ခံတွင်းနံ့ဆိုးတွေကြောင့် လူအများကြားမှာ ယုံကြည်မှုတွေ ကျမသွားစေဖို့အတွက် ….

Shutterstock/CGN089
Sponsored

ကိုယ့်ကိုယ်ကို ယုံကြည်မှုကျစေခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ ခံတွင်းအနံ့ဆိုးခြင်းက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ မျက်မှန်းတန်းမိသူတွေကြားထဲ ဒါမှမဟုတ် သူစိမ်းတွေကြားထဲ ရောက်နေတဲ့အခါမျိုးမှာဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ်။ ခံတွင်းအနံ့ဆိုးတာကြောင့် ပထမဦးဆုံး မသတီဖြစ်တာက ကိုယ့်ကိုယ်ကိုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတာပျောက်ဖို့ လွယ်ကူတဲ့နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Floss သုံးတာနဲ့ သွားတိုက်တာကို မကြာခဏ ပြုလုပ်ပေးပါ

Sponsored

သွားကြားထဲမှာ ကျန်နေတဲ့ စားကြွင်းစားကျန်တွေကို မရှင်းတဲ့အခါ ဘက်တီးရီးယားပိုးပေါက်ဖွားပြီး ခံတွင်းအနံ့ ဆိုးလာစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် တစ်ရက်နှစ်ကြိမ် သွားတိုက်တာမျိုး လုပ်သင့်ပါတယ်။ သွားပွတ်တံမရောက်တဲ့ သွားကြားထဲမှာ ကျန်ရှိနေတာတွေကိုရှင်းဖို့က ကြိုးမျှင်မျှင်လေး(floss)ကို သုံးပြီးရှင်းတာမျိုးကို တစ်နေ့တစ်ကြိမ် လုပ်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါမှာလည်း ခပ်ကြမ်းကြမ်းတိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းက သွားတွေရဲ့ ကြွေသားတွေကို တဖြည်းဖြည်း တိုက်စားပြီး ပျက်စီးစေမှာ ဖြစ်ပါတယ်။

gpointstudio/Freepik

(၂) ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းမှာ

READ
ငြင်းစရာရှိတာကို အားမနာပဲ ငြင်းသင့်တဲ့ အကြောင်းအရင်း (၄) ချက်

သွားတိုက်ပြီးတဲ့အခါမှာလည်း ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပေးဖို့ လိုအပ်ပါတယ်။ ပလုတ်ကျင်းပေးခြင်းဖြင့် ဘက်တီးရီးယားတွေ ခံတွင်းထဲမှာ မနေနိုင်ဖို့ ပိုသေချာစေတဲ့အပြင် တခြားပိုးမွှားတွေလည်း သေစေပါတယ်။ ဒါအပြင့် ခံတွင်းသန့်ဆေးရည်က ပူရှိန်းအရသာအနံ့ကြောင့်လည်း လူကို လန်းဆန်းစေဦးမှာ ဖြစ်ပါတယ်။ ပုံမှန်လုပ်သွားပေးခြင်းအားဖြင့် ခံတွင်းအနံ့ဆိုးခြင်းတွေ သက်သာပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။

goffkein/Freepik

(၃) လျှာပွတ်တံနဲ့ လျှာကိုပွတ်ပေးပါ

အစားအသောက်စားပြီးတဲ့အခါ လျှာပေါ်မှာကျန်နေတတ်တဲ့ စားကြွင်းစားကျန်တွေက ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အဓိကရင်းမြစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တံ ဒါမှမဟုတ် လျှာပွတ်တံနဲ့ လျှာကို တိုက်ပေးခြင်းဖြင့် ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် လျှာပေါ်မှာရှိတဲ့ သေပြီးသားဆဲလ်တွေကိုလည်း ရှင်းလင်းပြီးသားဖြစ်သွားပါတယ်။

(၄) ခံတွင်းအနံ့ဆိုးစေမယ့် အစားအသောက်တွေ ရှောင်ပါ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလို အနံ့ပြင်းတဲ့ အစားအသောက်တွေ မကြာခဏ စားသုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ အနံ့ပြင်းတဲ့အစားအသောက်တွေကို မကြာခဏစားပေးခြင်းက သွားတိုက်ရုံနဲ့ ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်စေမှာမဟုတ်ပါဘူး။ ဒီအစားအသောက်တွေရဲ့ အနံ့ပြင်းမှုက သွေးကြောတွေထဲကနေတဆင့် အဆုတ်ထဲ ရောက်သွာတာမို့ စကားပြောတဲ့အခါ၊ အသက်ရှုတဲ့အခါ အနံ့ဆိုးတွေ ထွက်ပေါ်စေမှာပဲ ဖြစ်ပါတယ်။

READ
အလုပ်အကိုင် အဆင်မပြေတဲ့အချိန်မှာ လုပ်သင့်တဲ့ အချက်(၅)ချက်
luis_molinero/Freepik

(၅) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းက ခံတွင်းအနံ့ဆိုးစေရုံတင်မကဘူး ကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း မြင့်မားစေပါတယ်။ ဆေးလိပ်ငွေ့တွေက သွားရဲ့ ကြွေသွားတွေကို ညစ်နွမ်းပျက်စီးစေပြီး အသက်ရှုတဲ့အခါ အနံ့ဆိုးတွေထွက်စေပါတယ်။ ဆေးလိပ်ဖြတ်ရခက်နေတယ်ဆိုရင်လည်း ကျွမ်းကျင်သူဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဖြတ်လိုက်တာမျိုးက ကောင်းပါတယ်။

Photo by fotografierende from Pexels

(၆) ပါးစပ်ကို မခြောက်သွေ့ပါစေနဲ့

တံတွေးက သွားတွေ အချိန်မတန်မီ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး အသက်ရှုတဲ့အခါ အနံ့ဆိုးမထွက်ဖို့လည်း ထိန်းညှိပေးနိုင်ပါတယ်။ ပုံမှန်လူတစ်ယောက်မှာ တစ်နေ့တာအတွက် လုံလောက်တဲ့တံတွေးပမာဏ ပါးစပ်က ထွက်ဖို့လိုအပ်ပါတယ်။ အဲ့သလိုမဟုတ်ဘဲ ခံတွင်းခြောက်နေပြီဆိုရင်တော့ အနံ့ဆိုးထွက်တော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို ပုံမှန်သောက်ပေးတာမျိုးလည်း လုပ်သင့်ပါတယ်။

Kham

sponsored