ခြေစွယ်ငုပ်နေတာကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ကောင်းအောင်လုပ်နိုင်မယ့်နည်းလမ်း (၄)မျိုး

Sponsored

ခြေစွယ်ငုပ်တာဟာ တော်တော်လေးဆိုးတဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ပျောက်အောင်လုပ်ဖို့လည်း တော်တော်ခက်ပါတယ်။ ခံရခက်ပြီး ဆေးခန်းသွားပြီး ကုသရလောက်တဲ့ အနေအထားမျိုးမဟုတ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်ရင်လည်း ပိုးဝင်ပြီးပိုဆိုးသွားမလား စိုးရိမ်စရာပါ။ ဒီတော့ ခြေစွယ်ငုပ်တာကို အန္တရာယ်ကင်းကင်းနဲ့ပြန်ကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပြီမို့ ကိုယ့်အတွက်အဆင်ပြေမယ်ထင်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

(၁) ဆားခါးစိမ်တဲ့နည်းလမ်း

brightside

ဇလုံတစ်လုံးထဲမှာ ရေနွေးအနည်းငယ်ထည့်ပြီး ဆားခါးနှစ်ဇွန်းထည့်ပါ။ အဲ့ဒီထဲမှာ ခြေထောက်ကို ၁၅ မိနစ်လောက်စိမ်ထားပေးလိုက်မယ်ဆိုရင် ဆားခါးက ခြေစွယ်ငုပ်လို့နာကျင်နေတာကို သက်သာသွားစေပြီး ခြေသည်းကိုပျော့ပြောင်းသွားစေနိုင်တာကြောင့် ခြေစွယ်ညှပ်တဲ့ဟာလေးနဲ့ ငုပ်နေတဲ့ခြေစွယ်ကို အလွယ်လေးညှပ်ထုတ်ပစ်နိုင်ပါပြီ။ ခြေစွယ်ညှပ်ထုတ်ပြီးပေမယ့် ဆက်ပြီးနာနေနိုင်တာကြောင့် နောက်ထပ် ၂ ခါ၊ ၃ ခါလောက် ခုနကလို ရေနွေးနဲ့ဆားခါးနဲ့ စိမ်ပေးလိုက်ပါ။ နောက်နေ့ဆို လုံးဝသက်သာနေတာကိုတွေ့ရပါလိမ့်မယ်။

(၂) ပန်းသီးရှာလကာရည်သုံးတဲ့နည်း

brightside
Sponsored

ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးမှာ ဆွတ်ယူပြီး ခြေစွယ်ငုပ်တဲ့နေရာမှာ တစ်နာရီလောက် အုပ်ထားပေးပါ။ ဂွမ်းစလေးခြောက်သွားရင် ပန်းသီးရှာလကာရည်နဲ့ ပြန်ဆွတ်ပြီးပြန်အုပ်ပါ။ ပန်းသီးရှာလကာရည်က ခြေစွယ်ငုပ်လို့ရောင်ရမ်းနေတာကို သက်သာစေနိုင်ပြီး ဒဏ်ရာကို ပိုးမ၀င်အောင်တားပေးနိုင်ပါတယ်။ ဒါ့အပြင် ခြေသည်းကိုလည်း ပျော့ပြောင်းသွားစေနိုင်တာကြောင့် ပန်းသီးရှာလကာရည်နဲ့ အုပ်ထားပေးပြီးရင် ခြေစွယ်ကို အလွယ်တကူညှပ်ထုတ်ပစ်နိုင်ပါပြီ။

READ
ဦးဆောင်နိုင်စွမ်းမြင့်မားတဲ့ မိန်းကလေးတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် လေးတွေ

(၃) နနွင်းနဲ့မုန့်ညှင်းဆီ

brightside

နနွင်းတစ်ဇွန်း၊ မုန့်ညှင်းဆီတစ်ဇွန်းတို့ကိုရောပြီး အနှစ်ဖြစ်အောင်လုပ်ပြီး အဲ့ဒီအနှစ်ကိုခြေစွယ်ငုပ်တဲ့နေရာမှာ ထူထူလေးလိမ်းပြီး တစ်နာရီလောက် ထားထားပါ။ အဲ့ဒီအတိုင်း တစ်ရက်မှာ သုံးကြိမ်လောက် လုပ်ပေးလိုက်မယ်ဆိုရင် ခြေစွယ်ငုပ်လို့ရောင်နေတာတွေလျော့သွားပြီး အထိမခံနိုင်အောင် နာနေတာတွေလည်း သက်သာသွားပါလိမ့်မယ်။ အဲ့ဒီအခါ ခြေစွယ်ညှပ်တဲ့ ကိရိယာလေးနဲ့ ခြေစွယ်ကို အလွယ်လေးညှပ်ထုတ်လိုက်ရုံပါပဲ။

(၄) ပျားရည်နဲ့သံပရိုရည်

brightside

ပျားရည်နဲ့ သံပရိုရည်အနည်းငယ်ကိုရောပြီး ခြေစွယ်ငုပ်တဲ့နေရာမှာ လိမ်းကာ ပတ်တီးစလေးနဲ့ တစ်ညလုံးစည်းထားပေးလိုက်ပါ။ နှစ်ရက်၊ သုံးရက်လောက် ဆက်တိုက်လုပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းနေတာတွေ သက်သာသွားပြီး ခြေစွယ်ကို ညှပ်ထုတ်ပစ်လို့ရပါပြီ။

source – Brightside

MAY THAZINHTOO

sponsored