စိတ်ထားနူးညံ့လွန်းတဲ့ ကောင်မလေးတွေဆီမှာသာ ရှိနိုင်တဲ့ အချက်များ

Photo by @thiszun (follow me on IG, FB) from Pexels
Sponsored

မိန်းကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ပုံစံမတူစွာ ကွဲပြားတတ်ကြပါတယ်။ မတူတဲ့ စရိုက်တွေနဲ့ လူအမျိုးမျိုးကြားမှာ စိတ်ထားနူးညံ့တဲ့သူတွေလည်း ရှိနေပါတယ်။ စိတ်ထားကောင်းမွန်တဲ့ ကောင်မလေးတွေကလည်း သူများထက် နည်းနည်းလေး ထူးခြားနေတတ်ပါတယ်။ သူတို့မှာတော့ စိတ်ထားနူးညံ့ကြောင်း သိသာစေတဲ့ အခုလို လက္ခဏာရပ်တွေလည်း ပေါ်လွင်နေတတ်ပါတယ်။

(၁) အငိုလွယ်တယ်

Sponsored

စိတ်နုတဲ့သူတွေက မျက်ရည်ကိုလည်း မထိန်းချုပ်နိုင်ပါဘူး။ သူတို့ ဝမ်းနည်းသွားရင် ငိုနေတတ်သလို၊ သူတို့ စိတ်မကောင်း ဖြစ်ရင်၊ တစ်ယောက်ယောက်ကို သနားတဲ့ အခါမျိုးတွေမှာ ငိုမိတတ်ကြပါတယ်။ အငိုလွယ်တတ်လို့ သူတို့ကို လူတွေက သတိထားမိတတ်ကြပါတယ်။ သူတို့ ငိုလေ့ ရှိတဲ့ ပုံကတော့ မငိုဖို့ ထိန်းရင်းနဲ့ မျက်ရည်တွေ စီးကျလာတာမျိုး ဖြစ်ပါတယ်။

drobotdean/Freepik

(၂) စိတ်ထိခိုက်တတ်တယ်

READ
စိတ်ပျော့တဲ့ ကောင်မလေးတွေ မဖြစ်မနေ သိထားရမယ့် အချက်လေးတွေ

လူတိုင်းကတော့ စိတ်ထိခိုက်တတ်ကြတာပါပဲ။ ဒါပေမယ့် သူတို့ကတော့ သူများထက် ပိုလွယ်ပါတယ်။ သူတို့က နှလုံးသား နုတာမို့ သူများထက် ပိုပြီး စိတ်ထိခိုက်တတ်ကြတာပဲ ဖြစ်ပါတယ်။ ကြောင်လေးတွေ သေတာက စလို့ လမ်းဘေးမှာ ကလေးတွေ အဆင်မပြေ ဖြစ်နေတာကို မြင်ရတာအဆုံး ဝမ်းနည်း စိတ်ထိခိုက်လေ့ ရှိပါတယ်။

jcomp/Freepik

(၃) စာနာသနားတတ်တဲ့စိတ် ရှိတယ်

ဒီကောင်မလေးတွေက အသည်းမမာတတ်တဲ့ သူစားမျိုး ဖြစ်ပါတယ်။ သူတို့က ကူညီလို့ ရတဲ့ အခြေအနေ ရှိရင် ကူညီတတ်ကြပါတယ်။ ဘယ်သူ့ကိုမှ နစ်နာအောင် ပြောဆိုတတ်တာမျိုးလည်း မရှိပါဘူး။ မဟုတ်မခံစိတ်မျိုး ရှိပေမယ့်လည်း သူတို့ကတော့ ညာတာတတ်တဲ့ စိတ်ထားလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။

Photo by @thiszun (follow me on IG, FB) from Pexels

(၄) သည်းခံတတ်တယ်

သူတို့ကတော့ သည်းခံစိတ် အပြည့် ရှိသူတွေလည်း ဖြစ်ပါတယ်။ မလိုလားအပ်ဘဲ ရန်ပွားတဲ့ အလုပ်တွေကို မလုပ်တာကောင်းတယ်လို့ ယူဆပြီး သည်းခံသင့်တာကို သည်းခံရမယ်လို့ တွေးထားတတ်ကြပါတယ်။ သည်းခံလိုက်လို့ ပိုအဆင်ပြေသွားတာတွေ ရှိတယ်လို့လည်း လက်ခံထားတတ်ကြပါသေးတယ်။

READ
နေ့စဉ် ဘဝအတွက် အရေးပါလို့ မိန်းကလေးတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ Door Lock ရုပ်ရှင်
Photo by Min An from Pexels

(၅) မျက်နှာကြည်တယ်

စိတ်ထားကောင်းတဲ့သူတွေက မျက်နှာလေးမှာကိုက စိတ်ပုတ်ာမျိုး မပေါ်လွင်နေတတ်ပါဘူး။ မျက်နှာတည်နေရင်တောင်မှ စိတ်ထားဆိုးတဲ့ ပုံစံ မပေါက်ပါဘူး။ သူတို့တွေကတော့ စိတ်ရဲ့ အရောင်ဟပ်နေတာကြောင့် မျက်နှာလေးက အမြဲ ကြည်လင်နေလေ့ ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ ထူးခြားချက်လေး ဖြစ်ပါတယ်။

Kham

sponsored