ကြက်ဥကိုအသုံးပြုပြီး ဒီနည်းလမ်း (၈) မျိုးနဲ့ အလှအပရေးရာအတွက်အသုံးချကြမယ်

Freepik- freepik
Sponsored

တကယ်တော့ အသားအရေ ထိန်းသိမ်းဖို့ဆိုတာ skin care တွေကို ဈေးကြီးပေးဝယ်ပြီးတော့လုပ်နေမယ့်အစား ကိုယ့်အိမ်ရဲ့ မီးဖိုချောင်ထဲမှာပဲ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ အသားအရေကို ထိန်းသိမ်းလို့ရနိုင်ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ကြက်ဥကို အသုံးပြုပြီးတော့ ဘယ်လိုမျိုး diy လုပ်ပြီး အလှအပရေးရာတွေအတွက် အသုံးပြုလို့ရမလဲဆိုတောကို ဖော်ပြပေးသွားမှာပါ။

ဆံပင်အတွက်

Sponsored

(၁) Oily Hair

ဆံသားမှာ ဆီအရမ်းထွက်တတ်တဲ့လူတွေအနေနဲ့ကတော့ ကြက်ဥအကာတွေနဲ့ချည်း ခေါင်းမလျှော်ခင်အချိန်မှာ ပေါင်းတင်ပေးခငြ်းအားဖြင့် အဆီပြန်တာကို သက်သာစေမှာပါ။ အနည်းဆုးတော့ မိနစ် ၃၀ ထားပေးပါတဲ့။

(၂) Dry Hair

ဆံသားခြောက်တဲ့လူတွေအတွက်ကတော့ ကြက်ဥအနှစ်ကို အသုံးပြုရမျာပါ။ ပျားရည် ခွက်တစ်ဝက်ခန့်နဲ့ ကြက်ဥအနှစ် ၂ လုံးတို့ကို ရောမွှေပြီးတော့ ခေါင်းအနှံ့သုပ်လိမ်းကာ ပေါင်းတင်ထားပါ။ ၁ နာရီပေါင်းတင်ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချပေးပါနော်။

(၃) ကိုယ်တိုင်လုပ် conditioner 

ကြက်ဥ ၂ လုံး၊ ဒိန်ချဉ် ၂ စွန်းတို့ကို ရောမွှေပြီး မိနစ် ၃၀လောက် ဆံပင်မှာသုပ်လိမ်ားးတာဟာလည်း ဈေးကွက်ထဲရှိနေတဲ့ ဆံပင်ပျော့ဆေးတွေအတွက်ပိုပြီး ကောင်းမွန်စေပါတယ်တဲ့။

READ
Snow White ၀တ်စုံလေးနဲ့ အရမ်းကိုလှနေတဲ့ ကိုရီးယားဆယ်လီ(၉)ယောက်
Freepik- drobotdean

အသားအရေအတွက်

(၄) ဝက်ခြံပျောက်ကင်းစေဖို့

ကြက်ဥအကာနဲ့ ပျားရည် ၁ စွန်းတို့ကို ရောမွှေပြီးတော့ မျက်လုံးနဲ့နှုတ်ခမ်းနေရာပဲ ချန်ပြီး သုပ်လိမ်းပေးပါ။ တင်းနေအောင် ခြောက်သွားတဲ့အချိန်ကျမှ ရေဆေးချလိုက်ပါ။ ပုံမှန် ၃ ရက်ခြားတစ်ခါ လုပ်ပေးခြင်းဖြင့် သိသာတဲ့ရလဒ်ကို ခံစားရစေမှာပါ။

(၅)ဆားဝက်ခြံအမည်းတွေ ဖယ်ရှားဖို့

ဒါကတော့ သာမန်နည်းလမ်းတစ်ခုပါပဲ။ ကြက်ဥအကာ၊ တစ်ရှူးအပါးသားတို့ လိုအပ်ပါမယယ်။ အရင်ဆုံး အကာကို မျက်နှာမှာ တစ်လွှာသုပ်လိမ်းပေးပါ။ အပေါ်ကနေ တစ်ရှူးအပါးသား ကပ်ပေးပြီးတော့ အပေါ်ကနေ ကြက်ဥအကာကို ထပ်ပြီး သုပ်ပေးပါ။ နောက် ခြောက်လာရင်တော့ ခွာလိုက်တဲ့အခါ ဆားဝက်ခြံတွေ ပါဝင်လာမှာဖြစ်ပါတယ်။

(၆) အသားရေခြောက်တဲ့လူတွေအတွက်

အသားအရေမွဲခြောက်နေတဲ့သူတွေအတွက် ဒီနည်းလမ်းလေးဟာ အသုံးဝင်စေမှာဖြစ်ပါတယ်။ နည်းလမ်းလေးကတော့ သုံးနေကျ clay mask ကို ၃ စွန်းစာယူပါ။ နောက် ကြက်ဥအကာရယ်၊ ပျားရည် ၂ စွန်းရယ်နဲ့အတူတူရောပြီးတော့ မျက်နှာပေါ်မှာ ခြောက်တဲ့အထိ တင်ထားပါ။ နောက်မှာတော့ ကြက်သီးငွေ့ရေနွေးလေးနဲ့ ရေဆေးချလိုက်ပါ။

READ
အပြည့်အ၀နေပြန်မကောင်းသေးပေမယ့် RM မှာ Kwang Soo ပြန်ပါဝင်
Freepik- diana.grytsku

(၇) မျက်ကွင်းညိုခြင်း

ဘရပ်ရှ်နုနုလေးနဲ့ ကြက်ဥအကာကို မျက်လုံးအောက်နဲ့ မျက်ခွံတစ်ဝှက်သုတ်လိမ်းပေးပါ။ နောက် ခြောက်လုဆဲဆဲ ၁၀ မိနစ်ခန့်ထာားပြီးတော့ ရေအေးနဲ့သာ ဆေးချပေးပါ။

(၈) လက်သည်းခြေသည်း ကျိုးလွယ်တဲ့ပြဿနာ

နို့ခွက်တစ်ဝက်ခန့်၊ ကြက်ဥအနှစ်ဝါဝွလေးရူယ် တို့ကိုရောခောလာက်ပြီး ၁၀ မိနစ်လောက် ခြေသည်း သို့မဟုတ် လက်သည်းတွေကို စိမ်ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံနဲ့ လက်သည်း၊ ခြေသည်းတွေကို သန်မာလာစေမှာပါ။

Freepik- Racool_studio

penny

sponsored