Stay at Home လုပ်ရတဲ့အချိန် အိမ်တွင်းမှာ မဖြစ်မနေ လိုက်နာဖို့ လိုအပ်တဲ့ အချက်များ

Freepik.com
Sponsored

အိမ်မှာနေတယ်ဆိုတာ လွယ်တယ်လို့ ထင်ရပေမယ့်လည်း အိမ်မှာ နေပျော်စေဖို့လည်း လိုအပ်နေပါတယ်။ မိသားစုတွေမှာ အဆင်ပြေတဲ့သူတွေ ရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိသားစုတွင်း ပြဿနာတွေ နည်းလေလေ အိမ်မှာ ပိုပြီး အဆင်ပြေလေ ဖြစ်ပါတယ်။ ဒါကြောင့် Stay at Home လုပ်ရတဲ့ အချိန်မှာ မိသားစုအတွင်းမှာ အခုလို အချက်တွေကို သတိထားလိုက်နာပေးရမှာ ဖြစ်ပါတယ်။

(၁) စကား မများပါနဲ့

Sponsored

များသောအားဖြင့်က ဇနီးမောင်နှံတွေမှာ မိန်းကလေးတွေက စကား ပိုများပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ မိန်းကလေးတွေရဲ့ ပူဆာတာ၊ ပြစ်တင်တာ၊ ဟိန်းဟောက်တာ စတာတွေက ယောင်္ကျားလေး သဘာဝအနေနဲ့ သည်းခံလေ့ ရှိတဲ့ အရာဆိုပေမယ့် အကြိမ်ရေ များလေ စိတ်ညစ်ရလေ့ ရှိတဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ အနေနဲ့ အိမ်မှာ ရန်ဖြစ်တာတွေ နည်းအောင် သို့ အတူနေတဲ့သူတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် သတိပေးရမယ့် အချက်ပဲ ဖြစ်ပါတယ်။

shutterstock/fizkes

(၂) ရန်ဖြစ်မှုနှုန်းကို လျှော့ချပါ

READ
သင့်ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေလုပ်သင့်ပြီဖြစ်ကြောင်း ပြနေတဲ့လက္ခဏာ (၅) ရပ်

မိသားစု ဆိုတာ အမြဲ ပျော်ရွှင်ပြေလည်ကြတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှုတွေနဲ့ အမြင်မကြည်မှုတွေလည်း ရှိနေတတ်ပါတယ်။ အိမ်မှာ အတူတူ အပြင်မထွက်ရဘဲ နေရတဲ့ အခိုက်အတန့်မှာတော့ စကားများမယ့် အခြေအနေနဲ့ ရန်ဖြစ်ပြီး ပြစ်တင်လွန်းတာမျိုး မဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။ ရန်ဖြစ်တာက အိမ်တွင်းမှာ တကယ့် အပူတစ်ခုပါပဲ။

seventyfour/Freepik

(၃) ခွဲခြားဆက်ဆံမှု နည်းပါစေ

ဘယ်လိုပဲ မိသားစု ဖြစ်နေပါစေ၊ မိသားစုတွေမှာ တစ်ယောက်ယောက်ကို ပိုသာပြီး ဂရုစိုက်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒါ ပုံမှန် အခြေအနေမှာတောင် သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အိမ်မှာ နေပြီး အိမ်အတွက် ကြည့်နေတဲ့သူထက် လုပ်ချင်ရာလုပ်ပြီး မိသားစုကို ထည့်ပြီး မတွေးတဲ့သူတွေကို ဂရုစိုက်ပြတာမျိုးက ဒေါသထွက်စရာ အခြေအနေ တစ်ရပ်ပါပဲ။ ဒါ့အပြင် ဆုံးမရမယ့် ကိစ္စရပ်တွေမှာ တစ်ယောက်ယောက်က ဝင်ကာပေးတာကလည်း တကယ့်ကို မဖြစ်သင့်တဲ့ အခြေအနေပါပဲ။ ဒါကြောင့် ဒီလို ခွဲခြားမှုမျိုး မဖြစ်အောင်လည်း ဆင်ခြင်နေထိုင်ရမှာ ဖြစ်ပါတယ်။

cottonbro/pexels

(၄) အလိုက်သိပါ

READ
သင့် ex ရဲ့ ရည်းစားသစ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလုပ်သင့်တဲ့ အချက်(၄)ချက်

အရင်အချိန်တွေမှာ မိသားစုဝင်တွေက တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်နေထိုင်မှု ပုံစံ ကိုယ်စီနဲ့ နေထိုင်ကြတယ် ဆိုပေမယ့် Stay at Home ကာလမှာတော့ ဆင်ခြင်ရမှာပါ။ ကိုယ့်အဝတ်တွေကို မသိမ်းဘဲ ထားတာ၊ မဖြစ်မနေ လိုအပ်တာ မဟုတ်ဘဲ အပြင်ထွက်တာ၊ အိမ်ရဲ့ ဝေယျာဝစ္စတွေကို နည်းနည်းတောင် ဝင်မလုပ်ဘဲ ဧည့်သည်လို နေတာမျိုးတွေက ကျန်တဲ့ မိသားစုလို နေထိုင်တဲ့ မိသားစုဝင်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုဝင် အချင်းချင်းလည်း အလိုက်သိဖို့ လိုပါသေးတယ်။

Photo by Tamba Budiarsana from Pexels

(၅) ကျန်းမာရေးကို ဂရုစိုက်ပါ

အိမ်မှာနေရတယ်ဆိုတဲ့ အခြေအနေက ကျန်းမာရေးအတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ နေရုံ မပြုလုပ်ဘဲ ကျန်းမာဖို့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အစားအသောက်ကိုလည်း ကိုယ်စားချင်တဲ့ အချိန်မှ ထစားတာမျိုးထက် အချိန်မှန် စားတာ လုပ်ရမှာ ဖြစ်သလို အိပ်ချင်တိုင်း အိပ် ထချင်တိုင်း ထ လည်း မနေသင့်ပါဘူး။ ကျန်းမာရေးအတွက် အိပ်ရေး ဝဖို့လည်း လိုပါတယ်နော်။

Kham

 

sponsored