အရွယ်မရွေး နုပျိုတဲ့ အသားအရေ ပိုင်ရှင် ဖြစ်ဖို့ သတိထားဂရုစိုက်ပေးရမယ့် အချက်များ

cookie_studio/Freepik
Sponsored

အသားအရေနုပျိုတယ်ဆိုတာက မိန်းကလေးတွေအတွက် သိပ်ကို အရေးကြီးပါတယ်။ ကိုရီးယားကသူတွေလို အရွယ်တင် နုပျိုနေဖို့ဆိုတာ မိန်းကလေးတိုင်း မျှော်လင့်မိတဲ့အချက်ပါပဲ။ အသက်တွေ ကြီးလာတာတောင် အသားအရေလေးက နုပျိုကျန်းမာနေဖို့ဆိုရင် သတိထားရမယ့် အချက်တွေ ရှိနေပါတယ်။ ဒီအချက်လေးတွေကို သတိပြုပေးမယ်ဆိုရင်တော့ နုပျိုတဲ့ အသားအရေကို ရရှိမှာပါနော်။

(၁) မျက်လုံးတစ်ဝိုက်ကို ဂရုစိုက်ပေးပါ

Sponsored

အရေးအကြောင်းအများစုကတော့ မျက်လုံး တစ်ဝိုက်ကနေ စပြီး ဖြစ်ပေါ်လေ့ ရှိပါတယ်။ မျက်ရည်အိတ် ဖောင်းတာမျိုးနဲ့ မျက်ကွင်းညိုနေတာတွေကလည်း အလှအပကို ပျက်စီးစေနိုင်ပါတယ်။ မျက်လုံးတစ်ဝိုက်ကို eyecream သုံးပေးတာ၊ နှိပ်နယ်ပေးတာမျိုးက မျက်ကွင်းညိုတာနဲ့ အရေးအကြောင်း ဖြစ်ခြင်းကို တားဆီးပေးနိုင်လို့ မျက်လုံးတစ်ဝိုက်ကို ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။

cookie_studio/Freepik

(၂) စိတ်ဖိစီးမှုတွေကို လျှော့ချပါ

အိုမင်းရင့်ရော်မှုကို မြန်စေတဲ့အချက်ကတော့ စိတ်ဖိစီးမှုပါပဲ။ စိတ်ဖိစီးမှုတွေ ရှိရင် ဖြေဖျောက်ဖို့ ပြုလုပ်ရမှာ ဖြစ်သလို စိတ်ဖိစီးမှုတွေကို လျော့နည်းနိုင်သလောက် လျော့နည်းအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်မှုတွေကို မဖြစ်ချင်ရင်တော့ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့က အရေးကြီးပါတယ်။

READ
လူသိနည်းသေးတဲ့ Kiwi သီးနဲ့ မျက်နှာပေါင်းတင်နိုင်တဲ့ နည်းလမ်း (၄) မျိုး
shutterstock/ Makistock

(၃) အစားအသောက်ကို ဂရုစိုက်ပါ

ပြင်ပမှာ ဘယ်လောက်ပဲ မျက်နှာ အရေပြားအတွက် ဂရုစိုက်နေပါစေ၊ အသားအရေ အလှအပအတွက် ခန္ဓာကိုယ်မှာလည်း အာဟာရဓာတ်တွေ ပြည့်နေဖို့ လိုပါတယ်။ အစားအသောက်ကို စားတဲ့အခါ အသားအရေကို ထောက်ပံ့ပေးတတ်တဲ့ ဗီတာမင်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစားအသောက်တွေကို ပုံမှန် စားသောက်ပေးတာကလည်း အသားအရေကို လှပနူးညံ့စေပါတယ်နော်။

Photo by Jess Bailey Designs from Pexels

(၄) ချွေးထွက်ပါစေ

နေ့စဉ်မှန်မှန် ကိုယ်လက်လှုပ်ရှားလုပ်တာက ကျန်းမာရေးအတွက် ကောင်းသလို အသားအရေအတွက်လည်း ကောင်းပါတယ်။ သဘာဝအတိုင်း ချွေးထွက်တာက ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ချွေးထွက်ခြင်းဖြင့် ဖယ်ရှားပေးပါတယ်။ ချွေးထွက်မှသာ အရေပြား ကြည်လင်ပြီး ကျန်းမာရေးကောင်းတဲ့ အသားအရေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

shutterstock/ Dmytrenko Vlad

(၅) အပြင်ထွက်ရင် ဂရုစိုက်ပါ

READ
မျက်နှာအသားအရေ မပျက်စီးစေဖို့ ဒီအချက်တွေကို လုံးဝရှောင်ကြဉ်ပါ

အသားအရေကို ဂရုစိုက်တဲ့အခါမှာ ကောင်းဖို့အတွက် ဂရုစိုက်ရမှာ ဖြစ်သလို ပျက်စီးမသွားအောင်လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အပြင်သွားတဲ့အခါ နေရောင်ခြည်ကြောင့် အသားအရေက အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ ဖြစ်စေတတ်သလို အရေးအကြောင်းတွေလည်း ဖြစ်စေတတ်ပါသေးတယ်။ ဒါကြောင့် အပြင်မသွားခင်မှာ နေကာခရင်မ်ကို လိမ်းသင့်သလို ဦးထုပ်နဲ့ ထီး စတဲ့ အကာအကွယ်ကို ဆောင်ထားရမှာ ဖြစ်ပါတယ်။

Kham

sponsored