My Dangerous Wife ထဲက သရုပ်ဆောင်(၃)ယောက်ရဲ့ အကြောင်း

Image:IG/celes & MBN
Sponsored

My Dangerous Wife  ကတော့ ၂၀၂၀ အတွင်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ကိုရီးယား ဒရမ်မာ ဇာတ်ကား ကောင်းတွေ ထဲက တစ်ခုပါ။၂၀၂၀ အောက်တိုဘာ ၅ ရက်နေ့ တည်းက MBN မှာ စတင် ပြသခဲ့တာပါ။ ဒီဇာတ်ကားက တော့ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ ဂျပန် စီးရီး Boku no Yabai Tsuma ကို ကိုရီးယား ဗားရှင်းနဲ့ ပြန်လည် ရိုက်ကူးထားတာပါ။ဒီဇာတ်ကားမှာတော့ Kim Jung-eun, Choi Won-young နဲ့ Choi Yu-hwa တို့ ပါဝင်ထားကြပါတယ်။

Sponsored

အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ဇာတ်ကားဆိုပေမယ့် တခြား အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ဇာတ်ကား မျိုး နဲ့ လုံးဝ မတူပဲ ကွဲ ထွက် နေပါတယ်။ဇာတ်လမ်းရဲ့ အလှည့်အ ပြောင်း အချိုး အကွေ့ တွေ အ ရမ်း များ လွန်း ပြီး ရှေ့ ဘာဖြစ်မယ်ဆိုတာကို ခန့်မှန်းရ ခက်တဲ့ ဇာတ်ကားမျိုး မို့ မကြည့်ရ သေးရင် တော့ သေချာ ပေါက် ကြည့် သင့်တဲ့ ဇာတ်ကား ကောင်းပါ။အပိုင်း ၁၆ ပိုင်း ပါဝင်ပြီး လက်ရှိ အချိန် ထိက တော့ ၁၄ ထိ ပြသ ပြီး ပြီမို့ ဇာတ်သိမ်း တော့မှာပါ။ဇာတ်ကားထဲမှာ ပါ တဲ့ သရုပ်ဆောင် ၃ ယောက်ရဲ့ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။

Kim Jung-eun


Kim Jung-eun က တော့ ဒီကားထဲမှာ Shim Jae-kyung နေရာ က နေ ပါဝင်ထားတာပါ။ Kim Jung-eun က တော့ ၁၉၇၆ ခုနှစ် မတ် ၄ မှာ မွေးပြီး အသက်က တော့ ၄၄ နှစ်ရှိနေပါပြီ။၁၉၉၅ တည်းက အနုပညာ လောကထဲ ကို စတင် ၀င်ရောက်ခဲ့တာပါ။ရုပ်ရှင်ကား အနေနဲ့ ဆိုရင်တော့ Marrying the Mafia (2002) ဇာတ်ကား ထဲမှာ ပါဝင် ခဲ့ဖူးပါတယ်။

စီးရီး အနေနဲ့ ဆိုရင်တော့ Lovers in Paris (2004), I Am Legend (2010) ၊Make a Woman Cry ဆိုတဲ့ ဇာတ်ကားတွေ  ရိုက်ကူးခဲ့ဖူးပါတယ်။ All About Eve ဆိုတဲ့ ဇာတ်ကား မှာလည်း ဇာတ်ပို့ နေရာ က နေ ပါဝင်ခဲ့ဖူးပါတယ်။၂၀၀၈ တုန်းက SBS မှာ သူမရဲ့ ကိုယ်ပိုင် music talk show Kim Jung-eun’s Chocolate မှာ Host အဖြစ် နဲ့ တာဝန်ယူ ပေးခဲ့ဖူးပါတယ်။

Choi Won-young

 

View this post on Instagram

 

A post shared by 최 원 영 (@choiwonyoung76)


Choi Won-young  က တော့ ဒီဇာတ်ကားမှာ Kim Yoon-chul  ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင်ထားပါတယ်။အသက် ၄၄ နှစ်ပါ။မင်းသမီး Shim Yi Young နဲ့ ၂၀၁၄ တုန်းက လက်ထပ် ခဲ့ပါတယ်။၂၀၀၂ တုန်းက Sex Is Zero ဆိုတဲ့ ဇာတ်ကားနဲ့ သရုပ်ဆောင် လောကထဲ ကို ၀င် ရောက်လာခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ ရုပ်ရှင်ရော TV စီးရီးတွေ ပါ ရိုက်ကူးခဲ့တာပါ။While You Were Sleeping ၊ A Hundred Year Legacy, Your Time Is Up တို့ မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by Choi Yu-hwa (@choiyuhwa)

Choi က တော့ မင်းသမီး Shim Yi-young နဲ့ ၂၀၁၄ ဖေဖော်ဝါရီ ၂၈ မှာ လက်ထပ်ခဲ့ပါတယ်။သူတို့နှစ်ယောက် တော့ 2013 TV series A Hundred Year Legacy ရိုက်ကူးရေးမှာ တွေ့ဆုံ ခဲ့ကြတာပါ။ပထမ ကလေး သမီးလေးကို တော့ ၂၀၁၄ ဇွန်မှာ မွေးခဲ့ပါတယ်။ဒုတိယ သမီးလေးကိုတော့ ၂၀၁၇ ဇွန်မှာ မွေးခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 최 원 영 (@choiwonyoung76)

Choi Yu-hwa

 

View this post on Instagram

 

A post shared by Choi Yu-hwa (@choiyuhwa)


Choi Yu-hwa က တော့ ဒီဇာတ်ကားမှာ Jin Sun-mi ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင်ထား ပါတယ်။ အသက် ၃၅ နှစ်ပါ။၂၀၀၅ တုန်းက CeCi’s Model Contest မှာ Fashion Model Award ဆု ရခဲ့ပြီးနောက် အနုပညာလောကထဲ ၀င်လာခဲ့တာပါ။သရုပ်ဆောင်လောကထဲကိုတော့ “The Great Gye Choon-bin” နဲ့ စတင် ၀င်လာခဲ့ပြီး My Princess (2011) က တော့ သူမကို နာမည်ကြီးစေခဲ့ပါတယ်။လီကွမ်ဆူ ပါ ပါဝင်ထားတဲ့ Tazza: One Eyed Jack ဆိုတဲ့ ရုပ်ရှင်ကားမှာ လည်း ပါဝင် ခဲ့ဖူးပါတယ်။စီးရီး အနေနဲ့ ဆိုရင် တော့ Suits ၊ Mistress ၊ Life ၊ Class of Lies တို့မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by Choi Yu-hwa (@choiyuhwa)

#AUNTYMAY(ref:wiki)

sponsored