ကိုယ်ဝန်ဆောင်နေချိန်တွင် ချောကလက်များများစားပေးခြင်းက ကလေးရောမိခင်ပါပိုမိုကျန်းမာနိုင်

Sponsored

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ့်မှာကလေးလေးရှိလာပြီဆိုတာ သိလိုက်တဲ့အချိန်ကစလို့ မီးဖွားချိန်အထိ ကိုယ့်ကျန်းမာရေးနဲ့ကလေးကျန်းမာဖို့အတွက် စဉ်းစားပြီး အစားအသောက်၊အနေအထိုင်အားလုံးဆင်ခြင်ရပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့်တဲ့အစားအစာ၊ရှောင်သင့်တဲ့အစားအစာတွေကို ထုတ်ပြန်ထားပြီး မိခင်လောင်းတစ်ယောက်အနေနဲ့ ကိုယ်ဝန်စရှိချိန်ကစပြီး နေ့စဉ်ချောကလက်စားပေးခြင်းက ကလေးကြီးထွားမှုအတွက် အထောက်အကူဖြစ်စေရုံမက မိခင်မှကလေးထံ သွေးစီးဆင်းမှုလည်း ကောင်းမွန်စေတယ်ဆိုတာကို တရားဝင်ပြောဆိုထားပါတယ်။

shutterstock
Sponsored

ချောကလက်မှာ flavanol ဒြပ်ပေါင်းတွေပါဝင်တာကြောင့် ကိုယ်ဝန်လရင့်ချိန်မှာသန္ဓေသားပျက်ကျခြင်းမဖြစ်အောင် တားဆီးပေးပြီး ကိုယ်ဝန်ဆောင်နေချိန် သွေးဖိအားနည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးတာကြောင့် မိခင်ကျန်းမာရေးအတွက် အထူးအထောက်အကူဖြစ်စေပါတယ်။

shutterstock

ကိုယ်ဝန်ဆောင်ချိန် ၁၁ ပတ်နဲ့ ၁၄ ပတ်ကြားရှိတဲ့ အမျိုးသမီး ၁၂၉ ယောက်ကို အုပ်စုနှစ်စုခွဲပြီး flavanol များများပါဝင်တဲ့ချောကလက်နဲ့ ပမာဏနည်းနည်းပါတဲ့ ချောကလက်ကို နေ့တိုင်းစားစေပြီး ကလေးမွေးဖွားချိန်မှာ ကလေးရဲ့ကျန်းမာရေးအခြေအနေကိုယှဉ်ကြည့်ခဲ့ပါတယ်။ အဲ့ဒီမှာ flavanol  များများစားသုံးခဲ့သူတွေရဲ့ ကလေးတွေက ပိုထွားကျိုင်းသန်မာပြီး ဖျားနာတာတွေ၊ ကျန်းမာရေးပြဿနာတွေ ပိုနည်းတာကိုတွေ့ခဲ့ရပြီး မီးဖွားပြီးနောက် မိခင်ကျန်းမာရေးလည်းပိုကောင်းတာတွေ့ခဲ့ရပါတယ်။

shutterstock

ဒါကိုကြည့်ခြင်းအားဖြင့် ချောကလက်က သန္ဓေသားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အထောက်အပံ့အများကြီးဖြစ်စေပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နေ့တိုင်းစားသင့်တဲ့အစားအစာထဲမှာ ပါဝင်ပါတယ်လို့ သုတေသနပညာရှင် Emmanuel Bujold က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

READ
ချောကလက်ကိတ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်းကောင်း

Source – www.kidspot

MAY THAZINHTOO

sponsored