ဆံသား ကျန်းမာပြီး အုံထူလာစေဖို့ စားပေးသင့်တဲ့ အစားအစာ (၄)မျိုး

Shutterstock/Ness Pirs
Sponsored

ဆံသားပါးလို့စိတ်ညစ်နေတာလား။ ဆံသားကျန်းမာပြီး အုံထူဖို့ဆိုတာ အပြင်ပိုင်းမှာလည်း ပြုပြင်ထိန်းသိမ်းဖို့လိုသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကိုလည်း စားပေးဖို့လိုပါသေးတယ်။ ဆံသားအုံထူချင်ရင်တော့ ဒီနည်းတွေအတိုင်း စားပေးဖို့ အကြံပေးချင်ပါတယ်။

(၁) ကြက်ဥ

Pixabay/stevepb
Sponsored

ကြက်ဥကတော့ ဆံသားကျန်းမားရေးအတွက် စားပေးသင့်ဆုံး အစားအစာထဲမှာ အဓိကပါဝင်နေပါတယ်။အကြောင်းကတော့ ကြက်ဥမှာ ပရိုတင်း နဲ့ ဘိုင်အိုတင်း ဓာတ်တို့ပါတာကြောင့်ဖြစ်ပါတယ်။ ဆံသားတစ်မျှင်ချင်းဆီက ပရိုတင်းနဲ့တည်ဆောက်ထားတာဖြစ်လို့ ပရိုတင်းဓာတ်မလုံလောက်ရင် ဆံပင်ကျွတ်တတ်ပါတယ်။

(၂) ဟင်းနုနွယ်

ဟင်းနုနွယ်က folate, iron, နဲ့ vitamins A နဲ့ C တို့ပါဝင်မှု အများဆုံး အရွက်တစ်မျိုးဖြစ်ပါတယ်။ ဒီဓာတ်တွေက သူ့နေရာနဲ့သူ ဆံပင်ရှည်မြန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ vitamins A က ဦးရေပြားအဆီကိုထုတ်ပေးစေပြီး ဦးရေပြားကိုမခြောက်သွားအောင်စွမ်းဆောင်ပေးနိုင်လို့ ကျန်းမာစိုပြေတဲ့ ဆံသားကိုပိုင်ဆိုင်းရမှာပါ။

(၃) အဆီများတဲ့ငါး

READ
အသားအရေကို နုပျိုစေတဲ့ သဘာဝပစ္စည်းများ
Pixabay/cattalin

အဆီများတဲ့ငါးတွေကတော့ ဆယ်လဲမွန် ၊ ငါးသလောက် ၊ မက်ကရက်ငါး တို့ဖြစ်ပြီး ဒီငါးတွေက ဆံပင်ရှည်မြန်လာစေဖို့ကို မြှင့်တင်ပေးပါတယ်။ အကြောင်းကတော့ omega-3 fatty acids တွေ ကြွယ်ဝစွာပါဝင်တာကြောင့်ဖြစ်ပါတယ်။ Omega-3 fatty acids ပါဝင်တဲ့ ဖြည့်စွက်စာတွေကိုသောက်ပေးရင်လည်း ဆံပင်ကျွတ်တာသက်သာစေပြီး ဆံပင်ပါးချင်ကနေလည်းကာကွယ်ပေးနိုင်ပါတယ်။

(၄) ကန်စွန်းဥ

ကန်စွန်းဥမှာ beta-carotene တို့ပါဝင်ပါတယ်။ ခန္ဓာကိုယ့်ထဲရောက်သွားရင် ဗီတာမင် အေ အဖြစ်ပြောင်းသွားတာကြောင့် ဦးရေပြားအဆီထုတ်ပေးမှုကိုလည်း အားပေးပါတယ်။ vitamins A က ဆံသားတစ်မျှင်ချင်းဆီကို အားဖြည့်ပေးနိုင်တာကြောင့် ဆံလုံးတုတ်လာစေမှာပါ။

Hannwe Soe

sponsored