ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတဲ့ ကြက်သွန်နီမှာ တကယ့်ကို အံ့မခန်း အကျိုးကျေးဇူးတွေ များစွာ ရှိလို့နေပါတယ်နော်။ မကြာခဏ ကြက်သွန်နီ စားပေးခြင်းက ခန္ဓာကိုယ် တစ်ခုလုံးအတွက် အကျိုးကျေးဇူးတွေ များစွာရရှိစေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကြက်သွန်နီမှာ ဘယ်လိုကောင်းကျိုးတွေရှိနေလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။
အရိုးတွေ သိပ်သည်းခြင်းကို ကောင်းမွန်စေတယ်

တစ်ခါတစ်လေ ခန္ဓာကိုယ်မှာ အရိုးတွေ တကျွတ်ကျွတ် အသံတွေထွက်လာတာမျိုးကို ကြားဖူးကြမှာပါ။ ဒါက အရိုးမကောင်းဘူးဆိုတာကို ဖော်ပြီး ဒီလိုအခြေအနေမှာ ကြက်သွန်နီများများ စားပေးခြင်းက သက်သာကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ကြက်သွန်နီတစ်လုံး ပုံမှန်တစ်လခန့်စားပေးခြင်းက အရိုးတွေကို ပိုသန်မာကောင်းမွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်နော်။
နှလုံးကျန်းမာရေးကို ကောင်းစေတယ်

ကြက်သွန်နီဟာ ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒီလို လျော့ကျသွားတာနဲ့ တစ်ပြိုင်နက် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွါးမှုကိုပါ လျော့ကျသွားစေပြီး နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကောင်းမွန်စေပါတယ်။
အစာခြေစနစ်အတွက် ကောင်းမွန်စေတယ်

ကြက်သွန်နီမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ နောက်ပြီး အူလမ်းကြောင်းရဲ့ ကောင်းမွန်တဲ့ bacteria တွေကိုပိုထုတ်လွှတ်ပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်က အစာတွေကို လွယ်ကူစွာ ခြေဖျက်နိုင်ပါတယ်နော်။
အမြင်အာရုံနဲ့ ခံတွင်းကျန်းမာရေးအတွက် ကောင်းစေတယ်

ကြက်သွန်နီက ခံတွင်းထဲမှာရှိတဲ့ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နောက်ပြီး သူ့မှာ antimicrobial သတ္တိပါဝင်တဲ့အတွက် သွားတွေကို သန်မာစေသလို ‘qrercetin’ ပါဝင်လို့ မျက်စိတိမ်စွဲတာမျိုး မဖြစ်ပေါ်အောင် တိုက်ထုတ်ပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
Khin