ခြောက်သွေ့ပွယောင်းနေတဲ့ဆံပင်တွေကို ချက်ချင်းနူးညံ့သွားစေမယ့်သဘာဝပေါင်းတင်နည်း(၅)မျိုး

Sponsored

ဆံပင်တွေ ခြောက်သွေ့ပွယောင်းစေတဲ့အကြောင်းရင်းတွေထဲမှာ ဆံသားအားဖြည့်ဖို့လိုအပ်နေတာကြောင့်၊ အပူပေးပုံသွင်းကိရိယာတွေအရမ်းသုံးလွန်းတာကြောင့်၊ ကလိုရင်းပါတဲ့ရေနဲ့ထိတွေ့မှုများတာကြောင့်၊ မကြာခဏခေါင်းလျှော်ခြင်းကြောင့်၊ နေပူဒဏ်ကြောင့် စသဖြင့် အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အဲ့ဒီ အကြောင်းရင်းတွေက ဆံပင်ခြောက်သွေ့ပွယောင်းပြီး ပုံသွင်းရခက်ခြင်း၊ ဆံပင်ကျိုးကြေပျက်စီးခြင်းတွေဖြစ်စေတတ်ပါတယ်။ မျက်နှာလေးလည်းလှသလို၊ ဆံပင်လေးလည်းလှနေမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနိုင်မှာမို့ ခြောက်သွေ့ပွယောင်းပြီး၊ပုံသွင်းရခက်နေတဲ့ဆံပင်တွေကို အချိန်တိုအတွင်း နူးညံ့ချောမွတ်သွားအောင် လုပ်ပေးနိုင်မယ့် သဘာဝပေါင်းတင်နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ ဒီနေ့ပဲလုပ်လိုက်တော့နော်။

(၁) အပူပေးထားတဲ့ဆီ

shutterstock

ဆံပင်အတွက်ကိုယ်သုံးနေကျ အုန်းဆီ၊သံလွင်ဆီ၊ ကြက်ဆူဆီ စတဲ့အဆီတစ်မျိုးမျိုးကို ခွက်တစ်ဝက်လောက်ထည့်ပြီး ပူနွေးရုံလေး အပူပေးပါ။ အဲ့ဒီ အပူပေးထားတဲ့အဆီကို ဦးရေပြားနဲ့ ဆံပင်အဖျားထိ နှံ့နေအောင်လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်နယ်ပေးပါ။ ရေနွေးထဲစိမ်၊ရေညှစ်ထားတဲ့ တဘက်လေးနဲ့ နာရီဝက်လောက်ပေါင်းထားပေးလိုက်ပါ။ ပြီးရင် သုံးနေကျခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒါဆို ခြောက်သွေ့ပွယောင်းနေတဲ့ဆံပင်တွေက ချောမွေ့ နူးညံ့သွားပြီး ၀ပ်ဝပ်လေးဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။

(၂) ဘီယာ

pinterest
Sponsored

ဘီယာက ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကို ကောင်းကောင်းအားဖြည့်ပေးပြီး ဆံသားတွေထဲကို အစိုဓာတ်ဖြည့်ပေးနိုင်တာကြောင့် ဆံသားခြောက်သွေ့ပွယောင်းနေလို့ စိတ်ညစ်နေတဲ့သူလေးတွေ ဘီယာကို conditioner အဖြစ် သုံးပေးလိုက်ပါ။ ပုံမှန်အတိုင်း ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ဘီယာနဲ့ လောင်းချလိုက်ပြီး အခြောက်ခံလိုက်ရုံပါပဲ။ ရေပြန်ဆေးချဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုောတ့ ဘီယာက အနံ့အသက်မကျန်တဲ့ conditioner ဖြစ်နေလို့ပါ။

READ
စကတ်အကားလေးတွေကြိုက်တဲ့ ပျိုမေတို့အတွက် အထာကျကျဖက်ရှင် (၁၄) မျိုး

(၃) ဒိန်ချဉ်နဲ့ အဆီတစ်မျိုးမျိုး

pinterest

ဒိန်ချဉ်အသန့်တစ်ခွက်ထဲကို သံလွင်ဆီနှစ်ဇွန်းထည့်မွှေပြီး ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပေးလိုက်ပါ။ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပေးလိုက်မယ်ဆို ခြောက်သွေ့တဲ့ဆံသားတွေက စိုပြည်ချောမွတ်သွားတာကိုတွေ့ရပါလိမ့်မယ်။

(၄) ထောပတ်သီး

pinterest

ထောပတ်သီးက ဗီတာမင် အေ နဲ့ အီး ကြွယ်ဝစွာပါဝင်တာကြောင့် ဆံသားအတွက်လိုအပ်တဲ့ အာဟာရတွေကိုဖြည့်ပေးနိုင်ပါတယ်။ ထောပတ်သီးအမှည့်ကို ကြေညက်နေအောင်ချေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ကြာရင် ခေါင်းလျှော်ရည်မသုံးဘဲ ရေနဲ့ပဲထောပတ်သီးတွေကို ပြောင်စင်အောင် ဆေးချပေးလိုက်ပါ။ အစိုဓာတ်နဲ့အာဟာရပြည့်တဲ့ ဆံသားတွေကို ရရှိလာမှာပါ။

(၅) ငှက်ပျောသီး

pinterest

ငှက်ပျောသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက ခြောက်သွေ့နေတဲ့ဆံသားတွေကို အားဖြည့်ပြီးစိုပြေစေတဲ့အပြင် အဖျားနှစ်ခွတွေကိုပါပျောက်စေတာကြောင့် ငှက်ပျောသီးနဲ့ ဆံပင်ပေါင်းတင်သင့်ပါတယ်။ ငှက်ပျောသီးအမှည့်ကို ကြေညက်အောင်ချေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။ shower cap လေးနဲ့ မိနစ် ၂၀ လောက်အုပ်ထားလိုက်ပြီး ခေါင်းလျှော်ရည်မသုံးဘဲ ရေအေးလေးနဲ့ပဲ ဆေးချပေးလိုက်ပါ။ စိုပြေချောမွေ့နေတဲ့ ဆံပင်လေးတွေကို ရပါလိမ့်မယ်။

MAY THAZINHTOO

sponsored