ဆံပင်ပုံသွင်းဖို့အပြင် Hair Spray ကို ကောင်းကောင်းအသုံးချနိုင်မယ့်နည်းလမ်း(၁၂)မျိုး

Sponsored

ဝယ်ထားပြီး နေ့တိုင်းမသုံးဖြစ်တဲ့အရာတွေထဲမှာ Hair Spray လည်း တစ်ခုအပါအ၀င်ပါပဲ။ တစ်ခါဝယ်ထားပြီးရင် မသုံးဖြစ်ဘဲ အိမ်မှာသိမ်းထားပြီး ပစ်လိုက်ဖို့လည်း နှမြောနေတာမျိုးပေါ့။ အခုကစပြီး ဒီလိုဖြစ်ဖို့မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ Hair Spray ကို ဆံပင်ပုံသွင်းဖို့အပြင် သုံးလို့ရတဲ့နေရာတွေလည်း အများကြီးထပ်ရှိသေးလို့ပါ။ ဒါဆို ပျိုမေတို့အိမ်မှာ သိမ်းထားတဲ့ Hair Spray တွေကိုထုတ်သုံးနိုင်မယ့် နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ဘရပ်ရှ်လေးတစ်ခုကို Hair Spray အနည်းငယ်ဖျန်းပြီး မျက်ခုံးမွေးကိုဖြီးပေးလိုက်မယ်ဆိုရင် မျက်ခုံးမွေးလေးကသပ်ရပ်လှပသွားတာကိုတွေ့ရပါလိမ့်မယ်။
© The Mascara Mogul – Beauty by Erica / facebook
(၂) စကတ်အတိုလေးတွေဝတ်တဲ့အခါ အပေါ်တက်တက်သွားရင် လူတွေကြားထဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဖြစ်ရပါတယ်။ ဒီလိုမဖြစ်အောင် ပေါင်ကို spray အနည်းငယ်ဖျန်းထားပေးလိုက်ပါ။ ဒါဆို စကတ်က အပေါ်တက်တက်သွားတာ နေရာရွှေ့တာတွေမဖြစ်တော့ဘဲ တစ်ချိန်လုံးစမတ်ကျကြည့်ကောင်းနေမှာပါ။
(၃) ဂျင်းဘောင်းဘီဝတ်တဲ့အခါ ဇစ်က လျှောကျပြီးပွင့်နေရင် လူတွေကြားထဲအရှက်ကွဲပါလိမ့်မယ်။ ဇစ်ကို hair spray အနည်းငယ်ဖျန်းပြီးတပ်ပေးလိုက်မယ်ဆိုရင်တော့ ဇစ်လျှောကျတာမျိုးမဖြစ်တော့ပါဘူး။
brightside
(၄) လိုက်ကာအသစ်လဲလှယ်တပ်ဆင်ပြီးလို့ မကြာခင်မှာပဲဖုန်တွေတင်လာမယ်ဆိုရင် အိမ်ရှင်မတို့အတွက် စိတ်ညစ်စရာပဲပေါ့။ လိုက်ကာတွေကို Hair Spray နဲ့လိုက်ဖျန်းပေးလိုက်မယ်ဆိုရင် လွယ်လွယ်နဲ့ဖုန်မတင်တော့ဘဲ အချိန်အကြာကြီးသန့်ပြန့်လှပနေပါလိမ့်မယ်။
(၅) အ၀တ်အထည်တွေမှာ မင်တွေစွန်းသွားရင် မင်အစွန်းနေရာမှာ Hair Spray နဲ့ဖျန်းလိုက်ကာ မိနစ်အနည်းငယ်လောက်ထားပေးပြီး လျှော်ပေးလိုက်မယ်ဆိုရင် မင်အစွန်းတွေပျောက်သွားပါလိမ့်မယ်။
brightside
(၆) ကလစ်လေးတွေကို Hair Spray ဖျန်းပြီးမှ ညှပ်ပေးမယ်ဆိုရင် ဆံပင်လေးတွေသပ်သပ်ရပ်ရပ်နဲ့လှပနေပါလိမ့်မယ်။
(၇) သားရေဖိနပ်တွေကို hair spray ဖျန်းထားပေးမယ်ဆိုရင် ဖိနပ်ခဏခဏတိုက်စရာမလိုတော့ပါဘူး။ ပြီးတော့ အင်္ကျီကချည်စလေးတွေထွက်နေရင်လည်း spray လေးဖျန်းလိုက်မယ်ဆိုရင် ချည်တွေနောက်ထပ်မထွက်လာတော့ဘဲ ကြည့်ကောင်းသွားပါလိမ့်မယ်။
brightside
(၈)အပ်နဖားထိုးရတာခက်နေရင် အပ်ချည်ကို hair spray အနည်းငယ်ဖျန်းလိုက်ပြီးမှ ထိုးလိုက်ရင်လွယ်လွယ်လေးရသွားပါလိမ့်မယ်။
(၉) လက်သည်းနီဆိုးပြီး မြန်မြန်ခြောက်ချင်ရင်လည်း Hair Spray ဖျန်းပေးလိုက်ပါ။
(၁၀) ရှူးဖိနပ်နည်းနည်းချောင်နေလို့ လမ်းသွားရင်းကျွတ်ကျွတ်နေရင် ခြေဖ၀ါးနဲ့ ခြေဖနောင့်ကို Spray အနည်းငယ်ဖျန်းထားပေးမယ်ဆိုရင် လမ်းသွားတဲ့အခါ ဖိနပ်မကျွတ်တော့ပါဘူး။
brightside
(၁၁) ပန်းအိုးမထိုးခင်မှာ ပန်းအရိုးတွေနဲ့ ပန်းပွင့်အောက်ဘက်တွေကို Hair Spray ဖျန်းပေးထားမယ်ဆိုရင် နဂိုထက်ပိုပြီးကြာရှည်ခံပါတယ်။
(၁၂) Walking Shoe ဖိနပ်ကြိုးတွေကို hair spray ဖျန်းထားပေးမယ်ဆိုရင် လမ်းသွားရင်းကြိုးပြေတာမျိုးမဖြစ်တော့ပါဘူး။

MAY THAZINHTOO

sponsored