အသက်ကြီးလာတဲ့ မိဘတွေမှာပဲ ကြုံရမယ့် နာကျင်ဖွယ် ခံစားမှု အမျိုးမျိုး

philipimage/freepik
Sponsored

မိဘဖြစ်တယ်ဆိုတာ လုံးဝ မလွယ်တဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်က ဖြစ်တဲ့ သွေးသားတွေရဲ့ အရာအားလုံးကို ခံစားမိတဲ့သူတွေဆိုတာ မိဘတွေပါပဲ။ မိဘဖြစ်ခြင်းရဲ့ နောက်မှာ လူတစ်ယောက်ကို ပြုစု ပျိုးထောင်ခြင်းအတွက်ပဲ လုံးပမ်းရတာ မဟုတ်ပါဘူး။ ချစ်ခြင်းကြောင့် ဖြစ်လာတဲ့အရာတွေကိုလည်း ခံစားရပါသေးတယ်။ ဒီလိုမျိုး ကလေးတစ်ယောက်က တဖြည်းဖြည်း ကြီးပြင်းလာပြီး မိဘကလည်း အသက်ကြီးလာတဲ့အခါမှာတော့ မိဘတွေက နာကျင်မှုကို ခံစားရတဲ့ အခုလို အကြောင်းအရာတွေ ရောက်လာတတ်ပါတယ်။

(၁) အထီးကျန်မှု

Sponsored

အထီးကျန်တယ်ဆိုတာ အဖော်မရှိဘူး အဖော်ကင်းမဲ့တယ်လို့ ခံစားရတဲ့အခါ ဖြစ်တတ်တာ ဖြစ်ပါတယ်။ မိဘတွေအတွက် အလိုအပ်ဆုံးကတော့ မိတ်ဆွေတွေထက် သားသမီးတွေရဲ့ နွေးထွေးမှုပဲ ဖြစ်ပါတယ်။ သားသမီးတွေ အရွယ်ရောက်လို့ ချစ်သူတွေနဲ့ မိတ်ဆွေတွေနဲ့ အချိန်တွေ ကုန်နေတဲ့အခါ၊ သားသမီးတွေ အိမ်ထောင်ပြုသွားတဲ့အခါ မိဘတွေမှာ ဘဝကို ဖြတ်သန်းရတဲ့ အကြောင်းပြချက်တွေ မဲ့လာပြီး အထီးကျန်မှုတွေ စတင်လာတတ်ပါတယ်။

seventyfour/Freepik

(၂) သားသမီးကို တမ်းတ စွန့်လွှတ်နိုင်စိတ်

READ
ထူးချွန်တဲ့သားသမီးလေးတွေရရှိဖို့ စိတ်ပညာရှင်တစ်ဦးရဲ့ အကြံပြုချက်များ

သားသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အိမ်က ထွက်သွားတဲ့အခါ၊ အိမ်ထောင်တွေ ကျပြီး ထွက်သွားတဲ့အခါ မိဘတွေက ချစ်တဲ့စိတ်ကြောင့် အနားမှာ ရှိစေတဲ့စိတ်ကို မျိုသိပ်ထားရတတ်ပါတယ်။ သားသမီးတွေကို လွမ်းပေမယ့်လည်း သားသမီးတွေက ကိုယ့်လမ်းကိုယ်လျှောက်တာ၊ ကောင်းတဲ့လမ်းကို ပြုလုပ်နေတာတွေအတွက် စိတ်ကို အမြဲ နာကျင်စွာ တင်းထားရတဲ့အချိန်ကတော့ အသက်ကြီးလာတဲ့ မိဘအများစု ကြုံရတဲ့ အချိန်ပါပဲ။

pexels/victor-l

(၃) မျှော်လင့်ချက်မဲ့သွားတာ

မိဘတွေရဲ့ တစ်ဘဝလုံး တွေးတတ်ကြတာကတော့ သားသမီးတွေ အတွက်ပါပဲ။ သားသမီးတွေ စားဝတ်နေရေး အပြင် ပညာရေး လူမှုရေးတွေကိုက အစ မိဘတွေက စိတ်ထဲ အမြဲထည့်ပြီး တစ်ဘဝလုံးကို ဖြတ်သန်းနေကြတာပါ။ သားသမီးတွေ အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေအတွက် လုပ်ပေးစရာ မရှိတော့သလို ခံစားရသလို သားသမီးတွေရဲ့ ငြိုငြင်မှုကို ခံစားရတဲ့ မိဘတွေဆိုရင် ပိုပြီးတော့တောင် ဘဝကို အဓိပ္ပာယ်မဲ့တယ်လို့ ခံစားမှုတွေ ဖြစ်စေပါသေးတယ်။

READ
ကလေးမွေးပြီးနောက် အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ အပြောင်းအလဲ (၅)မျိုး
Photo by Gerd Altmann from Pexels

(၄) အလွမ်းစိတ်

သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေရတဲ့ အိမ်က မိဘတွေအတွက် မိသားစုနဲ့ တူတဲ့ အိမ်လို့ ခံစားရစေပါတယ်။ ဒါပေမယ့် သားသမီးတွေ အိမ်မှာ မရှိတဲ့အချိန်ကတော့ အထီးကျန်ပြီး အလွမ်းတွေ ပိုစေတဲ့ အိမ်လို့ ခံစားရစေပါတယ်။ ဒီလိုမျိုး လွမ်းတဲ့အခါအချိန်တွေကို မိဘတွေ အသက်ကြီးလေ ပိုပြီး ခံစားရလေပါပဲနော်။

Photo by Andrea Piacquadio from Pexels

(၅) နာကျင်မှုနဲ့ အသိစိတ် လွန်ဆွဲရမှု

မိဘတွေရဲ့ မျက်လုံးထဲမှာ သားသမီးတွေက အမြဲ ကလေးပါပဲ။ အသိစိတ်မှာတော့ သားသမီးတွေ ကြီးလာတာ၊ ဘဝကို ရပ်တည်နိုင်တာတွေကို ဂုဏ်ယူမိပေမယ့်လည်း ကလေးဘဝကလို အနားမှာ မရှိတော့တာက သူတို့ကို နာကျင်ဝမ်းနည်းမိစေပါတယ်။ သားသမီးတွေနဲ့ ပျော်ရွှင်စွာ အချိန်တွေကို ဖြတ်သန်းချင်ပေမယ့်လည်း အခွင့်မရှိတဲ့အခါ နာကျင်မှုတွေနဲ့အတူ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့စိတ်ကို သားသမီးတွေ အဆင်ပြေရင် ပြီးတာပဲလေဆိုတဲ့ စိတ်နဲ့ ဖြေသိပ်ကြတာရတာတော့ အသက်ကြီးလာတဲ့ မိဘတွေပဲ ဖြစ်ပါတယ်။

Kham

sponsored