ခန္ဓာကိုယ်က လှုပ်ရှားနေမှ ပိုကျန်းမာတာဖြစ်ပြီး မလှုပ်ရှားဖြစ်တဲ့ ခန္ဓာကိုယ်ကတော့ လေးလံထိုင်းမှိုင်းပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်စေပါဘူး။ ဒီတော့ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းတဲ့သူတွေနဲ့ အချိန်မပေးနိုင်တဲ့အတွက် လွယ်လွယ်ကူကူပဲ အိပ်ယာပေါ်မှာ အချိန်ခဏလေးနဲ့ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Ice cream

ဒီ ice cream ပုံလေ့ကျင့်ခန်းလေးကတော့ ပက်လက်အနေအထား လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို ဆန့်ထားပေးရမှာပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ခေါင်းရဲ့ အထက် ဘေးဘက်မှာ ဆန့်တန်းထားပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ညောင်းညာခြင်းတွေ ice cream အရည်ပျော်သလို ပျော်ကျသွားမှာဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ထိရောက်တဲ့ လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။
Stretching 1

ခန္ဓာကိုယ်ကို ပက်လက်အနေအထားအတိုင်း ဖြောင့်စင်းစွာ လှဲလျောင်းပေးရမှာ ဖြစ်ပါတယ်။ လက်ချောင်းတွေ တစ်ဘက်နဲ့တစ်ဘက် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လက်ကို စောစောကလို ခေါင်းရဲ့ အထက် ဘေးဘက်နားမှာ ထားပေးရမှာပါ။ ခြေထောက်တွေက အောက်ကို တွန်းကန်ထားတဲ့ ပုံစံဖြစ်နေရမှာဖြစ်ပြီး ခြေဖနောင့်တွေက ကြမ်းပြင်နဲ့ ထိနေရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လက်မောင်းတွေကို ဖြည်းဖြည်းချင်း အောက်ချပြီး ခြေထောက်တွေကို အောက်ဘက်ကို တွန်ကန်သလို လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
Stretching 2

နောက်ထပ် နည်းလမ်းတစ်ခုက ညာဘက်ခြေထောက်ကို ဆန့်တန်းထားပြီး ဘယ်ဘက်လက်ကိုလည်း အပေါ်ကို ဆန့်တန်းထားလိုက်ပါ။ ပြီးရင်တော့ ဘယ်ဘက်ခြေထောက်ကို ကွေးနိုင်သလောက် ကွေးပြီး ခေါင်းကို ဆန့်တန်းထားတဲ့ လက်ဘက်ကို ဖြည်းဖြည်းချင်း စောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး တစ်ခြားတစ်ဘက်ကိုလည်း လုပ်ပေးရမှာပါနော်။
Crocodile

ပက်လက်အနေအထား လှဲအိပ်ပြီး ဒူးတွေကို ကွေးပြီး ထောင်ထားလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးဘက်တွေမှာ ဖြောင့်တန်းနေအောင် ဆန့်တန်းထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကွေးထားတဲ့ ခြေထောက်က ဘယ်ဘက်ကို စောင်းသွားတဲ့အချိန်မှာ ခေါင်းက ညာဘက်ကို တစ်ပြိုင်တည်း စောင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် တစ်ခြားတစ်ဘက်ကို အဲဒီ့အတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေက အညောင်းအညာပြေပြီး အိပ်ရာပေါ်မှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်နော်။
Khin