မျက်ခုံးပုံစံက ပြောပြနေတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်များ

Photo by Jan Krnc from Pexels
Sponsored

လူတစ်ယောက်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကနေ တစ်ဆင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို အကြမ်းဖျင်း သိရှိလို့ရပါတယ်။ ခုလည်း လူတွေရဲ့ မျက်ခုံးပုံစံကနေတစ်ဆင့် သိနိုင်မယ့် သူတို့အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူ (၁၀) ယောက်မှာ (၈) ယောက်လောက်အထိ မှန်နေတာကြောင့် သိထားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

(၁) ရိုးရိုးမျက်ခုံးပုံစံ

emily/pixabay

ဒီလို မျက်ခုံးပုံစံရှိတဲ့သူတွေဟာ အေးအေးဆေးဆေးနဲ့ ရိုးရိုးသာမန်ဘဝကို ဖြတ်သန်းချင်သူတွေပါ။ အပိုတွေ လုပ်ရတာကို မကြိုက်သလို ဖော်ရွေပြီး ခင်မင်စရာကောင်းတဲ့ သူတွေမို့ သူငယ်ချင်းအပေါင်းအသင်းများသူပါ။

(၂) ရှည်လျားတဲ့မျက်ခုံးပုံစံ

Victoria Beckham’s IG
Sponsored

သင့်မျက်ခုံးဟာ သာမန်လူတွေထက် ပိုရှည်နေတယ်ဆိုရင် သင်ဟာ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေကို တည်ငြိမ်စွာကျော်ဖြတ်နိုင်သူ၊ စိတ်ဓာတ်ခိုင်မာသူပါ။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်ပြီး တစ်ခုခုကို ဝါသနာပါပြီ၊ စိတ်ဝင်စားပြီဆိုရင် ရေကုန်ရေခမ်း လိုက်စားမယ့်၊ ရူးသွပ်စွာ ကြိုးစားမယ့်သူတစ်ယောက် ဖြစ်ပါတယ်။

READ
ချစ်သူမျက်လုံးပြူးသွားရလောက်အောင် အစကြမ်းခဲ့တဲ့ အမျိုးသား

(၃) တိုတဲ့မျက်ခုံးပုံစံ

elamo/pinterest

ဒီလို မျက်ခုံးမွှေးပုံစံရှိတဲ့သူတွေဟာ အေးအေးဆေးဆေး နေချင်သူတွေဖြစ်ပြီး သူတစ်ပါးရဲ့ အပူအပင်နဲ့ ပြဿနာတွေကို နားမထောင်ချင်တဲ့ သူမျိုးတွေပါ။ အပူပင်ကင်းကင်း နေချင်တဲ့သူတွေပီပီ တစ်ယောက်တည်း နေတာများသလို အပေါင်းအသင်းလည်း နည်းပါတယ်။

(၄) မျက်ခုံးထူတဲ့ပုံစံ

pixelbrush/pexels

မျက်ခုံမွှေးထူတဲ့ သူတွေဟာ သူတို့ကို သူတို့ ယုံကြည်မှုအပြည့်ရှိသလို၊ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဆွဲဆောင်မှုရှိတယ်ဆိုတာ သူတို့ကို သူတို့ ကောင်းကောင်းသိပါတယ်။ သူများ မြှောက်ပင့်တိုင်းလည်း မြောက်သွားမယ့်သူတွေ မဟုတ်ပါဘူး။ လွတ်လပ်စွာ နေချင်သူတွေဖြစ်ပြီး သူတစ်ပါးရဲ့ အထင်အမြင်တွေကို ဂရုစိုက်နေမယ့်သူတွေ မဟုတ်ပါဘူး။

(၅) ပါးတဲ့မျက်ခုံးပုံစံ

Rihanna’s IG

မျက်ခုံးမွှေးပါးပြီး သေးမျှင်တဲ့ ပုံစံရှိသူတွေဟာ သူတစ်ပါးပြောတဲ့စကားတွေ၊ သူတစ်ပါးရဲ့ရင်ဖွင့်သံတွေကို သေသေချာချာ နားထောင်ပေးတတ်တဲ့သူတွေပါ။ လူရှေ့မှာထင်ပေါ်နေရတာတွေကို မကြိုက်သလို၊ လူတွေရဲ့ မြှောက်ပင့်ပြောဆိုမှုတွေမှာ လွယ်လွယ်နဲ့ သာယာမယ့်သူတွေ မဟုတ်ပါဘူး။

READ
သင်ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာကို သင့်ရွေးချယ်မှုတွေကနေတစ်ဆင့် မှန်အောင်ပြောပြမယ်...
Em Em
sponsored