကော်ဖီကို ၄ခွက်ထက်မပိုစေဘဲတစ်နေ့လျှင်၃ခွက်ပုံမှန်သောက်ပေးခြင်းဖြင့်ရူးသွပ်ခြင်းကိုကာကွယ်နိုင်ကြောင်းနှင့်ကော် ဖီတွင်ဓာတ်သတ္တုများကြွယ်ဝစွာပါ၀သည့် စိတ်ကျရောဂါဖြစ်ပွားမှုကို ၂၇ရာခိုင်နှုန်းထိ လျှော့့ချပေးနိုင်ကြောင်း သုတေသန ပညာရှင်များကထုတ်ဖော်ပြောကြားသည်။

coffee-time-e1474440419622

အဆိုပါ ဓာတ်သတ္တုသည် ဦးနှောက်ဆဲလ်များကို ကာကွယ်ပေးနိုင်သည်ဟုဆိုသည်။ကော်ဖီတွင်ပါ၀င်သည့် ကဖိန်းအက် ဆစ်ဓာတ်သည် မှတ်ဉာဏ်များကို ပျက်စီးစေသည့်ပရိုတင်းဓာတ်များပမာဏများပြားလာခြင်းကို လျှော့ချပေးနိုင်ကြောင်း၊ မှတ်ဉာဏ် အာရုံခံဆဲလ်များသေဆုံးပျက်စီးခြင်းကိုလည်းလျော့ကျစေကြောင်းသိရသည်။

ထိုကဖိိန်းအက်ဆစ်ဓာတ်သည်ကော်ဖီနှင့်အခြား အစားအစာများတွင်လည်းပါ၀င်ပြီး ကျန်းမာရေးအတွက်အကျိုးပြုစေသည့် polyphenol compoundsအမျိုးအစားတွေထဲကတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် ကော်ဖီကို တစ်နေ့လျှင် ၃ခွက်မှ ၅ခွက်ကြားသောက်သုံးသူများအနေဖြင့် စိတ်ကယောင်ချောက်ချားဖြစ်မှုနှင့် ရူးသွပ်ခြင်းဖြစ်နိုင်ခြေ ၂၇ရာခိုင်နှုန်းထိ လျော့ကျစေကြောင်းသိရသည်။

old-e1474440348732

Alzheimer Europe  မှ Dr Iva Holmerova( vice chairperson )က”အရေးပေါ် အာဟာရအဖြစ် အယ်လ်ဇိုင်းမားရောဂါရှင်တွေကို ကော်ဖီသောက်သုံးစေခြင်းမှာ ဖွံ့ဖြိုးတိုးတက်မှုမြင့်တက်လာတယ် ဆိုတာတွေ့ရတယ် ” ဟုပြောသည်။

လက်ရှိတွင် ရူးသွပ်ခြင်းကို မရပ်တန့်နိုင်သေးခင်အတောအတွင်း ဦးနှောက်ဆဲလ်များသေဆုံးသွားသည့် အယ်လ်ဇိုင်း မားရောဂါအတွက် ကုထုံးများမရှိသေးပေ။

ယူကေနိုင်ငံတွင် လူဦးရေ ၈၅၀,၀၀၀ ၀န်းကျင်သည် အယ်လ်ဇိုင်းမားရောဂါခံစားနေရပြီးအဆိုပါအရေအတွက်သည်  ၂၀၂၅တွင် တစ်သန်းအထိမြင့်တက်လာမည်ဟု သိရသည်။

cofe-e1474440538855

Myo Myo (auntymay)

ref:thesun

 

sponsored