အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်တဲ့ အရာများ

shutterstock/   BigmanKn
Sponsored

ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်က အားလုံးထက် အလှပိုနေတတ်တာကိုတော့ ငြင်းလို့မရပါဘူးနော်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ တကယ့်ကို အရေးပါတဲ့ အရာတွေကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်က ဘာတွေကို ပုံမှန် ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။

ရင်သား

shutterstock/BigmanKn

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်ပွါးမှုအများဆုံး ကင်ဆာဖြစ်တဲ့အတွက် မပေါ့လျော့သင့်ပါဘူး။ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွါးမှုဟာ 13% ရှိတယ်လို့ သိရပါတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်ဟာ ရင်သား ပုံမှန်စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ချို့ နားလည်တဲ့ သူတွေကတော့ အိမ်မှာ ကိုယ်တိုင် စမ်းသပ်လို့ရသလို ဆရာဝန်နဲ့လည်း တိုင်ပင်ဆွေးနွေးမှု ပြုလုပ်နိုင်ပါတယ်နော်။

အသားအရေ

shutterstock/ dean bertoncelj
Sponsored

နောက်ထပ် စစ်ဆေးမှုခံယူသင့်တဲ့အရာက အသားအရေပဲ ဖြစ်ပါတယ်။ အရေပြား ကင်ဆာတွေ မဖြစ်အောင်၊ မှိုတွေ၊ အသားအရေ ဖျော့တော့မှုတွေနဲ့ အရေပြားမှာ ရှိတဲ့ အမွှေးအမျှင်တွေကနေတစ်ဆင့် ဆိုးဝါးတဲ့ ရောဂါတွေ မဖြစ်အောင်လို့ ပုံမှန် စစ်ဆေးမှု ခံယူသင့်ပါတယ်နော်။ ဒါကတော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ ပိုကောင်းပါတယ်

READ
ဗီဒီယိုရိုက်နေတုန်း HyunA တို့စုံတွဲရဲ့လုပ်ရပ်ကြောင့် အံ့သြနပမ်းဖြစ်သွားခဲ့တဲ့ Jessi

ခံတွင်းကျန်းမာရေး

shutterstock/ Pressmaster

လူတစ်ယောက်မှာ ခံတွင်းကျန်းမာရေး ဆိုတာကလည်း အရေးကြီးတာဖြစ်လို့ ပုံမှန်စစ်ဆေးမှု ခံယူသင့်တဲ့ အရာပါ။ ကိုယ့်ရဲ့ သွားလေးတွေ ခိုင်မာနေဖို့၊ ခံတွင်းကျန်းမာရေး ကောင်းမွန်ဖို့အတွက် သွားဆေးခန်းမှာ ပုံမှန် စစ်ဆေးမှု ခံယူသင့်ပါတယ်။

လက်သည်းတွေ

လက်သည်း အရောင်ကနေတစ်ဆင့်လည်း သင့်ရဲ့ ကျန်းမာရေးကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်သည်းအရောင်ကို သတိထားစစ်ဆေးကြည့်သင့်တာပါ။ ဒါက ကိုယ်တိုင်စစ်ဆေးမှု ပြုလုပ်နိုင်ပြီး လက်သည်းတွေ ညိုနေတာ၊ အဝါရောင် သမ်းနေတာတွေက ဆဲလ်တွေပျက်စီးနေတယ်ဆိုတာ ဖော်ပြသလို လက်သည်းခွံတွေ အရောင်ဖျော့တော့နေတာက ဗီတာမင် ချို့ယွင်းတာတွေ ဖြစ်တတ်ပါတယ်။

မျက်လုံး

shutterstock/ Stocked House Studio

လူတစ်ယောက်ရဲ့ အရေးအကြီးဆုံးနဲ့ အနူးညံဆုံး အစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးတွေကိုလည်း ပုံမှန် စစ်ဆေးမှု ခံယူသင့်ပါတယ်။ တစ်ချိန်လုံး ဖုန်းတွေ၊ ကွန်ပျူတာတွေကြောင့် အမြင်အာရုံထိခိုက်မှုတွေ၊ အရွယ်မတိုင်ခင် အမြင်အားနည်းတာတွေ မဖြစ်အောင် ပုံမှန်လေး စစ်ဆေးမှု ခံယူသင့်တဲ့ အရာပါနော်။

READ
လွမ်းကျန်ရစ်ခဲ့တဲ့ သူတွေကို အားနာပါတယ်လို့ပြောလိုက်တဲ့ ခရီးသွားနေသူလေး ခင်ဝင့်ဝါ

Khin

sponsored