ဆွဲဆောင်မှုရှိပြီးကျော့ရှင်းလှပတဲ့ ရွှေလည်တိုင်လေးရရှိစေဖို့ နည်းလမ်းကောင်းများ

Freepik-freepik
Sponsored

အလှအပကြိုက်တဲ့ ပျိုမေတော်တော်များများဟာ မျက်နှာအသားအရေနဲ့၊ ခြေ၊လက်တို့ကိုသာ ဂရုစိုက်လေ့ရှိကြပေမယ့် လည်ပင်းအသားအရေကိုတော့ ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ လည်ပင်းအသားအရေဟာ ဂရုမစိုက်ဘဲ ပစ်ထားမိရင် အသက်ငယ်တုန်းမှာ သိပ်မသိသာပေမယ့် အရွယ်ရလာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်လာတာ၊ လျော့တိလျော့ရဲဖြစ်လာတာမျိုးနဲ့ အသားအရေ အရောင်မညီညာတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် အသုံးဝင်တဲ့ နည်းလမ်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ် ပျိုမေတို့ရေ…

 (၁) ပန်းသီးရှာလကာရည်

Sponsored

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ကို ရေအနည်းငယ်လောက်နဲ့ ရောပြီး လည်တိုင်တဝိုက်ကို လိမ်းပေးနိုင်ပါတယ်။ ၁၀ မိနစ်လောက်ထားပြီး ရေနဲ့ပြန်လည်ဆေးကြောပေးပြီးရင်တော့ Lotion တခုခု လိမ်းဖို့ မမေ့သင့်ပါဘူး။

Freepik-freepik

(၂) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ကို အုန်းဆီ လက်ဖက်ရည်ဇွန်း တဇွန်းလောက်နဲ့ ရောစပ်ပြီး လည်ပင်းအသားအရေကို ပေါင်းတင်ပေးခြင်းကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို လည်ပင်အသားအရေကို အသားရောင်ညီညာစေမှာဖြစ်ပါတယ်။

(၃) အာလူး

READ
ကြည်လင်ပြီးတောက်ပတဲ့အသားအရေရဖို့ ဒီအချက်(၁၂)ကိုပဲလုပ်ပေးပါ

အာလူးကို ကြိတ်ချေထားတဲ့ အာလူးရည်ကို ဂွမ်းစလေးနဲ့စွတ်ပြီး လည်ပင်းအသားအရေတဝိုက်ကို လိမ်းပေးခြင်းကလည်း အသက်အရွယ်ကြောင့် အရေးကြောင်းတွေ ပေါ်ပေါက်လာတာနဲ့ အသားအရေ အရောင်မညီညာတာမျိုးတွေကို လျော့ကျစေပါတယ်။

Freepik-freepik

(၄) ဒိန်ချဉ်

ဒိန်ချဉ်စားလို့ မကုန်တဲ့အခါမျိုးမှာ လည်ပင်အသားအရေလေးကို ပိုတဲ့ ဒိန်ချဉ်လေးလိမ်းကျံပြီး ပေါင်းတင်ခြင်းကလည်း လည်ပင်းအသားအရေကို အရောင်ညီညာစေမှာ ဖြစ်ပါတယ်။

Calcifer

sponsored