သာမာန်မီးဖိုချောင်သုံး ပစ္စည်းတွေကို အသုံးပြုပြီး အိမ်သန့်ရှင်းရေး လုပ်နည်း

Sponsored

အမျိုးသားရော ၊ အမျိုးသမီးပါ သန့်ရှင်းရေးလုပ်နည်းတွေကို အချိန်ရော ၊ ငွေကုန်တာပါ သက်သာစေချင်ကြပါတယ်။ ဒီနည်းတွေကတော့ အလွယ်တသူ သန့်စင်ပြောင်လက်သွားမယ့်အပြင် ငွေကုန်သက်သာစေနိုင်ပါတယ်။

(၁) မီးပူသံပြားကအမည်းဖြစ်နေရင် …
Brightside

မီးပူအသစ်ကနေ အ၀တ်အစားတွေကို တိုက်ပါများလာရင် မီးပူသံပြားက မည်းလာတတ်ပါတယ်။ မီးပူသံပြားက မည်းနေရင် အ၀တ်အစာတွေမှာ ကပ်သွားတတ်ပါတယ်။ မီးပူသံပြား တွေကိုဆားနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဆား (စားပွဲတင်ဇွန်း ၁-၂ဇွန်း) ကို အ၀တ်စနုပေါ်မှာ ဖြူးပေးပါ။ ဆားဖြူးထားတဲ့ အ၀တ်နဲ့ မီးပူသံပြားပေါ် အမည်းတွေ မပျောက်မချင်းပွတ်တိုက်ပေးပါ။ ပြီးရင်တော့ အ၀တ်စိုနဲ့ ပွတ်ပေးပါ။

(၂) Oven ညစ်ပတ်နေရင် …
Brightside
Sponsored

ဒီနည်းက ပိုက်ဆံကုန်သက်သာစေနိုင်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာရည် (စားပွဲတင်ဇွန်း ၄ ဇွန်း) ၊ ရှာလကာရည် (၇.၆အောင်စ) ၊ ရေနွေး (၄၃အောင်စ) ၊ သံပရိုရည် (၃.၇ အောင်စ) တို့ကို ရောပေးပါ။ ရလာတဲ့အရောနဲ့ Oven အညစ်အကြေးတွေကို သန့်စင်နိုင်ပါတယ်။

READ
သင့်ရဲ့ဖခင်က သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှထုတ်ပြောမှာမဟုတ်တဲ့ ခံစားချက်များ
(၃) သစ်သားကြမ်းပြင်
Brightside

Black Tea က သောက်လို့ကောင်းရုံတင်မက သစ်သားကြမ်းပြင်အတွက် သန့်ရှင်းရေးကိရိယာလည်းဖြစ်ပါတယ်။ တချို့လူတွေကတော့ Black Tea ဟာ ပြတင်းပေါက်မှန်တွေကို ပြောင်လက်နေအောင်လုပ်ပေးနိုင်တာကို သိကြတယ်။ Black Tea (၄ထုတ်) ကိုရေထဲ ထည့်ဖျော်ပါ။ ပြီးရင် အနယ်ထိုင်သွားအောင် နှပ်ထားပေးပါ။ အ၀တ်နဲ့ Black Tea ရည်ကို စွတ်ပြီး ကြမ်းတိုက်ပေးနိုင်ပါတယ်။

(၄) အသားလှီး သစ်သားပြား (Wooden cutting board)
Brightside

ဟင်းချက်တိုင်း ဒီသစ်သားပြားကို သုံးကြပါတယ်။ ဒီသစ်သားပြားကို ပြောင်အောင် မဆေးပေးရင် ပိုးမွှားတွေ ပေါက်လာတတ်ပါတယ်။ ပြောင်အောင်ဆေးဖို့ဆိုရင် သံပရိုသီး ၊ Baking Soda ၊ ရှာလကာရည်တို့လိုအပ်ပါတယ်။
– သစ်သားပြားပေါ် Baking Soda ကိုဖြူးပေးပြီး သံပရိုသီးနဲ့ပွတ်ပေးပါ။
– အ၀တ်ကို ရှာလကာရည်စွတ်ပေးပြီး သုတ်ပေးပါ။
– ပြီးရင်တော့ ရေဆေးပေးဖို့မမေ့ပါနဲ့။

READ
အမျိုးသမီးတွေ ကလေးမွေးပြီးနောက်မှာ ပြောင်းလဲသွားတတ်တဲ့ အရာတွေ

 

Hannwe Soe

sponsored