အမျိုးသမီးတိုင်းမဖြစ်မနေသိထားရမယ့် ကျန်းမာရေးအကြံပြုချက် (၅) ချက်

shutterstock/Yuriy Maksymiv
Sponsored

အမျိုးသမီးလေးတွေအတွက် အလှအပကအရေးကြီးသလိုပဲ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးကလည်း အရေးကြီးတာပါပဲ။ နေ့စဉ်နေ့တိုင်းလုပ်မိတတ်တဲ့အမူအကျင့်လေးတွေက ကျန်းမာရေးကို မသိမသာနဲ့ထိခိုက်စေနိုင်တာမို့ အမျိုးသမီးကျန်းမာရေးအတွက် ဆောင်ရန်၊ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Feminine wash ကို တစ်နေ့နှစ်ကြိမ်သုံးပေးပါ

freepik/pressfoto

အမျိုးသမီးကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်ထဲမှာ feminine wash ကိုမှန်မှန်ကန်ကန်သုံးပေးဖို့လည်း ပါပါတယ်။ feminine wash ကိုသုံးတဲ့အခါ မနက်နဲ့ညဘက်ရေချိုးတဲ့အချိန် နှစ်ကြိမ်သုံးပေးရင်လုံလောက်ပါပြီ။ သန့်စင်ခန်းတစ်ကြိမ်ဝင်တိုင်း feminine wash တစ်ကြိမ်သုံးပေးဖို့မလိုပါဘူး။ အဲ့လို ခဏခဏသုံးရင် ခြောက်သွေ့ယားယံတာတွေဖြစ်လာနိုင်ပါတယ်။

(၂) အရမ်းကြပ်လွန်းတဲ့ဂျင်းဘောင်းဘီတွေမဝတ်ပါနဲ့

Sponsored

အရမ်းကြပ်လွန်းတဲ့ဂျင်းဘောင်းဘီတွေက အတွင်းပိုင်းမှာလှောင်ပိတ်မှုကိုဖြစ်စေပြီး ဘက်တီးရီးယားတွေကို ပိုမိုပေါက်ပွားစေပါတယ်။ ဒါကြောင့် အတန်အသင့်ချောင်တဲ့ဂျင်းဘောင်းဘီ၊ ချည်သားဘောင်းဘီလေးတွေကို ရွေးပြီးဝတ်ပေးပါ။

(၃) ချည်သားအတွင်းခံဘောင်းဘီကိုရွေးပါ

ချည်သားမဟုတ်တဲ့ အတွင်းခံတွေက အသားအရေနဲ့ဓာတ်မတည့်မှုတွေဖြစ်စေနိုင်ပြီး ဘက်တီးရီးယားတွေပွားများအောင် အကူအညီပေးသလိုဖြစ်နေတာကြောင့် ချည်သားအတွင်းခံတွေကို ရွေးချယ်ပါ။

READ
ဥာဏ်ပညာအထက်မြက်ဆုံး ရှားရှားပါးပါးရာသီခွင် (၃) ခု

(၄) ဓမ္မတာလာစဉ်မှာ လစဉ်သုံး Pad တွေအစား Menstrual cup ကိုသုံးပေးပါ

freepik/freepik

လစဉ်သုံး Pad တွေက အမျိုးသမီးကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေသလို၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် Pad တွေအစား Menstrual cup တွေကို သန့်သန့်ရှင်းရှင်းသုံးတာက ကျန်းမာရေးနဲ့လည်းကိုက်ညီပြီး သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။

(၅) စိုစွတ်နေတဲ့အဝတ်တွေနဲ့အချိန်အကြာကြီးမထိတွေ့ပါနဲ့

စိုစွတ်နေတဲ့အဝတ်တွေကို မြန်မြန်မလဲဘဲ အချိန်ကြာကြာထိတွေ့တဲ့အခါ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ပွားစေပြီး ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တဘက်အစိုတွေနဲ့ပတ်ထားတာမျိုး၊ ရေစိုအဝတ်တွေအချိန်ကြာကြာဝတ်ထားတာမျိုးမလုပ်ဘဲ ခြောက်ခြောက်သွေ့သွေ့ ၊ သန့်သန့်ရှင်းရှင်းနေပါ။

RAY

sponsored