ဝက်ခြံရှိပြီး ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးမယ့် homemade face mask

shutterstock/ ETgohome
Sponsored

မျက်နှာအသားအရေလေး ကောင်းမွန်နေဖို့ဆိုတာတာ ဝက်ခြံကင်းပြီး၊ ကြည်လင်တဲ့ အသားအရေလေး ဖြစ်နေရမယ်။ ပျက်စီးနေတဲ့ မျက်နှာအသားအရေးက ဝက်ခြံပိုဖြစ်လွယ်သလို ထိခိုက်လွယ်ပါတယ်နော်။ ဒီတော့ ဝက်ခြံရှိပြီး ပျက်စီးနေတဲ့ အသားအရေကို ပြန်ကောင်းလာစေမယ့် အိမ်မှာပဲ အလွယ်တကူ လုပ်ပြီးသုံးလို့ရတဲ့ homemade face mask လေးကို ဝေမျှပေးလိုက်ပါတယ်။

Turmeric and honey face mask

shutterstock/ Joe Besure

နနွင်းမှုန့်မှာ သဘာဝ ပိုးသန့််စင်ပေးတဲ့ အစွမ်းပါဝင်တဲ့အတွက်ကြောင့် ဟင်းချက်တဲ့ နေရာမှာ အသုံးပြုရုံမက အလှအပအတွက်လည်း တကယ့်ကို အသုံးဝင်ပါတယ်နော်။ ပျားရည်ကတော့ အသားအရေကို အစိုဓာတ်ပြည့်ဝစေပြီး ချောမွေ့စေပါတယ်။ ပါဝင်ပစ္စည်း နှစ်ခုကို ရောနှောလိုက်ပြီး ရလာတဲ့ အရောအနှောကို မျက်နှာပေါ်မှာ ဆယ်မိနစ်လောက်ထားပြီး ရေနဲ့ဆေးချပေးရမှာပါ။ ဒါက ဝက်ခြံတွေကို သက်သာစေပြီး မျက်နှာအသားအရေလေးကို ကောင်းမွန်လာစေမှာပါနော်။

READ
သစ်ကြမ်းပိုးမှုန့်ကိုအသားအရေအတွက်သုံးနိုင်မယ့် နည်းလမ်းကောင်း(၅)မျိုး

Aloe vera and matcha face mask

Sponsored

ရှားစောင်းလက်ပတ်က အသားအရေကို ချောမွေ့စေပြီး ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိပါတယ်။ Matcha အမှုန့်ကတော့ ရောင်ရမ်းခြင်းတွေကို လျော့ကျနိုင်စွမ်း ရှိပါတယ်နော်။ ဒီနှစ်ခုကို ရောနှောပြီး အသုံးပြုခြင်းက ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ အသားအရေအတွက် အထူးကောင်းမွန်စေပါတယ်။ ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို matcha မှုန့်  လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောနှောပြီး ရေခဲသေတ္တာထဲမှာ နှစ်မိနစ်လောက် ထည့်ထားလိုက်ပါ။ ပြီးသွားရင်တော့ မျက်နှာမှာ လိမ်းပြီး ဆယ်ငါးမိနစ်ခန့်ထားပြီးရင်တော့ မျက်နှာသစ်လို့ရပါပြီ။ မျက်နှာသစ်ပြီးသွားရင်တော့ moisturizer လေး လိမ်းပေးဖို့ လိုအပ်ပါတယ်။

Avocado and honey face mask

shutterstock/ ETgohome

ထောပတ်သီးက ဓာတ်မတည့်ဖြစ်ခြင်းကို သက်သာစေတဲ့အပြင် အသားအရေကို အစိုဓာတ်ပြည့်ဝပြီး ချောမွေ့စေပါတယ်။ ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောနှောပြီး မျက်နှာပေါ်လိမ်းပေးခြင်းက အသားအရေလေးကို စိုပြေပြီး ဖြူဝင်းလာစေမှာပါနော်။ မျက်နှာပေါ်မှာ ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်ခန့်လောက် လိမ်းပြီးရင်တော့ ပုံမှန်မျက်နှာသစ်နေကျအတိုင်း သစ်ပေးလိုက်ပါ။

READ
သင်္ကြန်အပြီး အရောင်ဆိုးထားတဲ့ဆံပင်ကို ပိုကောင်းသွားအောင် ထိန်းသိမ်းနည်း

Honey, baking soda and lemon face mask

မုန့်ဖုန်ဆိုဒါက အညစ်အကြေးတွေကို သန့်စင်ပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။ သံပုရိုသီးကတော့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပြီး ပျားရည်က အစိုဓာတ်ကို ပြန်လည်ဖြည့်ပေးပါတယ်။ ဒီတော့ ပါဝင်ပစ္စည်းတွေကို အားလုံးရောနှောပြီး မျက်နှာပေါ်မှာ ဆယ်မိနစ်လောက် ထားပြီးရင်တော့ မျက်နှာသစ်လို့ရပါပြီ။ ဒီလိုလုပ်ပေးခြင်းက ဝက်ခြံတွေကို သက်သာပြီး မျက်နှာလေးကို ဖြူဖြူဖွေးဖွေးလေး ဖြစ်စေမှာပါနော်။

Khin

sponsored