တင်ပါးလေး ဆွင့်ဆွင့်ကားကားနဲ့တင်းရင်းလှပစေမယ့် အစားအစာနဲ့လေ့ကျင့်ခန်းများ

Freepik- svetlanasokolova
Sponsored

ဘယ်မိန်းကလေးမဆို လှပတဲ့ တင်ပါးလေးတွေကို ပိုင်ဆိုင်ချင်ကြမှာပါနော်။ ဒါဆိုရင် လုံးဝန်းပြီးလှပတဲ့ တင်ပါးလေးတွေရဖို့ ဘယ်လိုအစားအသောက်တွေစားပြီး ဘယ်လိုလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အစားအစာများ

Sponsored

အစားအစောအတွက်ကိုတော့ အဓိကအားဖြင့် ပရိုတင်းဓာတ်နဲ့ ပြည့်ဝဆီပါဝင်တဲ့ အစားအသောက်တွေကို အဓိကထားစားသုံးပေးရမှာပါ။ ဥပမာ အာလူး၊ ကန်စွန်းဥ၊ ကြက်ရင်ပုံသား၊ ထောပတ်သီး၊ ကြက်ဥတို့တို့လို ပရိုတင်းတွေစားပေးလို့ရတဲ့အပြင် ဆယ်လ်မွန်၊ ငါးကြီးဆီတွေစားပေးနိုင်ပါတယ်။ ဒီအပြင် နွားနို့၊ တို့ဟူးတို့ကိုလည်းစားပေးလို့ရနိုင်ပါတယ်။

Freepik- yuliyafurman

လေ့ကျင့်ခန်း

အစားပဲစားပြီး လေ့ကျင့်ခန်းမလုပ်ရင်လည်း ကိုယ်မလိုချင်တဲ့နေရာတွေဆီကိုပဲ အာဟာရတွေက ရသွားမှာပါ။ ဒီအတွက်ကြောင့် တင်ပါးအသားပေးလေ့ကျင့်ခန်းလေးတွေကိုလည်း နေ့တိုင်းပုံမှန်လုပ်ပေးသင့်ပါတယ်။

(၁) Lung Squat

ခြေထောက်နှစ်ချောင်ကို ရှေ့နောက်ထား၊ ကိုယ်ကိုမတ်ပြီး ထိုင်ထလုပ်ရတာမျိုးပါ။ ထိုင်တဲ့အချိန်၊ ထတဲ့အချိန်တွေမှာ တင်ပါးမှာရှိနေတဲ့ ကြွက်သားတွေကို ညှစ်ထားရပါမယ်။

(၂) Donkey Kicks

ဒီလေ့ကျင့်ခန်းဟာ တင်ပါးပင့်တင်လုံးဝန်းမှုကို ဖြစ်စေပါတယ်။ လေးဖက်ထောက်အနေအထားနဲ့ ခြေထောက်ကို ၉၀ ဒီဂရီကွေးလျက် အနောက်ကို ပြန်ကန်ရမှာပါ။

READ
ပျိုမေတို့ ရှိရင်းစွဲအလှကို ပိုမိုထင်ရှားစေမယ့် မိတ်ကပ်လိမ်းနည်းလျှို့ဝှက်ချက် (၇)ခု

(၃) Side Squat Kick

Squat လုပ်ရင်း ဘေးကိုပါ ခြေထောက်ကို ကားထုတ်ပေးရတဲ့အတွက် ဘေးသားမညီညာမှုတွေကို ချောမွန်စေမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ခါးကို မတ်မတ်ထား၊ တင်ကိုအနောက်ပစ်ပြီး ပြန်ထတဲ့အခါ ဖနောင့်နဲ့ထရမှာပါ။

(၄) Sumo Squat

Sumo Squat ကတော့ ရိုးရိုး ထိုင်ထလုပ်တာနဲ့မတူဘဲ ခြေထောက်နှစ်ဖက်လုံး ဘေးဖက်ကို ကား၊ ခြေဦးကိုလည်း အပြေင်ဖက်ကိုထားပြီးမှ squat ထိုင်ရတာပါ။ ဘေးသားချိုင့်ဝင်မှုပျောက်ကင်းကာ တင်ပါးကို ဘေးကားစေပါတယ်။

(၅) Single Leg Bridge

ပက်လက်လှန်အနေအထားနဲ့ ခြေထောက်တစ်ဖက်ကိုထောင်ကာ နောက်တစ်ဖက်ကို ထောင်ထားတဲ့ခြေထောက်ပေါ်ကို ထားပြီး တင်ပါးကြွကြွပေးရတဲ့ လေ့ကျင့်ခန်းပါ။ အောက်က ဗီဒီယိုထဲ ပထမဆုံးလေ့ကျင့်ခန်းပါနော်။ သူကတော့ တင်ပါးကို ပုံစံမှန်စေပါတယ်။

သေချာလုပ်ချင်တယ်ဆိုရင်တော့ online fitness vlogger ဖြစ်တဲ့ Chloe Ting ရဲ့ ၁၀ မိနစ်စာ workout ဗီဒီယိုလေးအတိုင်း လိုက်လုပ်ကြည့်နိုင်ပါတယ်။

penny

sponsored