သင့်ခန္ဓာကိုယ်ကိုအလျင်အမြန်အိုမင်းရင့်ရော်သွားစေနိုင်တဲ့ အကျင့်ဆိုး (၇) မျိုး

shutterstock/Svetography
Sponsored

လူတိုင်းက တစ်နေ့ထက်တစ်နေ့အိုမင်းရင့်ရော်လာပြီး အဖက်ဖက်က ချို့ယွင်းလာနေကြတာပါ။ သင့်အနေနဲ့ အိုမင်းရင့်ရော်မှုတွေကို ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်ပေမယ့် မြန်မြန်ဖြစ်မလာအောင်တော့တားဆီးနိုင်ပါတယ်။ လူတိုင်းသတိထားဆင်ခြင်နိုင်ဖို့ ခန္ဓာကိုယ်ကို အလျင်အမြန်အိုမင်းရင့်ရော်သွားစေနိုင်တဲ့အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အထိုင်များခြင်း

freepik/rawpixel

အထိုင်များခြင်းက ဆေးလိပ်သောက်တာထက်တောင် သင့်ကိုအိုမင်းရင့်ရော်စေပြီး အသက်တိုစေနိုင်ပါတယ်။ ဒါကြောင့် နှစ်နာရီဆက်တိုက်ထိုင်ပြီးတိုင်း ၁၀ မိနစ်လောက်လမ်းထလျှောက်ပေးပါ။

(၂) လေးလံတဲ့နားကပ်တွေဝတ်ဆင်ခြင်း

Sponsored

နားကပ်အလေးကြီးတွေဝတ်တာက နားရွက်ကိုအောက်ကိုတွဲကျစေပြီး သင့်ကို အိုမင်းရင့်ရော်တဲ့ ပုံစံမျိုးဖြစ်စေလို့ နားကပ်အလေးကြီးတွေကို မရွေးချယ်တာ အကောင်းဆုံးပါ။

(၃) အနီရောင်အသားတွေအစားများခြင်း

freepik/Isantilli

အနီရောင်အသားတွေများများစားခြင်းက အသည်းနဲ့ကျောက်ကပ်တွေကိုထိခိုက်ပျက်စီးစေနိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နာတာရှည်ရောဂါဖြစ်ခြင်း၊ ဖျားနာလွယ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) တိုင်ပင်ဖော်သူငယ်ချင်းမရှိခြင်း

ကိုယ့်ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်လို့ရမယ့် တိုးတိုးဖော်သူငယ်ချင်းရှိခြင်းက စိတ်ကိုပေါ့ပါးကြည်လင်စေပြီး စိတ်ဖိစီးမှုတွေလျော့နည်းစေတာကြောင့် လူကိုလည်း လန်းဆန်းနုပျိုစေပါတယ်။ ဒီလို သူငယ်ချင်းမရှိတဲ့အခါ စိတ်ဖိစီးလေးလံမှုတွေပိုများပြီး အိုမင်းရင့်ရော်မှုတွေ မြန်မြန်ဖြစ်စေပါတယ်။

READ
အချစ်ဆုံးသူငယ်ချင်း ရည်းစားရသွားလို့ ၀မ်းနည်းမှုကို ခံစားရတဲ့အခါဒီ(၅)ချက်ကိုလုပ်ပါ

(၅) လေယာဉ်မကြာခဏစီးခြင်း

လေယာဉ်ပေါ်မှာ လေထုစိုထိုင်းဆအလွန်းနည်းခြင်းကြောင့် အသားအရေကိုခြောက်သွေ့စေပါတယ်။ ဒါကြောင့် လေယာဉ် မကြာခဏစီးတဲ့သူတွေက မျက်နှာမှာအရေးအကြောင်းဖြစ်လွယ်တာကြောင့် အစိုဓာတ်ဖြည့်ခရင်မ်ကိုသေချာလိမ်းပေးဖို့လိုပါတယ်။

(၆) ဖြည့်စွက်အားဆေးများသောက်ခြင်း

freepik/whatwolf

ဖြည့်စွက်အားဆေးတွေက ခန္ဓာကိုယ်အတွက်မလိုအပ်တာများပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖြည့်စွက်အားဆေးတွေ များများသောက်မယ်ဆိုရင် အဆိပ်အတောက်ဖြစ်လာပြီး အဲ့ဒါတွေကို အသည်းကမချေဖျက်နိုင်တော့တဲ့အခါ အသားအရေပေါ်မှာ breakout တွေဖြစ်လာပါလိမ့်မယ်။

(၇) ဟော်မုန်းပမာဏစစ်ဆေးမှုမပြုလုပ်ခြင်း

သင့်ရဲ့မျက်နှာအသားအရေက အမြဲတမ်း ညစ်နွမ်းနေတာမျိုး၊ skin care တွေဘယ်လောက်သုံးသုံး အသားအရေ ကြည်လင်မှုမရှိတာမျိုး ဖြစ်နေရင် ခန္ဓာကိုယ်တွင်းက ဟော်မုန်းပမာဏတွေ ပုံမမှန်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာရင် ဟော်မုန်းပမာဏစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ မဟုတ်ရင် အမြဲတမ်းအသားအရေ မကောင်းဖြစ်နေပြီး ရှိရင်းစွဲအသက်ထက် အိုမင်းရင့်ရော်တဲ့ပုံစံဖြစ်နေစေပါလိမ့်မယ်။

RAY

sponsored