နေရာမှာထိုင်နေရင်းနဲ့ပြုလုပ်ပေးနိုင်မယ့် အလွယ်ဆုံးဝမ်းဗိုက်အဆီချလေ့ကျင့်ခန်း(၄)မျိုး

Sponsored

အထိုင်များလို့ပဲဖြစ်ဖြစ်၊ အဆီတက်စေတဲ့အစားအစာတွေ အစားများလို့ပဲဖြစ်ဖြစ် ၀မ်းဗိုက်မှာအဆီတွေစုလာနေတယ်။ ဒါပေမယ့် အဆီတွေ ဘယ်လိုချရမလဲမသိ၊ အဆီချလေ့ကျင့်ခန်းတွေလုပ်ဖို့လည်းအချိန်မရှိဖြစ်နေတယ်ဆိုရင် အခုဖော်ပြမယ့် ထိုင်ခုံမှာထိုင်နေရင်းလုပ်လို့ရမယ့် ၀မ်းဗိုက်အဆီချလေ့ကျင့်ခန်းလေးတွေကို လုပ်ကြည့်လိုက်ပါ ။ အမှန်တကယ်ထိရောက်တာကြောင့် အချိန်တိုအတွင်းမှာ ဗိုက်ကအဆီတွေကျေပျက်သွားပြီး ကျစ်လစ်သွားမှာမို့ ဒီနေ့ပဲစလုပ်တော့နော်။

လေ့ကျင့်ခန်း (၁)

pinterest

ထိုင်ခုံနောက်မှီနဲ့ကျောနဲ့ထိပြီး မတ်မတ်ထိုင်ပါ။ ဘယ်ဘက်ခြေထောက်ကို ကြမ်းပြင်နဲ့အပြိုင်ဖြစ်အောင် ဆန့်တန်းပြီး အောက်ပြန်ချပါ၊ ညာဘက်ခြေထောက်ကို ပြန်ဆန့်ပြီး ပြန်ချပါ။ အဲ့ဒီလို ဘယ်ညာတလှည့်စီ အကြိမ် ၃၀ လုပ်ပါ။

လေ့ကျင့်ခန်း (၂)

pinterest
Sponsored

ထိုင်ခုံအစွန်လေးမှာ ကိုယ်ကိုမတ်မတ်ထိုင်ပြီး ခါးကို ဘယ်ဘက်လှည့်ကာ အရှေ့တည့်တည့်ပြန်နေပါ၊ ညာဘက်ကိုလည်း လှည့်ပြီး အရှေ့တည့်တည့်ပြန်နေပါ။ အဲ့ဒါကို အကြိမ် (၄၀) လုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

pinterest

ထိုင်ခုံအစွန်းနားလေးမှာ ခါးကိုမတ်မတ်ထားပြီးထိုင်ပါ။ လက်နှစ်ဖက်က ထိုင်ခုံကိုကိုင်ထားပြီး ခြေဖျားနှစ်ဖက်ကို ထောက်ထားပါ။ ခြေထောက်နှစ်ဖက်ကိုပူးထားပြီး ဒူးကို ရင်ဘတ်ဘက်ကို မြှောက်လိုက်ပြီး နဂိုအတိုင်းပြန်ချပါ။ အဲ့ဒါကို အကြိမ် ၄၀ လုပ်ပေးပါ။

READ
စိတ်တိုတတ်တဲ့ ချစ်သူနဲ့အဆင်ပြေအောင် ဘယ်လိုနေရမလဲ သိချင်ရင် ဖတ်ကြည့်လိုက်နော်

လေ့ကျင့်ခန်း (၄)

pinterest

ထိုင်ခုံအစွန်မှာ ခါးကိုမတ်မတ်ထားပြီး ၊ ခြေထောက်တစ်ဖက်ကို ဆန့်ထားကာ ခြေထောက်တစ်ဖက်ကို ထောင့်မှန်ပုံစံ ကွေးထားပါ။ လက်နှစ်ဖက်ကို ဘေးဘက်ကိုဆန့်ထားပြီး ကွေးထားတဲ့ခြေထောက်ကို လှမ်းထိပါ။ ဘယ်ညာ တလှည့်စီ အကြိမ် ၃၀ လုပ်ပါ။

MAY THAZINHTOO

sponsored