ဝန်ထမ်းလျှော့တဲ့အခါ ထိပ်ဆုံးက အလုပ်ဖြုတ်ခံရနိုင်တဲ့ လူ (၃) မျိုး

Freepik-pressfoto
Sponsored

အခုကာလကြီးက လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ အခြေအနေတွေ သိပ်ကောင်းနေတာမျိုးမဟုတ်ပါဘူး။ သူဌေးတွေကလည်း လုပ်ငန်းဆိုင်ရာ အရှုံးပေါ်မှာတွေ၊ ရည်ရှည်မတောင့်ခံနိုင်မှာ စိုးတာတွေကြောင့် အဓိကဦးစားပေး စဉ်းစားလုပ်ဆောင်လာတာကတော့ ဝန်ထမ်းလျှော့ချဖို့ပါပဲ။

ဒီတော့ ဒီလိုအခြေအနေမျိုးမှာ ဝန်ထမ်းလျှော့ချခံရမယ့်အထဲ ပါကိုပါနိုင်မယ့် လူတန်းစား (၃) မျိုးရှိနေပါတယ်။

Sponsored

(၁) တိုးတက်မှုမရှိတဲ့လူ

Freepik-jcomp

လုပ်ငန်းခွင်ဝင်ပြီဆိုရင်တော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင်လုပ်နေရမှာပါပဲ။ လုပ်ငန်းပိုင်ရှင်တွေဟာလည်း တိုးတက်မှုမရှိတဲ့ဝန်ထမ်းထက် အမြဲလိုလို သင်ယူစိတ်ပြင်းပြနေပြီး တိုးတက်ရာတိုးတက်ကြောင်းအတွက် တက်တက်ကြွကြွသင်ယူနေတတ်တဲ့ ဝန်ထမ်းကိုပဲ လိုချင်ကြမှာပါ။ ဒီအပြင် ကိုယ့်အကျိုးအတွက် တိုးတက်ရာတိုးတက်ကြောင်းကိုလည်း အမြဲတမ်းရှာဖွေနေရမှာဆိုတော့လေ။

အခုခေတ်မှာက ကိုယ့်အလုပ်တစ်ခုတည်း တတ်ကျွမ်းနေလို့မဖြစ်ဘဲ ဘာသာစကား၊ နည်းပညာတို့အပြင် တခြားသော ဆက်စပ်လုပ်ငန်းတွေကိုလည်း တစ်ဖက်ကမ်းခတ်မဟုတ်တောင် တီးမိခေါက်မိတော့ ရှိနေရမှာပါပဲ။ အလုပ်ဝင်ပြီး တစ်နှစ်လည်း ဒီအတိုင်း၊ နောက်တစ်နှစ်လည်း ဒီအတိုင်းပဲဆိုရင်တော့ ဒီလိုအခြေအနေမျိုးမှာ ပြုတ်စော်နံဖို့ သေချာနေပါပြီ။

READ
ပျော်ရွှင် အောင်မြင်သူတို့ ဂရုမစိုက်သည့်အရာ(၈)ခု

(၂) တာဝန်မကျေတဲ့သူ

Freepikyanalya

ဝန်ထမ်းကိုယ်စီတိုင်းမှာ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်ဆိုတာ ကိုယ်ဆီရှိကြပါတယ်။ အဲဒီတာဝန်ကိုတောင်မှ မကျေပွန်နိုင်တဲ့အပြင် ကိုယ့်တာဝန်ကိုတောင် သူများဆီကို ခေါင်းရောင်းတတ်တဲ့လူမျိုး ဒါမှမဟုတ် တစ်ရက်ဆို တစ်ရက်၊ တစ်ပတ်ဆို တစ်ပတ်၊ တစ်လဆို တစ်လ အလုပ်ကြွေးတွေ အမြဲတမ်းလိုလိုတင်နေတတ်တဲ့လူမျိုးကိုလည်း ဘယ်အလုပ်ရှင်မှအမြင်ကြည်တော့မှာမဟုတ်ပါဘူး။

ဒီလိုအခြေအနေမျိုးမှာဆို ကိုယ့်ရာထူးရဲ့တာဝန်အပြင် multi-tasking (တခြားတာဝန်တွေကိုပါ ပိုင်ပိုင်နိုင်နိုင် တာဝန်ယူ) တတ်တဲ့လူမျိုးတွေကိုပဲ လိုလားနေကြမှာပါ။

(၃) ဝန်ထမ်းချင်း ဆက်ဆံရေးမပြေပြစ်တဲ့လူ

Freepik-jcomp

အခုတ်မှာက အထက်လူကြီးတွေ၊ စီနီယာတွေဆိုပြီး ဟောက်စားလုပ်လို့မရတော့ပါဘူး။ ဘယ်လောက်ပဲ ရာထူးချင်းကွာသည်ဖြစ်စေ တစ်ဦးနဲ့တစ်ဦး mutual respect (အချင်းချင်း လေးစားသမှု) နဲ့ ပြောဆိုဆက်ဆံရတဲ့ခေတ်ဖြစ်နေပါပြီ။

ဒီတော့ လုပ်ငန်းခွင်မှာ တခြားသောဝန်ထမ်းတွေနဲ့ အဆင်မပြေတဲ့လူမျိုးဆိုရင် အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းဆိုင်ရာမှာ ခေါင်းခဲရုံတင်မကဘဲ အလုပ်ခွင်ထဲကဆက်ဆံရေးတွေကိုပါ အချိန်ပိုပေးမဖြေရှင်းပေးနိုင်တဲ့အတွက် အများနဲ့တစ်ယောက် အဆင်မပြေဖြစ်လာပြီဆိုရင်တော့ အလုပ်ထုတ်ခံရမှာ အသေချာပါပဲ။ ဆိုလိုတာ မလိုအပ်ဘဲ နိုင့်ထက်စီးနင်းလုပ်တတ်တဲ့လူမျိုး၊ လုပ်ငန်းခွင်အတွင် အတင်းပြောတတ်တဲ့လူမျိုး၊ အလုပ်လုပ်တာ အခါခါလွဲတဲ့အတွက် တခြားလူတွေကို အနှောက်အယှက်ဖြစ်စေတတ်တဲ့လူမျိုး၊ ပိုက်ဆံကိစ္စ လုပ်ငန်းခွင်အတွင်း အရှုပ်ရှင်းရှိတဲ့လူမျိုးတွေပေါ့။

READ
ညိုချောလေးတွေမှာ ရှိနေတဲ့ သူများနဲ့မတူတဲ့ ဆွဲဆောင်မှုလေးတွေ

ဒီတော့ ကိုယ်ကိုယ်တိုင်ရော အပေါ်ကပြောခဲ့တဲ့ လူစား (၃) မျိုးထဲ ပါဝင်နေပြီလားဆိုတာ စမ်းစစ်ပါ။ ပါနေပြီလို့ စိတ်ထင်နေပြီဆိုရင်တော့ အမြန်ဆုံး ကိုယ့်ကိုယ်ကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။

Penny

sponsored