အုန်းဆီိသီးသန့် အသုံးပြုပြီး ဆံပင်အရှည်မြန်စေမယ့် နည်းလမ်း (၃) မျိုး

Sponsored

ဆံပင်ရှည်ရှည်လေးနဲ့ လှနေချင်တာ မိန်းကလေးတိုင်းလိုလိုရဲ့ စိတ်ကူးအိပ်မက်ပါ။ ဆံပင်ရှည်ဘယ်လောက်ပဲကြိုက်ကြိုက် ဆံပင်က ရှည်မလာတဲ့အခါ စိတ်ညစ်ရပါတယ်။ ဒီတော့ ဆံပင်အရှည်မြန်ချင်တဲ့မိန်းကလေးတိုင်းအတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းကို အဆင်ပြေပါတယ်။

နည်းလမ်း (၁)

Shutterstock
Sponsored

အုန်းဆီ ၂ဇွန်းကို အပူပေးလိုက်ပါ။ ရလာတဲ့ အုန်းဆီနွေးထဲကို သံပုယိုတစ်ခြမ်း အရည်ညှစ်၊ ပျားရည်တစ်ဇွန်းရောမွှေလိုက်ပါ။ ရလာတဲ့ ဆီကို ဆံပင်နဲ့ဦးရေပြားမှာလိမ်းပြီး တစ်နာရီလောက် ထားလိုက်ပါ။ ပြီးရင်တော့ သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

နည်းလမ်း (၂)

Pixabay

အုန်းဆီကို ငှက်ပျော်သီးမှည့်တစ်လုံးနဲ့ သမသွားအောင် ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ထဲကို အုန်းနို့အနည်းငယ် ရောလိုက်ပါ။ ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်မှာလိမ်းပြီး နာရီဝက်လောက် ထားကာ ခေါင်းလျှော်လိုက်ပါ။

နည်းလမ်း (၃)

Shutterstock

ကြက်ဥတစ်လုံးထဲကို ပျားရည်နဲ့အုန်းဆီ ၁ဇွန်းဆီ ထည့်လိုက်ပါ။ ရလာတဲ့ အနှစ်နဲ့ ဆံပင်၊ ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ တစ်နာရီခန့် ထားပြီး လျှော်နေကျခေါင်းလျှော်ရည်နဲ့လျှော်ပေးလိုက်ပါ။

READ
Beauty Blender ကို ထိထိရောက်ရောက် နဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းများ

Em Em

sponsored