မိန်းကလေးတွေရဲ့အသည်း အသက် ၂၀ တန်းအရွယ် ဆွဲဆောင်မှုရှိတဲ့ မင်းသား (၇) လက်

Celebrities's Instagram
Sponsored

အမြဲတမ်း သရုပ်ဆောင်အသစ်တွေ ပေါ်ပေါ်လာနေကျ ဟောလိဝုဒ်လောကထဲ ၂၀၂၀ ခုနှစ်အတွင်း မိန်းကလေးတွေ အကြိုက်များနေကြတဲ့ မင်းသားတွေ အများကြီးရှိလို့နေပါတယ်။ အဲဒီအထဲကမှ ဆွဲဆောင်မှု ခပ်ပြင်းပြင်းနဲ့ အသက် ၂၀ တန်းအရွယ်ရှိနေတဲ့ မင်းသားလေး (၇) လက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတို့တွေကတော့..

(၁) Cole Sprouse

Sponsored

အီတလီ-အမေရိကန်သားလေး Cole Sprouse ကတော့ Disney ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပေမယ့် River Dale တို့၊ Five Feet Apart တို့လိုမျိုး ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း လူကြိုက်များလာခဲ့တာပါ။ အသက်ကတော့ ၂၆ နှစ်ရှိနေပါပြီ။

Instagram- @colesprouse

(၂) Tom Holland

96 born လေးဖြစ်တဲ့ Tom Holland လေးကတော့ Spider-Man မင်းသားလေးအဖြစ် လူသိများကြပါတယ်။ သူ့ရဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်အရွှင်နေတတ်ပြီးတော့ မျက်နှာပြောင်မှုလေးတွေနဲ့ အလွဲလေးတွေဟာ မိန်းကလေးတွေကြားထဲ ချစ်စဖွယ်လေး ဖြစ်နေခဲ့ပါတယ်။

READ
ဇနီးဖြစ်သူနဲ့ ရန်ဖြစ်ဖူးတဲ့ အကြိမ်ရေကို ထုတ်ပြောလိုက်တဲ့ HaHa
The Devil All The Time

(၃) KJ APA

Netflix ရဲ့ Riverdale ကားထဲမှာ Archie Andrews အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဆံနီမင်းသားလေးကတော့ အသက် ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ နယူးဇီလန်က မင်းသားလေးပါ။

Riverdale

(၄) Noah Centineo

အပြုံးလေးတွေနဲ့ ဆံပင်ကောက်ကောက်လေးတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ခြွေချနေတဲ့ Noah Centineo လေးကတော့ To All the Boys I Loved Before နဲ့ မိန်းကလေးတွေရဲ့ စိတ်ဝင်စားခြင်းကို စခံလာခဲ့ရတာပါ။

Perfect Date

(၅) Ross Butler

13 Reason Why နဲ့ နာမည်ကြီးလာခဲ့တဲ့ Ross Butler ကတော့ အာရှသွေးပါတဲ့ မင်းသားလေးတစ်လက်ပါ။ အသက်ကတော့ ၂၉ နှစ်ရှိလို့နေပါပြီ။

READ
တစ်ခုလပ်၊ အပျိုဆိုတဲ့ သတ်မှတ်ချက်တွေက အရေးမပါတော့ဘူးလို့ဆိုလာတဲ့ ပတ်ထရစ်ရှာ
13 Reasons Why

(၆) Timothée Chalamet

အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ Timothée Chalamet ကတော့ “Living Art on Earth” ဆိုပြီးတော့တောင် တင်စားခံထားရတဲ့ မင်းသားလေးပါ။ Call Me By Your Name နဲ့ ပရိတ်သတ်တွေကြားထဲ စတင်နာမည်ကြီးလာခဲ့တာလည်းဖြစ်ပါတယ်။

Call Me By Your Name

(၇) Jacob Elordi

Kissing Booth ထဲက မင်းသားချောလေး Jacon Elordi ကလည်း sexy ကျတဲ့ မင်းသားလေးတွေစာရင်းထဲ ချန်မထားသင့်တဲ့ မင်းသားလေးတစ်လက်ပါပဲ။ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် ၂၃ နှစ်ပဲရှိပါသေးတယ်။ အရပ်ကလည်း ၆ ပေကျော်နေပြီး တောင့်တင်းလှတဲ့ ခန္ဓာကိုယ်နဲ့ ရွှေရောင်ဆံပင်လေးနဲ့ မိန်းကလေးတွေကို ဆွဲဆောင်နေတာပါ။

Kissing Booth

penny

sponsored