တစ်ညလုံးမအိပ်ရသေးလည်း အင်အားပြည့်လန်းဆန်းနေအောင် စားရမယ့်အစားအစာ (၄) မျိုး

Freepik- asier_relampagoestudio
Sponsored

ညဖက်မအိပ်ခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ရဲ့ အားအင်တွေအကုန်လုံးကို ကုန်ခမ်းစေရုံသာမကဘဲ ဦးနှောက်ရဲ့ စွမ်းဆောင်ချက်တွေကိုပါ ကျဆင်းစေနိုင်ပါတယ်။ အကယ်၍ သင်ဟာ အကြောင်းတစ်ခုခုကြောင့် တစ်ညလုံး မအိပ်ရသေးတာတို့၊ ဒါမှမဟုတ် ခဏလေးပဲ မှိန်းရသေးတာတို့လိုမျိုးဆိုရင်တော့ တစ်နေ့တာမှာ ပင်ပမ်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး အားအင်ပြည့်အောင် ဒီလိုအစားအသောက်တွေကို မဖြစ်မနေစားပေးပါနော်။

(၁) နွားနို့

Sponsored

မအိပ်ရသေးလို့ လန်းဆန်းအောင်ဆိုပြီး ကဖိန်းဓာတ်ပါတဲ့ ကော်ဖီလိုမျိုးသောက်တာထက်စာရင် အားအင်ပြည့်စေမယ့် နွားနို့လိုအရာမျိုးကို ပိုသောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အိပ်ရေးပျက်တဲ့အချိန်မျိုးမှာ ကော်ဖီသောက်လိုက်ရင် အာရုံစူးစိုက်မှုတွေဟာ ပြင်းထန်လာမှာပါ။

Freepik- freepik

(၂) အမဲသား

အိပ်ရေးပျက်တဲ့အခါ ဇီဝရုပ်ဖြစ်ပျက်မှုတွေ ကမောက်ကမဖြစ်လာပြီးတော့ သွေးအားလည်း နည်းလာတတ်ပါတယ်။ ဒီအတွက်ကြောင့် ခန္ဓာကိုယ်အတွက် အားအင်ပြည့်အောင် အမည်းသားကိုလည်း နေ့လည်စာအတွက် စားသင့်ပါတယ်။

Freepik- molina

(၃) သံပုရာရည်

သံပုရာရည်ဟာ စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့အတွက် တစ်ညလုံး မအိပ်ဘဲ ငြီးစီစီနဲ့မှိုင်းထနေတဲ့စိတ်တွေကို ပြေပျောက်စေမှာပါ။

Freepik- 8photo

(၄) အစိမ်းရောင်အရွက်များ

READ
အိမ်မြှောင်အသားစားသုံးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၁၀) မျိုး

အစိမ်းရောင်အရွက်တွေဟာ ဗီတာမင်ဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တဲ့အတွက် ဒီလိုနေ့မျိုးမှာလည်း အစိမ်းရောင်အရွက်တွေကို တတ်နိုင်သလောက် များများစားသင့်ပါတယ်။ အစိမ်းအရောင်အရွက်တွေဟာ ကော်ဖီထက်ပိုကောင်းတဲ့ အင်အားပြည့်ဝမှုကို ပေးစွမ်းနိုင်ပါတယ်။

Freepik-pvproductions

(၅) ကြက်ဥ

ကြက်ဥဟာ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်နေတဲ့အတွက်ကြောင့် အိပ်ရေးပျက်တဲ့နေ့တွေမှာလည်း အားအင်အပြည့်နဲ့ တစ်နေ့လုံးအလုပ်တွေလုပ်ရင်း နေမကောင်းမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

freepik- freepik

penny

sponsored