ဒိတ်လုပ်တဲ့အခါ ဒီစကား (၅) ခွန်းကို ကောင်လေးတွေက စိတ်အပျက်ဆုံးပါပဲ

Freepik- yanalya
Sponsored

ဒိတ်လုပ်တယ်ဆိုတာ စိတ်ဝင်စားတဲ့သူနှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက်သိပြီးတော့ ရင်းနှီးလာအောင် တွေ့ကြတာမလား။ ဒီလို ဒိတ်နေရင်းမှာပဲ ရုတ်တရက် သူ့ဖက်က သင့်ကို စိမ်းသွားတာမျိုး၊ နောက်ထပ် ထပ်ပြီးမတွေ့ချင်အောင် ဖြစ်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ဒိတ်နေတုန်း သူ့ကို ဒီလိုစကားတွေ ပြောခဲ့လို့ပါတဲ့။ စကားတွေကတော့..

အလုပ်အကြောင်းအရမ်းညီးတာ

Sponsored

သူလည်းမသိ၊ သူနဲ့မရင်းနှီးတဲ့ အလုပ်အကြောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်အကြောင်းတွေကို အတင်းပြောလိုက်၊ စိတ်ပျက်စရာကိစ္စတွေကိုပြောလိုက်နဲ့ ငြီးနေမယ်ဆိုရင် သူ့ခင်ဗျာ အစကတော့ ရေလိုက်ငါးလိုက် လိုက်ပြောနိုင်ပေမယ့်လို့ ကြာလာတဲ့အခါ အရမ်းပျင်းဖို့ကောင်းပြီး စိတ်ပျက်လာပါလိမ့်မယ်။

Freepik- cookie_studio

တခြားလူတွေရဲ့ relationship အကြောင်းတွေ

ဘယ်သူ့ကောင်လေးကတော့ ဘယ်လို surprise တွေလုပ်တာ၊ ဘယ်လိုချစ်ပေးတာကစလို့ ဘယ်လိုဖောက်ပြန်တာအဆုံး သင်တို့နဲ့မသက်ဆိုင်တဲ့ တခြားလူနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်း ပြောနေမယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ တခြားလူနဲ့သူ့ကို ယှဉ်နေတယ်ဆိုပြီး အထင်မှားတတ်ကြပါတယ်တဲ့။

အရမ်းကြွားနေမယ်ဆိုရင်

ဒယ်ဒီက ဘာတို့၊ မာမီက ဘာတို့ ဆိုပြီး ပြောမှ ကြွားတာမဟုတ်ဘဲ ဘယ်သူနဲ့သိတာ၊ ကျွန်မက အလုပ်မှာဆို ဘယ်လို၊ ဘယ်က ကော်ဖီမှသောက်တာ စတာတွေဟာလည်း အမျိုးသားတစ်ယောက် သင့်အပေါ်ထားတဲ့ မေတ္တာကို တုံးစေပါတယ်။

READ
Relationshipတစ်ခုမှာ ရင့်ကျက်တဲ့အမျိုးသမီးတွေဘယ်တော့မှမလုပ်တဲ့အရာ(၅)ခု
Freepik- Racool_studio

နိစ္စဒူဝကိစ္စတွေကိုပြောတာမျိုး

ဒိတ်လုပ်တယ်ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက် သိဖို့ဆိုတာ မှန်ပေမယ့်လို့ သင်မျက်လုံးနှစ်လုံး ဖွင့်တာကစပြီး ဘာမဟုတ်တဲ့ သာမန် နိစ္စဒူဝကိစ္စတွေကိုချည်း report တင်သလို လိုက်ပြောပြနေတာမျိုးကလည်း သင့်ကို စိတ်ဝင်စားမှုလျော့နည်းစေပါတယ်။

ဟာသမပြီးသေးဘဲ ရယ်တာမျိုး

ကောင်လေးတွေက သင့်ကို အထင်ကြီးစေဖို့အတွက် ဟာသလေးတွေ ပြောလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီဟာသတွေကိုလည်း မပြီးသေးဘဲ သင်က ကြိုရယ်ပြန်ရင်လည်း မကြိုက်ပြန်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောမယ့်ဟာကို သင်က သိပြီးသားဆိုပြီး အထင်လွဲတတ်ကြသလို သူတို့ကိုလည်း စော်ကားသလို ခံစားရလို့ပါတဲ့လေ။

Freepik- master1305

penny

sponsored