Sponsored
(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)
Sponsored
062012-Jennifer-Hudson-400_1
#၀ိုင်းတဲ့ မျက်နှာ
050510-Reese-400_0
READ
ဆံပင်နဲ့ဦးရေပြားထဲက အဆိပ်တွေအားလုံးကို ထုတ်ပေးမယ့် အိမ်တွင်းနည်းလမ်းများ
#ဘဲဥပုံမျက်နှာ
050410-Taraji-400_0
#နဖူးကျဉ်းသူတွေအတွက်
050510-Claudia-400_0
Ref;instyle
[Unicode Version]
 မျက်နှာနဲ့ လိုက်ဖက်တဲ့ ရှေ့ဆံပင်ပုံစံ ရွေးချယ်နည်း..
ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ပြောလို့ရပါတယ်။ဘယ်ေ လာက်ပဲ လှပတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပါစေ၊မိတ်ကပ််ကို လှအောင် လိမ်း ထားပါစေ လိုက်ဖက်တဲ့ ဆံပင်ပုံစံက ကိုယ်နဲ့မလိုက်ရင် ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ပါဘူး။လူတစ်ယောက်ချင်းစီမှာ သူတို့နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံဆိုတာ ရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက်ရဲ့ မျက်နှာကျပေါ် မူတည်ပြီး လိုက်ဖက်တဲ့ ဆံပင် ပုံစံချင်းတူနိုင်မှာ မဟုတ်ပါဘူး။ဒီတစ်ခါမှာ ပြောပြပေးချင်တာကတော့ လိုက်ဖက်တဲ့ ရှေ့ဆံပင်ပုံစံရွေးနည်းပါ။ကိုယ့်ရဲ့ မျက်နှာက ဘယ်လို ပုံစံမျိုး လဲ.?ဘေးခွဲ၊ခလယ်ခွဲ (ဒါမှမဟုတ်)ရှေ့ချထားတဲ့ ဆံပင်ပုံ ဘယ်လို မျိုးနဲ့ လိုက်လဲဆိုတာကို အောက်မှာဖော်ပြထားပါတယ်။
062012-Nicole-Richie-400_1
 #လေးထောင့်ကျတဲ့ မျက်နှာပုံစံ
ဒီလို မျက်နှာပိုင်ရှင်တွေ ကတော့ အလိုက်ဖက်ဆုံးရှေ့ဆံပင် စတိုင်ကတော့ ရှေ့ကို ချထားတဲ့ ဆံပင်စတိုင်မျိုးလို့ L.A ဆံပင်ပညာရှင်တစ်ဦးက ပြောပါ တယ်။ချတဲ့ အခါမှာလည်း မျက်လုံးကိုဖုံးတဲ့အထိမျိုးမချပါနဲ့။ပုံမှာပြထားတဲ့ အတိုင်း မျက်လုံးကိုတော့ ဖော်ထားပါ။လုံးဝအတိချတာမျိုး မဟုတ်ပဲ ဘေးဆံ ပင်တွေကိုတော့ နည််းနည်းချင်းစီရှည်သွားတဲ့ ပုံမျိုး ညှပ်ပေးရပါမယ်။
READ
အရောင်းဆိုးထားတဲ့ ဆံပင်ကို မပျက်စီးအောင်နဲ့ အရောင်မွဲမသွားအောင် ထိန်းသိမ်းနည်း
062012-Jennifer-Hudson-400_1
 #၀ိုင်းတဲ့ မျက်နှာ
၀ိုင်းတဲ့ မျက်နှာမျိုးနဲ့ လိုက်တာကတော့ ရှေ့ကို အပြည့်ချတဲ့ ဆံပင်ပုံစံပါ။ဆံ ပင်ကို ရှေ့ကို ချတဲ့ အခါမှာ အပေါ်ကလိုမျိုး ခပ်ပါးပါးပဲ ချလို့ မရပါဘူး။အတိ ပုံမျိုးနဲ့ နည်းနည်းထူထူလေး ချပေးရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ ချစ်စရာ ကောင်းတဲ့ မျက်နှာဝိုင်းလေးဖြစ်သွားမှာပါ။
050510-Reese-400_0
#အသည်းပုံ မျက်နှာပုံစံ
အသည်းပုံမျက်နှာပိုင်ရှင်တွေကတော့ ရှေ့ကို ချထားတဲ့ ဆံပင်မျိုးထက် ဘေးခွဲပြီး ရှေ့မှာ ဆံပင်ကို(မျက်ခုံးမွှေးအောက်)လောက် ချထားတဲ့ ဘေးခွဲ မျိုးနဲ့ ပိုလိုက်ပါတယ်။
efa4edeb5ad53dbb91c2ba038a9f71ee
 #ဘဲဥပုုံမျက်နှာ
ဒီလိုမျက်နှာပိုင်ရှင်အနေနဲ့ကတော့ မျက်ခုံးကို ဖုံးတဲ့ ရှေ့ချထားတဲ့ ဆံပင်စတိုင် မျိုးနဲ့ လိုက်ဖက်ပါတယ်။အဖြောင့်နဲ့ နဖူးနဲ့ မျက်ခုံးကြား ပုံစံမျိုးက သင့်မျက်နှာကို ပိုနုစေမယ့် ရှေ့ချထားတဲ့ ဆံပင်ဆံတိုင်ပါ။
050410-Taraji-400_0
 #နဖူးကျဉ်းသူတွေအတွက်
နဖူးကျဉ်းတဲ့ သူတွေအနေနဲ့ကတော့ ရှေ့ဆံပင်ပုံစံဟာ တစ်ဖက်ကို ခွဲပြီး နည်းနည်းထူထူလေး ချပေးသင့်ပါတယ်။အထပ်ပုံစံစတိုင်မျိုး ညှပ်ပေး သင့်ပါတယ်။
050510-Claudia-400_0
နဖူးမောက်တဲ့ သူတွေအနေနဲ့ကတော့ အပြောင်ထက် ရှေ့ကို ချထားတာအေ ကာင်းဆုံးပါ။နဖူးအလယ်ပိုင်းမှာ ခပ်လျောလျောကျနေတဲ့ ဆံပင် ပုံစံမျိုးနဲ့ လိုက်ဖက်ပါတယ်။အရမး်အထူကြီးချဖို့ မလိုပါဘူး။ခပ်ပါးပါးပဲ ချရင် ရပါတယ်။
Ref;instyle
sponsored