တူ၊ တူမတွေ ရှိတဲ့ အဒေါ်တွေသာ သိနိုင်မယ့် ပျော်စရာ အချိန်လေးများ

Photo by Gustavo Fring from Pexels
Sponsored

တီလေးလို့ ခေါ်တဲ့အသံကို ကြားဖူးတဲ့သူဆိုရင်တော့ တူတွေ၊ တူမတွေ ရှိတာ ပျော်စရာကောင်းတာကို သိကြမှာပါ။ ကလေးဆိုတာ အိမ်ရဲ့ ဆည်းလည်း ဖြစ်သလို မိသားစုတစ်ခုကို ပျော်ရွှင်စေတဲ့ သူလေးတွေလည်း ဖြစ်ပါတယ်။ ကိုယ်က အိမ်ထောင်မကျသေးပေမယ့်လည်း တူတွေ၊ တူမတွေ ရှိထားတဲ့ အဒေါ်တွေကတော့ ဒီခံစားချက်တွေကို သိကြပါတယ်။

(၁) တီလေး လို့ ခေါ်တာ

Sponsored

တူတွေ၊ တူမတွေကတော့ အဒေါ်တွေကို အချွဲတတ်ဆုံးသူတွေပဲ ဖြစ်ပါတယ်။ တူတွေ၊ တူမတွေဆီက တီလေးလို့ ခေါ်ပြီး စကားတွေ ပြောတတ်တာမျိုးလေးတွေကို အဒေါ်တွေကလည်း ကြွေကြပါတယ်။ ဒီအသံလေးက သူတို့အတွက် အချိုသာဆုံး အသံလည်း ဖြစ်ပါတယ်။

Photo by Tatiana Syrikova from Pexels

(၂) ပူဆာတာ

တီလေးရေ ဆိုပြီး ပူဆာတဲ့ အရွယ်လည်း ရှိပါတယ်။ တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ တီလေးရေလို့ ပီပီသသ ခေါ်ပြီး သူတို့ လိုချင်တာတွေကို ဝယ်ခိုင်လေ့ ရှိတာ တူတွေ၊ တူမတွေပါပဲ။ မဝယ်ပေးသေးရင် စိတ်ကောက်ကြပေမယ့် သတိပေးရင်းနဲ့ နားလည်ပေးတတ်တာကလည်း တူတွေ၊ တူမတွေပဲ ဖြစ်ပါတယ်။

READ
အိုမင်းနေပြီဖြစ်တဲ့ မိဘဘိုးဘွားတွေကို ဘယ်တော့မှမပြောသင့်တဲ့ စကား(၅) ခွန်း
Photo by Ketut Subiyanto from Pexels

(၃) အတူဆော့တာ

တီလေးရေ ဆော့ရအောင်ဆိုပြီး ခေါ်တတ်ကြသလို တီလေးရေ အစချီ ခေါ်ပြီး ကိုယ်နဲ့ ဆော့ဖို့ လုပ်တတ်တာလည်း သူတို့လေးတွေပါပဲ။ အတူဆော့ရင်းနဲ့ အမှတ်တရတွေ ရှိနေတာကလည်း အဒေါ်တွေအတွက် ပီတိ တစ်ခုပါပဲ။ သူက ပစ္စည်းတွေ ထုတ်ဆော့လိုက်၊ ကိုယ်က သိမ်းလိုက်နဲ့ တကယ်ပျော်စရာကောင်းပါတယ်။

Photo by Gustavo Fring from Pexels

(၄) ဓာတ်ပုံအတူရိုက်တာ

ဖုန်းတွေ ခေတ်စားနေတဲ့ ဒီနေ့လို ခေတ်မှာတော့ ကိုယ့်တူ၊ တူမတွေကို ဓာတ်ပုံရိုက်ထားဖို့ အချိန်မရွေး အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့ကတော့ ပိုပြီး ကိုယ်တွေထက် ဓာတ်ပုံပိုရိုက်ချင်တတ်တာမို့  မရိုးနိုင်တဲ့ပုံစံတွေနဲ့အတူ တူတွေ၊ တူမတွေနဲ့ လက်ညောင်းအောင် ဓာတ်ပုံရိုက်ရတာကလည်း အဒေါ်တွေပါပဲနော်။

Photo by duy dinh from Pexels

(၅) ယုံကြည်မှု ရတာ

ကလေးအများစုကတော့ သူတို့ရဲ့ မိဘတွေထက် အဒေါ်တွေကို ပိုပြီး ချွဲတတ်ကြပါတယ်။ သူတို့အပေါ် အချစ်ပိုတာကို သိပြီး ပူဆာတတ်တာလည်း သူတို့ပါပဲ။ အိမ်က မသိခင်မှာ အဒေါ်တွေကို ယုံကြည်စွာနဲ့ အရုပ်တွေ ဝယ်ပေးဖို့ ပြောတာကလည်း သူတို့ပါပဲ။ သူတို့လေးတွေရဲ့ ယုံကြည်မှု ပေးတဲ့ပုံက သိပ်ကို ချစ်ဖို့ကောင်းလို့ အဒေါ်တွေကလည်း ငြင်းနိုင်လေ့ မရှိပါဘူး။

READ
အလုပ်လက်မဲ့ (သို့) အလုပ်ပြုတ်သွားတဲ့ လက်တွဲဖော်ကို ဘယ်လိုအားပေးနှစ်သိမ့်ရမလဲ

Kham

sponsored