ချစ်စရာ အရမ်းကောင်းတဲ့ ကောင်မလေးတွေကို လူအများ နှစ်သက်တာ ဒါတွေကြောင့်ပါ …

lookstudio/Freepik
Sponsored

မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး ပုံပမာ ပြတဲ့ စကားလုံးတွေက သိပ်ကို များပါတယ်။ မြန်မာဆန်တာ၊ ကလက်တက်တက် ဖြစ်တာ၊ ခက်ထန်တာ၊ မာနကြီးတာ၊ နူးညံ့သိမ်မွေ့တာ၊ ရိုးအတာ စသဖြင့် မိန်းကလေးတွေရဲ့ ပုံစံကို ပြောဆိုကြလေ့ ရှိပါတယ်။ ဒီလိုမိန်းကလေးတွေ အများကြီးထဲမှာ ချစ်ဖို့ ကောင်းတယ်ဆိုတဲ့ ကောင်မလေးတွေ ရှိပါတယ်။ ဘယ်သူပဲ ကြည့်ကြည့် သူတို့ကို ချစ်စရာလေးလို့ ပြောခံရတတ်တဲ့ ကောင်မလေးတွေကတော့ ဒီလိုအချက်တွေ အများဆုံး ပိုင်ဆိုင်ထားတတ်ကြပါတယ်။

ရိုးရှင်းတယ်

Sponsored

ဒီလိုကောင်မလေးတွေကို ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး နေတတ်ကြပါတယ်။ စိတ်လည်း ရိုးရှင်းသလို လူလည်း ရိုးရိုးရှင်းရှင်း နေတတ်ကြပါတယ်။ ဒီအချက်ကြောင့် သူတို့နဲ့ သိတဲ့အခါ ရှုပ်ထွေးနေတယ်ဆိုတဲ့ ခံစားမှုမျိုးမရဘဲ ကိုယ့်ကိုပါ စိတ်ကြည်နေစေတာ ဖြစ်ပါတယ်။ သူတို့ကို ကြည့်လိုက်ရင်လည်း ချစ်စရာပုံစံလေးအတိုင်းပဲ တွေ့ရတတ်ပါတယ်။

READ
ဉာဏ်ရည်မြင့်ပြီးစိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့သူတွေ ဘယ်တော့မှမလုပ်တဲ့ အပြုအမူ (၇)မျိုး
jcomp/Freepik

နှစ်လိုဖွယ် ရှိတယ်

သူတို့တွေက မျက်နှာထားက သူများ အမြင်ကပ်စရာဆိုတဲ့ မျက်နှာထားမျိုး မဟုတ်ကြပါဘူး။ မျက်နှာချိုတယ်လို့ ပြောရလောက်အောင်ကို သူတို့ရဲ့ စိတ်ထားက မျက်နှာကို လာဟပ်နေတတ်သလို သူတို့ရဲ့ အပြုအမူတွေကလည်း ဟန်ဆောင်နေတယ်လို့ မခံစားရစေပါတယ်။ သူတို့ရဲ့ ရုပ်ရည်အပြင် အပြုအမူတွေက သူတို့ကို ပိုပြီး ချစ်ဖို့ကောင်းစေတာ ဖြစ်ပါတယ်။

comzeal/Freepik

မျက်နှာကြည်တယ်

ချစ်စရာလေးလို့ ပြောရလောက်တဲ့ ကောင်မလေးတွေကို ကြည့်ရင် မျက်နှာလေးက ကြည်ကြည်လင်လင်လေး ရှိနေတတ်ပါတယ်။ ပြောရရင် သူများတွေ မပြောနဲ့ ကိုယ့်ရုပ်ကို ကိုယ် မှန်ထဲမှာ ကြည့်ရင်တောင် စိတ်ချမ်းသာရတဲ့ မျက်နှာမျိုး ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ စိတ်ထားကလည်း မကောင်းဘူးဆိုတဲ့သူမျိုး မဟုတ်ကြတာကြောင့် သူတို့က မျက်နှာက ကြည်လင်နေတတ်တာ ဖြစ်ပါတယ်။

kitthanes/Freepik

အပြုအမူတွေက ကလေးဆန်တယ်

READ
ကျရှုံးမှုတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အကောင်းဆုံး ကျော်ဖြတ်နည်း (၅) ခု

ချစ်စရာကောင်းတယ်ဆိုတဲ့ ကောင်မလေးတွေမှာ ကလေးဆန်တဲ့ ချစ်စဖွယ်ပုံစံမျိုးတွေ ရှိနေတတ်ပါတယ်။ လူကြီးတွေ ဖြစ်လာတဲ့ သူအများစု မလုပ်ရဲတဲ့ ကစားကွင်းမှာ ပတ်ဆော့နေတာမျိုး၊ ကလေးတွေနဲ့ ဆော့တာမျိုး၊ ကလေးတွေမှ လုပ်တတ်တဲ့ အပြုအမူပုံစံမျိုးတွေ သူတို့မှာ ရှိနေတတ်ပါတယ်။ ဒါ့အပြင် ချွဲတတ်တာမျိုးကလည်း သူတို့ရဲ့ချစ်ဖို့ ကောင်းနေရခြင်းရဲ့ အကြောင်းအရင်းထဲမှာ ပါပါတယ်။

jcomp/Freepik

မကြာခဏ ရယ်နေတတ်တယ်

သူတို့တွေက ရယ်စရာ၊ မောစရာတွေကိုလည်း သိပ်ကို သဘောကျတတ်ပါတယ်။ ဟာသတွေ ထိုင်ကြည့်ပြီး ရယ်နေတတ်တာမျိုး၊ သူများအမြင်မှာ မရယ်ရပေမယ့် သူတို့က သူတို့အတွေးသူတို့ သဘောကျနေမိတာမျိုး၊ မနေ့က ရယ်ထားတာကို ဒီနေ့ ပြန်စဉ်းစားပြီး ရယ်တာမျိုး၊ မြင်ရတဲ့အရာက မရယ်ရပေမယ့် သူ့ဘာသာ ဆက်စပ်တာကို တွေးမိပြီး ရယ်နေတာမျိုးတွေကို သူတို့မှာ တွေ့ရတတ်ပါသေးတယ်။

Kham

sponsored