ချစ်သူနဲ့ရန်ဖြစ်နေတာတွေ ရပ်တန့်ပစ်ဖို့ နည်းလမ်းကောင်းများ

Image by đôn chu viết from Pixabay
Sponsored

ချစ်သူတွေ ရေရှည်လက်တွဲနိုင်တယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းလို မိတ်ဆွေလို ချစ်သူလို ပုံစံမျိုးစုံနဲ့ နားလည်ပံ့ပိုးမှုတွေ ရှိတာကြောင့် ဖြစ်ပါတယ်။ သူစိမ်းနှစ်ယောက်က ရေရှည် လက်တွဲဖို့ဆိုရင် လိုအပ်နေတဲ့အရာတွေ အများကြီး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူညီရင်တော့ ရေရှည် လက်တွဲဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်တူညီရက်နဲ့ အဆင်ပြေချင်တယ်ဆိုရင်တော့ ဒါတွေကို အလေးထားပေးသင့်ပါတယ်။

(၁) ကိုယ်ပိုင်လွတ်လပ်ခွင့်

Sponsored

လူတိုင်းမှာ ကိုယ်ပိုင် လုပ်ချင်တဲ့အရာလေးတွေ ရှိနေတတ်ပါတယ်။ အားလပ်ချိန်မှာ အိပ်တာ ဂိမ်းဆော့တာအပြင် သူငယ်ချင်းတွေနဲ့ တွေ့တာတွေ လုပ်တတ်ပါတယ်။ ဒီလိုမျိုး တစ်ကိုယ်ရည်လုပ်ချင်တဲ့အရာလေးတွေအတွက် လွတ်လပ်မှု ပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒီလိုမျိုး လွတ်လပ်ခွင့် မပေးရင် ကြာလာတဲ့အခါ  အပြန်အလှန် ငြိုငြင်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်က တစ်ခြားတစ်ယောက် စိတ်တိုင်းကျ အမြဲ နေပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

READ
သင့်ကို တကယ်မချစ်ပဲ အပျင်းပြေလာကစားနေတယ်ဆိုတာ သိစေနိုင်တဲ့အချက်(၆)ချက်
Photo by Gui Vergouwen from Pexels

(၂) တဖက်သတ် မဆန်ဖို့

ချစ်သူတွေ ဖြစ်လာတဲ့အခါ အပြန်အလှန်လေးစားမှု ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်သဘောအတိုင်းအမြဲ လုပ်တာက သူ့ကို မလေးစားရာ ရောက်သလို အတ္တကြီးရာလည်း ရောက်ပါတယ်။ အမြဲ တစ်ဖက်သတ်ဆန်ပြီး ကိုယ့်သဘောအတိုင်းလုပ်တယ်ဆိုရင် တစ်ဖက်သူရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်း မှေးမှိန်လာပြီး မပျော်ရွှင်မှုကို စတင် ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်သဘောကို တစ်ယောက် ညှိနှုင်း ဆွေးနွေးပြီး သူ့ဘက် ကိုယ့်ဘက် အပြန်အလှန် တွေးကြတာက အကောင်းဆုံး ဖြစ်ပါတယ်။

(၃) နားလည်မှု

အရေးကြီးဆုံးက နားလည်မှုဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ လူတိုင်းက သူ့ဖြစ်တည်မှုနဲ့ သူ လာတာပါ။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် နားလည်ပေးမှု အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က အနည်းဆုံး တန်ဖိုးထားမှု တူညီနေဖို့တော့ လိုပါတယ်။ တူညီနေပြီး အဆင်ပြေပြေနေနိုင်ဖို့ဆိုရင် တစ်ယောက်ကို တစ်ယောက် ချုပ်ချယ်မှုတွေ မလုပ်ပဲ နားလည်မှုပေးလိုက်တာက ပိုပြီး အဆင်ပြေပါတယ်။

READ
ကိုယ့်အပေါ်မကောင်းတဲ့သူကိုမှ ဘာလို့ကျွန်မတို့က တွဲနေကြသေးလဲဆိုတဲ့ (၅) ချက်
Image by Александр Мартинкевич from Pixabay

(၄) ပံ့ပိုးပေးနိုင်မှု

ချစ်သူတွေဆိုတာ ပုလင်းနဲ့ ပုလင်းအဖုံးလို တစ်ယောက်နဲ့ တစ်ယောက် လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်တဲ့သူတွေ ဖြစ်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ပံ့ပိုးမှု ဖြည့်ဆည်းမှုဆိုတာက ရုပ်ဝတ္ထုလိုအပ်ချက်ကို အဓိက ရည်ရွယ်တာ မဟုတ်ပဲ စိတ်ရော ရုပ်ရော သူ လိုအပ်တဲ့အချိန်မှာ ကိုယ်က အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မှုကို ဆိုလိုပါတယ်။ ကိုယ် တတ်နိုင်တဲ့အနေအထားကနေ သူ လိုအပ်တဲ့အချိန်တွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ ပံ့ပိုးနိုင်မှုက ချစ်သူတွေအတွက် ကြာရှည်လက်တွဲနိုင်စေတဲ့ အချက်တစ်ချက် လည်း ဖြစ်ပါတယ်။

by Kham

sponsored