
Sponsored



Sponsored


bride


BURQEZEgd_N



Grinny (Shwemom)


Unicode Version

တကယ့်မီးတွေနဲ့ Wedding Photo ရိုက်ခဲ့တဲ့သတို့သမီးနောက်ဆုံးဘာဖြစ်သွားလဲ

407EDB3600000578-4518500-image-a-13_1495116908477

တရုတ်နိုင်ငံကသတို့သမီးတစ်ဦးဟာသူမရဲ့ Wedding Photo တွေအတွက် photoshop မသုံးဘဲ၊ တကယ့်မီးကိုအလောင်ခံပြီးရိုက်ခဲ့တာကြောင့်လူမှုကွန်ယက်တစ်ခွင်နာမည်ကြီးသွားခဲ့ပါတယ်။
ဒီလိုအံ့ဖွယ် Wedding Photo ရိုက်ဖို့အတွက်ဓာတ်ပုံဆရာ Zheng ဟာသတို့သမီးဖြစ်သူနဲ့တိုင်ပင်ပြီးတကယ့်မီးတွေကိုသုံးဖို့စီစဉ်ခဲ့တာပါ။

READ
ခင်ပွန်းတွေက သားသမီးတွေထက် ဇနီးတွေကို ပိုတွယ်တာချစ်ခင်ကြတဲ့ အကြောင်းရင်းများ

bride

Fuzhou ရေကန်စပ်နားသတို့သမီးရပ်နေစဉ်အတွင်း ဓာတ်ပုံဆရာ Zheng နဲ့သူ့ရဲ့လက်ထောက်ဟာ သတို့သမီးရဲ့ဂါဝန်စကိုမီးစွဲလောင်စေပြီးသတို့သမီးရဲ့ပို့စ်များကိုအမိအရရိုက်ကူးခဲ့ပါတယ်။
သတို့သမီးကလည်းတမူထူးခြားတဲ့ Wedding Photo ထွက်လာစေဖို့ဂါဝန်မီးလောင်နေတဲ့ကြားကပို့စ်ပေးကောင်းခဲ့တယ်လို့ဆိုရမှာပါပဲ။
ဒီလိုဂါဝန်စကိုမီးစွဲလောင်စေပြီးရိုက်ကူးတဲ့စိတ်ကူးသစ်ကို Wedding photographer ကောင်းတစ်ယောက်ဖြစ်တဲ့ John Michael Cooper ကစတင်ခဲ့တာပါ။

ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်းသတို့သမီးရဲ့ကျောပြင်အဝတ်စထိမီးစွဲလောင်ခဲ့ပေမယ့်လည်း၊ ကံကောင်းစွာနဲ့ Zheng ရဲ့လက်ထောက်ကအသင့်ဆောင်ထားတဲ့မီးသတ်ဆေးဘူးနဲ့အချိန်မီငြိမ်းသက်နိုင်ခဲ့ပါတယ်။

BURQEZEgd_N

နောက်ဆုံးမှာတော့ အနာခံမှအသာစံရမယ့်ဆိုတဲ့အတိုင်း Zheng ရဲ့ဓာတ်ပုံများဟာလက်ရာမြောက်ခဲ့တာကြောင့်ကြိုးစားရကျိုးနပ်တယ်လို့ဆိုနိုင်ပါတယ်။

ပရိတ်သတ်တွေကိုတော့အရမ်းအန္တရာယ်များတာကြောင့်မစမ်းသပ်ကြဖို့ပြောပါရစေ။

Grinny (Shwemom)
Source: Daily Mail and Miaopai

sponsored