ဆိုင်မှာ အမြဲ သွားမစားဘဲ ကိုယ်တိုင် အိမ်မှာ မုန့်တွေ လုပ်စားသင့်တဲ့ အကြောင်းအရင်း ၅ ချက်

Photo by cottonbro from Pexels
Sponsored

ခေတ်တွေကလည်း တိုးတက်လာသလို အစားအသောက်တွေကလည်း စားချင်စရာတွေ ပိုပြီး များလာပါတယ်။ ဆိုင်တွေ သွားရောက်စားသောက်ကြရင်း ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းကြပါတယ်။ ဒါပေမယ့်လည်း အစားအသောက်တွေကို ဆိုင်မှာ စားသလိုပဲ အိမ်မှာလည်း စားလို့ ရပါတယ်။ ဆိုင်မှာ သွားသွားစားတာထက်စာရင် အိမ်မှာ မုန့်တွေ လုပ်စားတာက ပိုကောင်းကြောင်းပါတယ်။

ကုန်ကျစရိတ်နည်းတယ်

Sponsored

လက်ရှိ လူငယ်တွေကြား ရေပန်းစားနေတဲ့ အစားအသောက်တွေရဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်မယ်ဆိုရင် ဆိုင်မှာထက် ကိုယ်တိုင် ချက်ပြုတ်စားတာက ပိုပြီး သက်သာပါတယ်။ ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင် ဝယ်ယူပြီး ချက်ပြုတ်စားသောက်တဲ့အခါ ငွေကို ချွေတာပြီးသားလည်း ဖြစ်သွားစေတာမို့ အစားအသောက်ကို အဓိက စားတဲ့သူတိုင်း အိမ်မှာ ချက်စားတာ ပိုကောင်းပါတယ်။

Photo by Andrea Piacquadio from Pexels

ပိုများများ စားရတယ်

ဆိုင်မှာ စားမယ့် ငွေကြေးကုန်ကျမှု အတိုင်း ပါဝင်ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် ဆိုင်မှာ ရရှိတဲ့ ပမာဏထက် ပိုပြီး များများ ရပါတယ်။ ဒါကြောင့် မိသားစုတွေအားလုံး အတူစားလို့တောင် ရပါသေးတယ်။ ဒီလိုမျိုး ဆိုင်မှာ စားမယ့် ငွေကြေးသုံးပြီး များများ စားသောက်လို့ ရတာက Foodie အတွက်တော့ သဘောကျစရာ အချက်ပါနော်။

READ
စားလို့အရမ်းကောင်းပြီး ထမင်းမိန်စေတဲ့ဘဲဥအချိုချက်နည်း
Photo by Martin Lopez from Pexels

ချက်ပြုတ်တတ်လာတယ်

အစားအသောက်တွေကို ပထမအကြိမ် ချက်ရုံနဲ့တော့ အရသာ ကောင်းကောင်း ရရှိကြတာ မဟုတ်ပါဘူး။ အမြဲ ချက်မှသာ လက်ရည်က တိုးတက်လာမှာ ဖြစ်ပါတယ်။ အိမ်မှာသာ မကြာခဏ မုန့်တွေ လုပ်စားဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ အချက်အပြုတ် အရည်အချင်းတွေလည်း တိုးတက်လာမှာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုတွေ ပိုရလာမှာ ဖြစ်ပါတယ်။

Photo by Anastasia Shuraeva from Pexels

ပျော်ရွှင်ရတယ်

အစားအသောက်ဆိုတာ အစားအသောက် ကြိုက်သူတိုင်းအတွက် ပျော်ရွှင်မှုပါပဲ။ ကိုယ် ကြိုက်ရာကို ချက်ပြုတ်ပြီး ရလာတဲ့ အစားအသောက်တွေက ကိုယ့်ကို ပိုပိုပြီး ကျေနပ်ပျော်ရွှင်မှုတွေကို ပေးနိုင်ပါတယ်။ ဒီလို ပျော်ရွှင်မှုက အိမ်မှာ ချက်တဲ့အခါ မိသားစုနဲ့အတူပါ ပျော်ရွှင်ဖြစ်စေတဲ့ အချက် တစ်ချက်လည်း ဖြစ်ပါတယ်။

Photo by August de Richelieu from Pexels

မိသားစုနဲ့ အချိန်လည်း ပေးဖြစ်သွားတယ်

READ
ပေါ့ပေါ့ပါးပါးလုပ်သောက်လို့ရတဲ့ ဖရဲသီးဆိုဂျူ ပြုလုပ်နည်း

များသောအားဖြင့် လူငယ်တွေက သူငယ်ချင်းတွေနဲ့ စုပြီး မုန့်စားတာ၊ အလုပ်က အပြန်မှာ စားချင်တာတွေ ဝင်စားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီတော့ မိသားစုနဲ့ အတူ အစားအသောက်တွေကို စားတာမျိုးက နည်းတတ်ပါတယ်။ အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်တဲ့အခါမှာတော့ မိသားစုကိုလည်း အချိန်ပေးပြီးသား ဖြစ်ပြီး အတူပျော်နိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နေပါတယ်နော်။

Kham

sponsored