မရင့်ကျက်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေ ရင်ဆိုင်ရမယ့် အချက်(၅)ချက်

vgstockstudio/Freepik
Sponsored

တည်ငြိမ်ရင့်ကျက်တဲ့ သူတစ်ယောက် မရင့်ကျက်တဲ့သူတွေထက် ပိုပြီး ဘဝကို အကောင်းဆုံး ရင်ဆိုင်နိုင်ကြပါတယ်။ အချစ်ရေးမှာလည်း ရင့်ကျက်တဲ့သူတွေကပဲ ကောင်းမွန်တဲ့ အချစ်ရေး ဖြစ်လာအောင် တည်ဆောက်နိုင်ကြတာ ဖြစ်ပါတယ်။ ချစ်သူ ရည်းစားထားပေမယ့်လည်း မရင့်ကျက်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့သူတွေမှာတော့ ဒီလို အချက်တွေ ရှိနေတာကို တွေ့ရပါတယ်။

၁။ ရန်ဖြစ်လွန်းတယ်

Sponsored

ရင့်ကျက်တဲ့ စုံတွဲတွေက အကြောင်းကိစ္စ သေချာ မရှိဘဲ ရန်ဖြစ်စကားများလေ့ မရှိပါဘူး။ မရင့်ကျက်တဲ့ စုံတွဲတွေမှာတော့ အသေးအမွှားကိစ္စတွေကြောင့်လည်း စကားများနေကြလေ့ ရှိပါတယ်။ ရန်ဖြစ်တာက အချစ်ရေး တစ်ခုအတွက် ဆက်ဆံရေး တစ်ခုအတွက် ကောင်းမွန်တဲ့ လုပ်ရပ်မဟုတ်လို့ ရင့်ကျက်တဲ့သူတွေက ရန်မဖြစ်ရအောင် နေကြလေ့ ရှိပါတယ်။ မရင့်ကျက်သူတွေကတော့ တစ်ခါတစ်လေ အကြောင်းပြချက်မဲ့စွာ ရန်ဖြစ်နေတတ်ကြပါသေးတယ်။

dmytrenko.fsk/Freepik

၂။ သဝန်တိုလွန်းခြင်း

တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ စုံတွဲတွေအဖြစ် လက်တွဲနေပြီးမှတော့ ယုံကြည်မှုက ပေးကို ပေးရတော့မှာပါ။ ယုံကြည်နေပေးလျက်နဲ့ သစ္စာဖောက်ရင်လည်း အဲ့သူက မကောင်းတဲ့သူ ဖြစ်နေလို့ပါပဲ။ ပုံမှန် ရင့်ကျက်တဲ့စုံတွဲတွေက တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတာမျိုး ရှိပေမယ့် အပြန်အလှန်ထားရှိတဲ့ အချစ်တွေကို ယုံကြည်လို့ သင်္ကာမကင်း ဖြစ်တဲ့ ဟန်မျိုး ပြလေ့ မရှိကြပါဘူး။ မရင့်ကျက်တဲ့ အချစ်ရေးမှာတော့ စွပ်စွဲပြောဆိုတာတွေအပြင် ယုံကြည်မှု မရှိတာမျိုးကိုပါ ကြုံတွေ့တတ်ကြရပါတယ်။

READ
ကိုရီးယားတွေ ရွေးတဲ့ (၂၀၁၉)အတွက် အကြိုက်ဆုံး သရုပ်ဆောင်(၁၀)ယောက်
cookie_studio/Freepik

၃။ မတိုင်ပင်ဘူး

ရင့်ကျက်တဲ့ အချစ်ရေးမှာ ကိုယ့်ချစ်သူက ကိုယ့်ရဲ့ သူငယ်ချင်းကောင်း အပြင် အဖော်ကောင်းတစ်ယောက်ပါ ဖြစ်လာပါတယ်။ ဒါကြောင့် ကိုယ့်မှာ အရေးကြီးတဲ့ တစ်ချို့သော ဆုံးဖြတ်စရာ၊ တိုင်ပင်စရာတွေကို ချစ်သူနဲ့ စကားပြော ဆွေးနွေးလို့ ရပါတယ်။ မရင့်ကျက်တဲ့ အချစ်ရေး ပိုင်ရှင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် အရေးကြီးကိစ္စတွေကို ပြောလေ့ မရှိဘဲ ချစ်စကား ကြိုက်စကားသက်သက်ပဲ ပြောနေတတ်ကြပါတယ်။

yanalya/Freepik

၎။ မတောင်းပန်ကြဘူး

အချစ်ရေး တစ်ခုမှာ တခါတလေ အမှား မရှိဘဲ တောင်းပန်ရတာမျိုးလည်း ရှိပါတယ်။ ဒါက ကိုယ့်အတ္တထက် ဒီဆက်ဆံရေးကို ပိုပြီး တန်ဖိုးထားပါတယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ မရင့်ကျက်သူတွေကတော့ ကိုယ့်အမှားကိုလည်း ဝန်မခံကြသလို တောင်းပန်ဖို့လည်း ဝန်လေးတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အလျှော့ပေးမှု မရှိဘဲ တောင်းပန်မှုတောင် မရှိတဲ့ ဆက်ဆံရေးက မရင့်ကျက်တဲ့ အချက်ကြောင့်ပါပဲ။

READ
'Crash Landing on You.' ရဲ့ Behind the Scenes ဗီဒီယိုဖိုင်
cookie_studio/Freepik

၅။ အတိတ်အကြောင်း ပြောဆိုခြင်း

ရည်းစားဟောင်းဆိုတာ ရည်းစားဟောင်းသက်သက်ပါပဲ။ စိတ်ခံစားမှု ရှိနေသေးရင်တောင် အဲ့ဒါက လက်ရှိ ရွေးချယ်ထားတဲ့ အချစ် မဟုတ်တော့ပါဘူး။ လက်ရှိအချစ်က အရေးအကြီးဆုံး ဖြစ်ပြီး အနာဂတ်က နှစ်ယောက်နဲ့ ဆိုင်တဲ့ အရာပါပဲ။ ရင့်ကျက်သူတွေက အတိတ်ကို အတိတ်လို လက်ခံတတ်ကြပေမယ့် မရင့်ကျက်တဲ့ အချစ်ရေး ပိုင်ရှင်တွေကတော့ အတိတ်က အကြောင်းတွေကို အမြဲ ပြန်လှန်ပြီး ပြောဆိုနေတတ်ကြပါတယ်။ ရည်းစားဟောင်းကို ထည့်ပြောနေတာမျိုးက ကိုယ့်ကို ရွေးချယ်ထားတဲ့ ချစ်သူကို မယုံကြည်တဲ့ သဘောမျိုးလည်း သက်ရောက်နေတာကိုတောင် မရင့်ကျက်သူတွေက သတိမထားမိတတ်ကြပါဘူး။

Kham

sponsored