ချစ်ပေမယ့်လည်း အသွင်မတူရင် ရေရှည်လက်မတွဲသင့်တဲ့အကြောင်းများ

Shutterstock/Poznyakov
Sponsored

အချစ်မှာ မျက်စိ မရှိဘူးလို့ ပြောတတ်ကြပါတယ်။ မျက်စိ မရှိချင်နေပါ ဦးနှောက်ရှိဖို့တော့ အချစ်ရေးမှာ လိုအပ်နေပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်သာ ချစ်ရင် အရာအားလုံး အဆင်ပြေမှာပါလို့ ယူဆကြတာတွေလည်း ရှိပါတယ်။ ချစ်ရုံနဲ့တော့ ဘဝတစ်ခု အတူဖြတ်သန်းဖို့ မလုံလောက်ပါဘူး။ ဘဝမှာ အတူဖြတ်သန်းမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အသွင်တူမှသာ ဖြစ်နိုင်ပါတယ်။ ချစ်ပေမဲ့ အသွင်မတူခဲ့ရင် ဒီလို အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

(၁) အဆင်မပြေမှုတွေ များမယ်

Sponsored

လူနှစ်ယောက် အချိန်အကြာကြီး အတူရှိတယ်ဆိုတာ ချစ်နေရုံနဲ့ မပြီးပါဘူး။ အကျင့်တွေ နီးစပ်ရမယ်။ အတွေးအခေါ်တွေ တူရမယ်။ တစ်ယောက်ကို တစ်ယောက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရမယ်။ ဒီလိုမျိုး ကိုယ့်အကျင့် သူ့အကျင့်ကိုက်ညီနီးစပ်နေမှသာ လူသဘာဝအရ ရေရှည် အတူရှိဖို့ အဆင်ပြေတာပါ။ ဒီလို တူညီမှုတွေ နည်းနေပြီး အဆင်မပြေမှုတွေ ဖြစ်နေပေမဲ့ ချစ်တဲ့စိတ်ကြောင့် သည်းခံထားနိုင်တယ်ဆိုရင်တော့ ရေရှည်မှာလည်း အဆင်မပြေမှုတွေ များနေဦးမှာပါ။

Shutterstock/nd3000

(၂) ပျော်ရွှင်မှုတွေ နည်းမယ်

လူနှစ်ယောက်က တူညီတာတွေနဲ့ များတဲ့အခါ ပျော်စရာတွေလည်း များပါတယ်။ မတူညီမှုတွေ အဆင်မပြေမှုတွေ ရှိနေရင်တော့ တစ်ယောက်ရဲ့ ပျော်ရွှင်မှုက နောက်တစ်ယောက်ရဲ့ ပျော်ရွှင်မှု မဖြစ်နိုင်တော့ပါဘူး။ ပျော်ရွှင်မှုတွေ များဖို့ကို ပျော်ရွှင်ရတဲ့အရာတွေလို့ မြင်တဲ့အမြင်တွေ တူညီမှ ရမှာပါ။ မတူညီပဲနဲ့ အတင်းလိုက်တူအောင် လုပ်ပြီး ပျော်ဖို့ကြိုးစားရင်လည်း အစစ်အမှန်ပျော်ရွှင်မှု ဖြစ်မှာ မဟုတ်ပါဘူး။

READ
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ .......

(၃) အိမ်ထောင်မှု အဆင်မပြေဘူး

ဒီလို အဆင်မပြေမှုတွေ ရှိနေကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ရှိနေပြီးသား အချစ်တွေ သံယောဇဉ်တွေကြောင့် အပြင် အကြောင်းကြောင်းကြောင့် လက်ထပ်ခဲ့မယ်ဆိုရင် အိမ်ထောင်မှုကလည်း သမီးရည်းစားဘဝထက် ပိုဆိုးတဲ့အဆင်မပြေမှုတွေ ရှိလာနိုင်ပါတယ်။ ဥပမာ အသန့်ကြိုက်တဲ့သူနဲ့ ပေပေတေတေနေတဲ့သူက ကြာရင် အဆင်မပြေမှုတွေ ဖြစ်မှာပါ။ ပင်ကို အကျင့်တွေက မနီးရင် ချစ်တဲ့သူဖြစ်နေလည်း မပြေလည်နိုင်ပါဘူး။ ဒါ့အပြင် ကိုယ့်အကျင့် ကိုယ်မပြင်ရင်လည်း ဒီအိမ်ထောင်ရေးက အဖုအထစ်တွေနဲ့ ရှိနေမှာပါ။

Shutterstock/wavebreakmedia

(၄) သားသမီးတွေ စိတ်ဒဏ်ရာ ရမယ်

အဆင်မပြေတဲ့ အိမ်ထောင်ရေးကနေ သားသမီးတွေ ရလာခဲ့မယ်ဆို သားသမီးတွေ စိတ်ဒဏ်ရာ ရနိုင်ပါတယ်။ မိသားစုဆိုတာ အပျော်တွေလည်း ကူးစက်တတ်သလို အပူတွေလည်း ကူးစက်တတ်ပါတယ်။ မိဘဖြစ်တဲ့သူတွေ အဆင်မပြေဖြစ်တာက သားသမီးတွေ ရှေ့မှာ မဟုတ်တောင် သားသမီးတွေက ဒီအဆင်မပြေမှုကို ခံစားသိရှိကြပါတယ်။ မပျော်ရွှင်ကြတဲ့ မိဘတွေနဲ့ သားသမီးတွေလည်း မပျော်ရွှင်နိုင်ပါဘူး။ အဖုအထစ်တွေ အရမ်းများပြီး ပေါက်ကွဲကြတဲ့အခါ သားသမီးတွေပဲ စိတ်ဒဏ်ရာ ရကြတာပါ။

READ
သင့်ချစ်သူက သစ္စာရှိတဲ့သူတစ်ယောက် ဟုတ်/မဟုတ် သိနိုင်မယ့်အချက်(၆)ချက်

(၅) ကွာရှင်းမှုလည်း ဖြစ်နိုင်တယ်

အချစ်နဲ့ သံယောဇဉ်နဲ့ ပေါင်းပြီး အသွင်မတူလည်း သည်းခံနိုင်ပါတယ်လို့ ထင်ခဲ့ကြနိုင်ပါတယ်။ ဒါပေမဲ့ အဖုအထစ်ဆိုတာမျိုးက ကျေပျက်သွားမှာ မဟုတ်ပါဘူး။ အဖုအထစ်တွေ အရမ်းများလာပြီး လက်မခံနိုင်လောက်အောင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာတော့မှ လမ်းခွဲပြတ်စဲတာက မကောင်းပါဘူး။ သင့်ကိုယ်သင် အသစ်တစ်ဖန် ပြန်လည်လန်းဆန်းစေနိုင်တယ်ဆိုပေမဲ့ သင်ရွေးချယ်မှု မှားခဲ့လို့ ဒီအခြေအနေ ဖြစ်သွားတာပါ။ အသွင်မတူရင် ဒီလိုမျိုး အဆုံးသတ်နိုင်တာမို့ အစကတည်းက လမ်းခွဲလိုက်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

အားလုံးပဲ လူ့ဘဝခဏလေးမှာ ပျော်ရွှင်စွာ ရှင်သန်သင့်ပါတယ်နော်..။ အပူတွေကို လွှတ်ချလိုက်သင့်ပါပြီ။

Written by Kham

sponsored