သူငယ်ချင်းကို အရမ်းခင်တွယ်တတ်တဲ့ သူတွေသာ နားလည်နိုင်မယ့် အချက်များ

Photo by Artem Beliaikin from Pexels
Sponsored

လူတိုင်းနီးပါးက သူငယ်ချင်းဆိုတာ ရှိပါတယ်။ သူငယ်ချင်း ရှိတဲ့ ပုံစံမျိုးသာ မတူညီကြတာပါ။ ဟိုသွားဒီသွား သွားလို့ ရတဲ့ သူငယ်ချင်းမျိုး ရှိသလို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပေါင်းလို့ရတဲ့ သူငယ်ချင်းတွေလည်း ရှိကြပါတယ်။ ဒီလိုပဲ မေးထူးခေါ်ပြော အခြေအနေတွေလည်း ရှိတတ်ပါသေးတယ်။ တစ်ချို့သူတွေကတော့ သူတို့ရဲ့ သူငယ်ချင်းဆိုသူတွေကို သံယောဇဉ်တွယ်ပြီး ခင်တွယ်လွန်းတဲ့သူတွေမှာတော့ ဒီလိုမျိုး ကြုံဆုံရလေ့ ရှိပါတယ်။

(၁) ရည်းစားထားတဲ့အခါ

Sponsored

သူငယ်ချင်းတွေ အတူတူ အချိန်တွေ ဖြတ်သန်းခဲ့ကြပြီးမှာ သူငယ်ချင်းက ရည်းစားရသွားတယ်ဆိုရင် ကျန်ခဲ့တဲ့ သူငယ်ချင်းက အသည်းကွဲသလို ခံစားကြရပါတယ်။ အသည်းကွဲတယ်ဆိုတာ ချစ်သူရည်းစားမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေကြားမှာလည်း အသည်းကွဲရပါတယ်။ သူငယ်ချင်းက ကိုယ့်ထက် ပိုပြီး အချိန်တွေ အတူပေးမယ့်သူ ရသွားတဲ့အခါမှာတော့ သူငယ်ချင်းကိုမှ သံယောဇဉ်ကြီးတဲ့သူတွေက ဝမ်းနည်းကြရပါတယ်။

READ
ယနေ့ခေတ် လူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကအခက်အခဲ (၅) ခုအကြောင်း
Photo by Matheus Bertelli from Pexels

(၂) ကိုယ့်ကို အချိန်မပေးတဲ့အခါ

သူငယ်ချင်းကို အရမ်း ခင်တတ်တဲ့သူတွေကတော့ သံယောဇဉ်ပါ တွယ်လွန်းတတ်ကြပါတယ်။ ကိုယ့်ထက် ကိုယ်မသိတဲ့ တခြား သူ့သူငယ်ချင်းတွေနဲ့ တွဲနေတာကို မြင်တဲ့အခါ ကိုယ်ခင်သလောက် ကိုယ့်ကို မခင်ဘူးလားလို့ တွေးတတ်ကြသလို ကိုယ့်ကို ခင်ရော ခင်ရဲ့လားလို့  သံသယတွေပါ ထပ်ဖြစ်လာတတ်ပါတယ်။ ဒါတွေကလည်း ကိုယ်ချစ်ရတဲ့ သူငယ်ချင်းမို့ အချိန်မပေးတာကို အခုလို ခံစားနေကြရတာ ဖြစ်ပါတယ်။

Photo by Asya Cusima from Pexels

(၃) စိမ်းကားသွားတဲ့အခါ

ဘယ်ရယ်ကြောင့်မှန်း မသိရပါဘဲ တစ်ချို့သူငယ်ချင်းတွေကတော့ ကိုယ့်ကို အခေါ်အပြော မလုပ်ကြတော့ပါဘူး။ သူငယ်ချင်းတွေကို ခင်တတ်ပြီး ချစ်တတ်ကြတဲ့သူတွေကတော့ ကိုယ် ဘာအမှားများ လုပ်မိသလဲဆိုပြီး ဝမ်းနည်းနေတတ်ပါတယ်။ ဒီလိုသူမျိုးတွေက သူငယ်ချင်းတွေကို ပိုပြီး အနစ်နာလည်း ခံတတ်ကြပါသေးတယ်။

Photo by Asya Cusima from Pexels

(၄) အထီးကျန်ခြင်း

READ
သားလေး Dream နဲ့အတူ မိသားစု ပျော်ပျော်ပါးပါး picnic ထွက်ခဲ့တဲ့ HAHA နဲ့ Byul

သူငယ်ချင်းတွေကို ခင်တွယ်တတ်သူတွေက အမြဲ သူငယ်ချင်းတွေကို လိုအပ်နေလေ့ ရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း သူငယ်ချင်းတွေကို တန်ဖိုးထား အချိန်တွေ ပေးသလို သူတို့ကိုလည်း အဲ့သလိုပဲ ခင်ခင်မင်မင် ရှိစေချင်တာ သူတို့ရဲ့ စိတ်ရင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ်မျှော်လင့်ထားသလို သူငယ်ချင်းတွေ မရှိတဲ့အခါ ရမလာတဲ့အခါ သူတို့က အထီးကျန်ခြင်းကို တဖြည်းဖြည်း ခံစားလာရလေ့ ရှိပါတယ်။

Skitterphoto/Freepik

(၅) မနေနိုင်ခြင်း

သူငယ်ချင်းတွေကို ခင်တတ်လွန်းတွေက သူငယ်ချင်းတွေကို အမြဲ အလျှော့ပေးတတ်ကြတာ များပါတယ်။ သူငယ်ချင်းတွေကြားမှာ အမြဲ သူတို့က ဦးစားပေးတတ်သလို ဂရုစိုက်တတ်သူတွေလည်း ဖြစ်နေပါတယ်။ ဒါက သူတို့ကို သူငယ်ချင်းတွေက ထားသွားမှာ ကြောက်တဲ့စိတ်က တစ်ဝက်၊ သူတို့ရဲ့ ခင်မင်တတ်တဲ့ စိတ်က တစ်ဝက်ကြောင့်ပဲ ဖြစ်ပါတယ်။

Kham

sponsored