အဖြစ်များနေတဲ့ လုပ်ငန်းခွင်ထဲ Professional မဆန်တဲ့ အပြုအမူ (၁၁) မျိုးအကြောင်း

Shutterstock-fizkes
Sponsored

လူတစ်ယောက်ရဲ့နေ့စဉ်ပုံမှန်ပြုမူနေတဲ့အမူအကျင့်တွေက သူ့ဘဝအတွက်ဘယ်လောက် အရေးပါတယ်လို့ သင်ထင်ပါသလဲ။ တခြားနေရာတွေမှာသိပ်မသိသာရင်တောင် လုပ်ငန်းခွင်ထဲရောက်ပြီဆိုရင်တော့ လူတစ်ယောက်ရဲ့ အမူအကျင့်တွေဟာ အရမ်းကိုအရေးပါပါတယ်။ တကယ်လို့သင်ဟာ အလုပ်ထဲမှာ အဆင့်အတန်းရှိရှိနဲ့ Smart ဖြစ်တဲ့သူတစ်ယောက်အဖြစ် ထင်ပေါ်ချင်တယ်ဆိုရင်တော့အောက်ပါအချက်ကို လုံးဝရှောင်ရှားလိုက်ပါ။

(၁) ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့အသွင်အပြင်အပေါ်မှတ်ချက်ပေးတာ

Sponsored

ပုံမှန်အားဖြင့်ခင်မင်တဲ့သူအချင်းချင်းဆို တစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ ဒီနေ့တော့ကြည့်ကောင်းတယ် ဝတ်ထားတဲ့အဝတ်အစားကလှတယ် စသည်ဖြင့်ပြောမိကြမယ်ထင်တယ်။ အလုပ်ထဲမှာဆိုရင်တော့ မရင်းနှီးတဲ့ အလုပ်ထဲကမိတ်ဆွေကို ကောင်းတဲ့မှတ်ချက်ဆိုရင်တော့ မပြောသင့်ပါဘူး။ အဲ့လိုပြောဆိုခြင်းကတစ်ဖက်လူကို စိတ်မသက်မသာဖြစ်စေတဲ့ခံစားမှုမျိုးကိုရစေပါတယ်။

(၂) ကိုယ်ရေးကိုယ်တာမေးခွန်းတွေမေးတာ

လုံးဝကို Unprofessional ဖြစ်စေတဲ့အမူအကျင့်ပါပဲ။ အခုချိန်အထိတော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို လာစပ်စုတာကိုသဘောကျတဲ့သူရယ်လို့တော့မတွေ့ဘူးသေးပါဘူး။ လူတိုင်းမှာလျွို့ဝှက်ထားချင်တဲ့ ကိစ္စတွေဆိုတာ ရှိစမြဲပါ။ အဲ့ဒါကြောင့်အလုပ်နဲ့မသက်ဆိုင်တဲ့ကိစ္စ ကိုယ်နဲ့မပက်သတ်တဲ့ကိစ္စတွေမှာဆိုရင် မေးခွန်းတွေလိုက်မထုတ်တာ အကောင်းဆုံးပါပဲ။

Freepik-freepik

(၃) လုပ်ဖော်ကိုင်ဖက်အချင်းချင်းပရောပရီလုပ်တာ

အလုပ်ထဲမှာနေရတဲ့အချိန်ဟာ အိမ်မှာနေရတဲ့အချိန်ကများလွန်းတာကြောင့် ချစ်သူရည်းစားမရှိတဲ့သူဆိုရင် အလုပ်ထဲမှာအတူတူရှိနေရင် တစ်ယောက်နဲ့တစ်ယောက်သဘောကျသွားဖို့အခွင့်အရေးများပါတယ်။ အလုပ်ထဲကကောင်လေး ဒါမှမဟုတ်ကောင်မလေးက အရမ်းလန်းနေရင်သင့်မှာသဘောကျဖို့အတွက် အခွင့်အရေးရှိပါတယ်။ ဒါပေမယ့်တစ်ခုသတိထားရမှာက သင်သဘောကျနေတဲ့သူကို အလုပ်ချိန်တွင်းမှတော့ အတင်းရောတာမျိုး တစ်ချိန်လုံးအထားပေးနေတာမျိုးလုပ်လို့မရပါဘူး။ တစ်ဖက်လူကသဘောမကျရင် သူအတွက်လဲ အနှောင့်အယှက်ဖြစ်နိုင်သလို အလုပ်ကိုလဲထိခိုက်နိုင်ပါတယ်။

(၄) ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေလျှောက်ပြောတာ

သင့်ရဲ့အထက်လူကြီးကသင့်ကိုဆူလိုက်လို့ စိတ်တိုတိုနဲ့ သူရဲ့မကောင်းကြောင်းကိုလျှောက်ပြောဖို့စဉ်းစားနေပြီလား။ ဒီလိုလုပ်ရပ်မျိုးဟာ သင့်ကို Smart မဖြစ်စေပါဘူး။ လူအားလုံးကကောင်းခြင်းဆိုးခြင်းအားလုံးကြုံဖူးကြတဲ့သူတွေချည်း ပါပဲ။ အလုပ်ထဲမှာမကျေနပ်ချက်ရှိတာနဲ့ပဲ သူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ လျှောက်ပြောနေမယ်ဆိုရင်တော့ ဘယ်အလုပ်မှာမှအဆင်ပြေမှာမဟုတ်ပါဘူး။

(၅) အတင်းနီးနီးကပ်ကပ်နေလွန်းတာ

READ
ဘယ်လိုအခိုက်အတန့်တွေကို ဓာတ်ပုံသေချာရိုက်ပြီး အမှတ်တရသိမ်းဆည်းထားသင့်လဲ

အလုပ်လုပ်နေတဲ့သူကို ကိုယ်နဲ့မဆိုင်ပဲသွားကြည့်နေတာက လုပ်နေတဲ့သူအတွက်အနှောင့်အယှက်ဖြစ်စေပါတယ်။ မရင်းနှီးပဲနဲ့လုပ်ငန်းခွင်ထဲမှာ ပူးပူးကပ်ကပ်သွားနေတာမျိုးက ယောက်ျားလေးမိန်းကလေးနှစ်ယောက်ကြားထဲမှာဆိုရင်လဲ လူမြင်မသင့်တော်သလို မိန်းကလေးလေးအချင်းချင်း ယောက်ျားလေးအချင်းချင်းဆိုရင်တောင် တချို့ကမကြိုက်တတ်တာမျိုးရှိတတ်လို့ စိတ်မသက်မသာဖြစ်စေပါတယ်။ ဒါအပြင်တခြားသူရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို ကိုင်တွယ်စပ်စုတာမျိုး တစ်ချိန်လုံးငှားရမ်းအသုံးပြုနေတာမျိုးကိုလဲ ရှောင်ရှားသင့်ပါတယ်။

Freepik-senivpetro

(၆) Social Media မှာအလုပ်နဲ့ပက်သတ်ပြီးမကောင်းကြောင်းဖော်ပြတာ

သင့်အလုပ်မှာအဆင်မပြောတဲ့အခါ အကောင်းဆုံးနည်းလမ်းကတော့ အချင်းချင်းပွင့်လင်းစွာပြောပြီး ညှိနှိုင်းတာပါပဲ။ သမီးရည်းစားအချင်းချင်းစိတ်ဆိုစိတ်ကောက်တဲ့အခါ Social Media မှာစာတင်ပြီးပြောလို့အဆင်ပြောသွားနိုင်ပေမယ့် လုပ်ငန်းခွင်မှာတော့ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ အလုပ်ထဲကသင်မကျေနပ်တဲ့ အကြောင်းအရာတွေကို Social Media မှာ တင်လိုက်ရင် သင့်ရဲ့ပုံရိပ်ကျဆင်းတာကလွဲလို့ဘာကောင်းကျိုးမှမဖြစ်လာစေပါဘူး။

(၇) ဆင်ခြေပေးလွန်းတာ

သင်အိမ်ကနေရုံးကိုလာတဲ့လမ်းဟာ ကားပိတ်လွန်းရင်စောထွက်လာဖို့ပဲ ကြိုတွေးထားသင့်ပါတယ်။ အလုပ်နောက်ကျရတဲ့ အကြောင်းအရင်းကကားပိတ်လို့ဆိုပြီး အမြဲဆင်ခြေပေးနေရင်တော့ သင့်ရဲ့အထက်လူကြီးက ဘဝင်မကျဖြစ်စေမှာပါပဲ။ တခြားအကြောင်းအရာတွေမှာလဲ ဒီလိုပါပဲအဆင်မပြေမှုတွေကြုံလာတိုင်း ဆင်ခြေတွေပဲပေးနေမယ့်ဆိုရင်တော့ သင့်အလုပ်မှာ Professional  ကျတဲ့လူတစ်ယောက်ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။

(၈) မယဉ်ကျေးတဲ့အပြုအမူတွေလုပ်တာ

ယဉ်ကျေးတဲ့သူကိုသဘောမကျတဲ့သူမရှိပါဘူး လုပ်ငန်းခွင်ထဲမှာဆိုရင်တော့ပိုပြီးသိသာပါတယ်။ ယဉ်ကျေးတဲ့သူကိုဆိုရင် အထက်လူကြီးကလဲအလိုလိုအမှတ်ပေးပြီးသားပါပဲ။ ဒီလိုအခြေအနေနဲ့ဆန့်ကျင်ဘက်တော့ အလုပ်ထဲမှာ ဝေးဝေးရှောင်ချင်ကြတာ မယဉ်ကျေးတဲ့အပြုအမူရှိတဲ့သူတွေပါ။ တခါတရံလူတော်တော်များများက သူတို့အပြုအမူဘယ်လိုအရာတွေက လူတစ်ဖက်သာကိုအနှောင့်ဖြစ်စေလဲဆိုတာမသိကြပါဘူး။ အလုပ်ထဲမှာအဓိက သတိထားရမှာကအရမ်းအသံကျယ်ကျယ်ပြောတတ်တာ စိတ်မရှည်ဖြစ်ပြီးတောက်ခေါက်တာ စကားပြောရင် (စ) သံတွေ အသုံးပြုတာမျိုးပါ။

Freepik-giggsy25

(၉) တစ်ချိန်လုံးဖုန်းသုံးနေတာ

READ
မင်းသမီး Rebel Wilson ရဲ့ ချစ်သူ ရုပ်ရှိရေလျှံသူဌေးသားလေး Jacob Busch အကြောင်း

သင့်အလုပ်ကဖုန်းနဲ့လုပ်ရတဲ့အလုပ်ဆိုရင်တော့ ဒီအချက်ကသင်နဲ့မသက်ဆိုင်ပါဘူး။ မဟုတ်ဘူးဆိုရင်တော့ သင်သိထားဖို့လိုတာတွေရှိပါတယ်။ အလုပ်ထဲမှာတွေ့ဖူးတဲ့လူတချို့ကဆိုရင် အလုပ်အားတဲ့အခါ လုပ်စရာမရှိလို့ ဖုန်းကိုသုံးတာဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ချိန်လုံး Social Media မှာအချိန်ဖြုန်းနေတတ်ကြတယ်။ အလုပ်မှာတခါတရံ အားလို့ဖုန်းသုံးတာဟာကိစ္စမရှိပေမယ့် သင့်မှာတစ်ချိန်လုံးလုပ်စရာမရှိဘူးဆိုရင် တစ်ခုခုမှာနေပါပြီ။ ဒီအတိုင်းအလုပ်မှာ ဘာမှလဲလုပ်စရာမရှိကိုယ့်အတွက်တိုးတက်မှုလဲမရှိပဲ ပိုက်ဆံရဖို့အတွက်ပဲရုံးလာပြီးဖုန်းသုံးအချိန်ဖြုန်းနေမယ် ဆိုရင်တော့  ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဖို့လိုနေပြီလို့ အကြံပေးချင်ပါတယ်။

(၁၀) လုပ်ဖော်ကိုင်ဖက်အကြောင်းကိုအတင်းအဖျင်းပြောတာ

အတင်းအဖျင်းပြောတာကလဲ လူတစ်ယောက်ရဲ့ပြင်ရခက်တဲ့အကျင့်ဗီဇလို့ပဲပြောရမလားပါပဲ။ ယောက်ျားမိန်းမမရွေး ပြောကျင့်ရှိတဲ့သူက အမြဲပြောဆိုတတ်တာမျိုးပါ။ ဒါပေမယ့်သင်ဟာ လုပ်ငန်းခွင်ထဲမှာ မကောင်းသတင်းတွေ သယ်ယူပို့ဆောင်နေမယ်ဆိုရင် Professional ကျကျအလုပ်လုပ်တတ်သူတစ်ယောက်ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ 

(၁၁) ကိုယ်စိတ်ကြိုက်ပေးထားတဲ့ Nickname ​တွေအသုံးပြုတာ

အိမ်ကညီမလေးကစိတ်ခဏခဏကောက်တတ်လို့ ချစ်စနိုးနဲ့ကောက်ကောက်လို့ခေါ်တာသင့်အတွက်ပြသနာ မဟုတ်ပါဘူး။ ဒါပေမယ့်အလုပ်ထဲမှာတော့ သူတပါးကခွင့်ပြုပြီးကိုယ်တိုင်ခေါ်ခိုင်းတာမျိုးမဟုတ်ဘဲ နာမည်ရင်းမဟုတ်တဲ့ Nickname တွေသွားခေါ်တာမျိုးကသင့်ကို တခြားသူရဲ့မျက်မုန်းကျိုးခြင်းကိုပဲခံရနိုင်ပါတယ်။ မိန်းကလေးအချင်းချင်းပဲ ဆိုပြီးတော့ ချစ်လေးတို့သဲလေးတို့ လဲမခေါ်သင့်ပါဘူး။ တချို့ကအဲ့လိုအသုံးအနှုန်းမျိုးကိုမုန်းတာမို့အလွန်ပဲ စိတ်မသက်မသာဖြစ်စေပါတယ်။

Wink Wink

sponsored