မိသားစုတွေကြားထဲမှာ ရှိကိုရှိသင့်တဲ့ ထားရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်းလေးများ

shutterstock/ Monkey Business Images
Sponsored

မိသားစုဆိုတာကတော့ အမြဲတမ်း နေ့ရက်တိုင်းကို အတူဖြတ်သန်းသွားရမယ့် သူတွေပါ။ မိသားစုအချင်းချင်းပဲ ဖြစ်နေပါစေ အိမ်တစ်အိမ်မှာ ထားရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နားလည်မှုလေးတွေတော့ ရှိထားဖို့ လိုအပ်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ မိသားစုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအခြေခံစည်းကမ်းလေးတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

အကြီးတွေက လေးစားမှုကို ပြသပါ

shutterstock/VGstockstudio

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား ဆိုတဲ့ စကားလေးကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒါက တကယ့်ကို လိုအပ်တဲ့ အခြေခံစည်းမျဉ်းတစ်ခုပါ။ မိသားစုတစ်စုမှာ အကြီးတွေကို ကြောက်နေစရာ မလိုပေမယ့် လေးစားမှုတော့ ရှိတတ်ရပါမယ်။ တကယ်လို့ အကြီးတွေ ကိုယ်တိုင်က လေးလေးစားစား မနေတတ်ဘူးဆိုရင် လေးစားခံရဖို့ဆိုတာက အဝေးကြီးပါ။ ဒါကြောင့် အကြီးတွေက လေးစားမှုဆိုတာကို ပြသဖို့ လိုအပ်ပါတယ်။

READ
ကွာရှင်းသည့်တိုင်အောင် ကလေးငယ်တွေကို ပျော်ရွှင်စွာထားမယ့်အချက် ၅ ချက်

ကိုယ့်တာဝန်ကိုယ် ယူတတ်တာ

shutterstock/Prostock-studio
Sponsored

အိမ်မှာ အချောင်ခိုတတ်တဲ့ သူက အပြင်ကို ရောက်သွားခဲ့ရင်လည်း အဲဒီ့အကျင့်က ပါသွားတတ်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်ခြားသော အလုပ်တွေမှာပါ အချောင်ခိုတတ်လာတာမျိုးပေါ့။ ဒီတော့ မိသားစုတစ်စုမှာ တာဝန်ကိုယ်စီ ခွဲဝေယူတတ်ဖို့ လိုပါတယ်။ အိမ်တစ်အိမ်မှာ အိမ်ထောင်ရှင်မ အမေကပဲ အားလုံး သိမ်းကျုံးလုပ်ရတာမျိုး မဟုတ်ပဲ နိုင်ရာဝန်လေးတွေကို ထမ်းစေချင်ပါတယ်။ ဥပမာ – ကိုယ်စားပြီးသား ပန်းကန်လေးကို ဆေးကြောတာ၊ သန့်ရှင်းရေးလုပ်တာ၊ လိုအပ်တာလေးတွေ ကူညီလုပ်ကိုင်ပေးတာ ဒါဟာ တာဝန်ယူတတ်မှုပါပဲ။

ယောကျာ်းအလုပ်၊ မိန်းမအလုပ်ခွဲခြားမနေတာ

shutterstock/ Elena Nichizhenova

အိမ်အလုပ်ဆိုတာ မိန်းမတွေပဲ လုပ်ရတာ၊ ထမင်းဟင်းချက်တာက ယောကျာ်းတွေနဲ့ အဆိုင်ဘူး စတဲ့ အလုပ်တွေ ခွဲခြားတတ်တာမျိုး မရှိသင့်ပါဘူး။ သူမအားရင် ငါလုပ်လိုက်မယ်၊ သူနေမကောင်းတော့ ငါပဲ ဒီနေ့ ဟင်းချက်လိုက်ပါမယ် ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ဒါဟာ နားလည်တတ်တဲ့ စိတ်ကြောင့် သူ့အလုပ်၊ ငါ့အလုပ် မခွဲခြားပဲ လုပ်ဆောင်ခြင်းပါ။

READ
မိသားစုနဲ့အတူ ပျော်စရာ အမှတ်တရတွေ ဖန်တီးပြီး နှစ်သစ်ကို ဖြတ်သန်းနိုင်မယ့် နည်းလေးတွေ

နှိုင်းယှဉ် အပြစ်တင်မှုတွေ

shutterstock/My Ocean Production

မိသားစုဆိုတာ  အားလုံးသောသူတွေထက် ကိုယ့်မိသားစုဝင်အပေါ် နားလည်လက်ခံမှု၊ ဖေးမကူညီမှု ရှိရပါမယ်။ ဒီလိုမှမဟုတ်ပဲ မိသားစုဝင်အချင်းချင်း နှိုင်းယှဉ်ပြောဆိုတာတွေ၊ တစ်ခုခုဆို အပြစ်တင်မဆုံးတာတွေ၊ ကိုယ့်မိသားစုဝင်တွေကို အကောင်းမမြင်တတ်တာတွေက သာယာပျော်ရွှင်တဲ့ မိသားစု မဖြစ်နိုင်ပါဘူး။ ဒီတော့ မိသားစုဝင်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမမှု၊ အားပေးနှစ်သိမ့်တတ်တဲ့ အကျင့်လေးတွေ ရှိတတ်တာက အကောင်းဆုံးပါပဲ။

Khin

sponsored