လူတစ်ဖက်သားနဲ့ အရေးကြီးစကားပြောမယ်ဆိုရင် ဒီအချက်လေးတွေ သတိပြုပေးပါ ….

freepik /gpointstudio
Sponsored

အလုပ်မှာဖြစ်စေ၊ မိသားစုထဲမှာဖြစ်စေ၊ မိတ်ဆွေတွေနဲ့ ဖြစ်စေ အရေးကြီးတဲ့ ကိစ္စဆိုတာ ရှိတက်ကြပါတယ်။ ရိုးရိုးသာမန်စကားတွေတော့ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပြောလို့ရပေမယ့် အရေးကြီးတဲ့ စကားတွေကြရင် ပြောဖို့ကြောက်တာတွေ၊ စကားပြောမှားမှာတွေကို စိုးရိမ်တက်ကြပါတယ်။ ဒီလိုမဖြစ်ဖို့ နည်းလမ်းလေးတွေ ဝေမျှရမယ် ဆိုရင်တော့

အချိန်​ရွေးပါ

freepik /freepik
Sponsored

စကားပြောဖို့ အချိန်ကို သေချာရွေးပါ။ ပြီးပြီးရော ပြောလို့မရတဲ့ စကားမို့လို့ တစ်ဖက်သားအခြေအနေကို ကြည့်ပြီး ပြောရမယ့် စကားရဲ့ အချိန်ကို ခန့်မှန်းလို့ရပါတယ်။ စိတ်တိုနေတဲ့ အချိန်၊ စိတ်ရူပ်နေတဲ့ အချိန်တွေတော့ ရှောင်တက်ဖို့ လိုတယ်နော်။

စကားစီပါ

ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသလို စကားမပြောခင်မှာ ပြောမယ့် စကားကို သေချာစာလုံးစီပါ။ အထေ့အငေါ့ နည်းနိုင်သမျှနည်းအောင် လေ့ကျင့်ပြီမှ အတည်ပြောပါ။ စကားလှအောင် ပြောရင်ပြောတက်သလို အကျိုးရတာမို့ စာလုံးစီပြီး သေချာရွေးပြောဖို့လဲ လိုတယ်နော်။

READ
နံနံပင်စားပေးခြင်းက ဒီအကျိုးကျေးဇူး (၆)မျိုးကို ရစေနိုင်တယ်ဆိုတာ သင်သိပါသလား..

နှစ်ယောက်ထဲစကားပြောပါ

freepik /freepik

လူအများကြီးရှိတဲ့ အချိန်မှာပြောရင် ဘေးလူစကားဝင်ဖြတ်တာတွေ၊ အာရုံမရတာတွေ ဖြစ်တက်လို့ နှစ်ယောက်ထဲချိန်းပြီး စကားပြောပါ။ လူနည်းတဲ့ကော်ဖီဆိုင်တို့၊ ရုံးခန်းတို့မှာ အေးဆေးလေးထိုင်ပြီး စကားပြောရင် ပိုကောင်းတယ်နော်။

အကောင်းကြီးပဲလဲမသတ်မှတ်ထားပါနဲ့

ဘယ်ကိစ္စမှာမဆို အမြဲအကောင်းဘက်ကိုပဲ မတွေးထားပါနဲ့။ ဆိုးတဲ့ဘက်ကိုလဲ ရောက်နိုင်တာကို ကြိုတင်စဉ်းစားပြီး စကားတွေကြိုစဉ်းစားတာမျိုး၊ ဘယ်လိုဖြစ်လာရင် ဘယ်လိုလုပ်မယ်ဆိုတာတွေကို ကြိုပြီးစဉ်းစားနာမျိုးတွေ လုပ်ထားသင့်ပါတယ်။

ကိုယ်လက်အမူအရာကို ဂရုစိုက်ပါ

freepik /freepik

အလုပ်ကိစ္စအရေးတကြီးပြောနေချိန်မှာ လက်အရမ်းဆော့တာတွေ၊ ဆံပင်ကိုပဲ ကိုင်နေတာတွေ မလုပ်ပါနဲ့။ စကားဘယ်လောက် အတည်ပြောနေပါစေ ကိုယ်လက်ဟန်ပန်ကြောင့် တစ်ဖက်လူစိတ်ထဲမှာ အတည်လို့မထင်ပဲ နောက်နေတယ် ထင်သွားနိုင်လို့ အတက်နိုင်ဆုံး ငြိမ်ငြိမ်လေးနဲ့ စကားပြောတာ ပိုအဆင်ပြေပါတယ်။

TPS

sponsored