လူစိမ်းကြောက်ရောဂါ ရှိသူတွေမှာ ကြုံတွေ့ ခံစားရနိုင်တဲ့ လက္ခဏာရပ်များ

cookie_studio/Freepik
Sponsored

လူအသစ်တွေ၊ လူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံရတာကို ထိတ်လန့်တတ်တဲ့ စိတ်အခြေအနေက တကယ်တော့ စိတ်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကြောက်တတ်တဲ့ရောဂါတွေထဲက တစ်ခု ဖြစ်ပြီး ဒီလို စိတ်ရောဂါတစ်မျိုး ရှိတတ်တဲ့အခါ ဘဝရဲ့ တိုးတက်မှုတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လူစိမ်းကြောက်ရောဂါမှာ ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေကို လေ့လာရင်း ဒီလို လူစိမ်းကြောက်ရောဂါ သင့်မှာ ရှိ၊ မရှိကို ဆန်းစစ်ကြည့်နိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ ကြောက်တဲ့ လူစိမ်းကြောက် စိတ်ရောဂါရှိကြောင်းကို ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်မျိုးပေါ် မူတည်ပြီး သိနိုင်ပါတယ်။

karlyukav/Freepik
Sponsored

ရုပ်ပိုင်းဆိုင်ရာ အခြေအနေကတော့ လူတွေနဲ့ စကားပြောဆို ထိတွေ့ရမယ့် အခြေအနေမျိုး ကြုံလာရတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုလက္ခဏာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့…

READ
ကိုယ့်ရဲ့ အသားအရေပေါ် မူတည်ပြီး အသုံးပြုလို့ရတဲ့ DIY face mask လုပ်နည်းလေးတွေ

(၁) မျက်နှာနီရဲလာတာ

(၂) ပျို့လာတာ။

(၃) အလွန်အမင်း ချွေးထွက်လာတာ။

cookie_studio/Freepik

(၄) ခန္ဓာကိုယ်က တုန်နေတာ။

(၅) စကားပြောရတာ ခက်ခဲနေတာ။

(၆) ခေါင်းမူးနောက်နောက် ဖြစ်လာတာနဲ့ မသိမသာ ခေါင်းကိုက်လာတာ။

(၇) နှလုံးခုန်နှုန်း မြန်လာတာ စတာတွေပဲ ဖြစ်ပါတယ်။

cookie_studio/Freepik

စိတ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကတော့….

(၁) လူတွေနဲ့ ထိတွေ့ဆက်ဆံရတိုင်း အလွန်အမင်း စိုးရိမ်တာ။

(၂) လူတွေနဲ့ ဆုံရမယ့်ပွဲတွေ သွားဖို့ရှိတိုင်း မသွားရခင် ရက်များစွာကတည်းက စိုးရိမ်နေတာ။

wayhomestudio/Freepik

(၃) လူများများနဲ့ ထိတွေ့ဆက်ဆံရမှာတွေကို ရှောင်လာတာ။

(၄) ရှေ့ထွက်ပြရမယ့်အခါတိုင်းမှာ နောက်ကွယ်မှာပဲ အမြဲနေချင်စိတ်ရှိတာ။

(၅) ကိုယ့်မှာရှိနေတဲ့စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်မှုတွေကို တခြားသူတွေက သတိထားမိတာ စိုးရိမ်တာ။

READ
Lux Myanmar ရဲ့ ပွဲလေးမှာ ချစ်စရာကောင်းနေတဲ့ နေခြည်ဦး

(၆) မဖြစ်မနေ ရင်ဆိုင်စကားပြောရမယ့် ကိစ္စတွေမှာ အမြဲ ရဲဆေးတင်ရတာ။

(၇) စိုးရိမ်ထိတ်လန့်မှုတွေကြောင့် ကျောင်းသွားရတာနဲ့ အလုပ်ခွင်သွားရတာတွေကို ရှောင်လာတာ တွေပဲ ဖြစ်ပါတယ်။

Kham

sponsored