သဘာဝအတိုင်း အသားလေးဖြူဝင်းနေစေမယ့် အစားအစာတွေ

Freepik-kitthanes
Sponsored

အသားဖြူဖို့အတွက် ဟိုဆေး၊ဒီဆေးတွေ အကုန်အကျခံပြီး သောက်နေစရာမလိုတော့ပါဘူး ပျိုမေတို့ရေ။ ဆေးဝါးဆိုတာမျိုးက ဘယ်လိုပဲ ဘေးထွက်ဆိုးကျိုးနည်းပါးအောင် ထုတ်ထားထုတ်ထား၊ အနည်းနဲ့အများဆိုသလိုတော့ side effect တွေက ရှိပါတယ်။ အသားဖြူချင်တဲ့ ပျိုမေလေးတွေအတွက် ဘာဆေးမှ သောက်စရာမလိုဘဲ သဘာဝအတိုင်း အသားအလေးဖြူဝင်းစိုပြည်နေစေမယ့် အစားအစာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

[email protected]

(၁) အမည်းရောင်ချောကလက် (dark chocolate)

Sponsored

Dark chocolate မှာပါဝင်တဲ့ cocoa polyphenol နဲ့ flavonoids ဓာတ်တွေဟာ အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေနိုင်တဲ့ antioxidant တွေဖြစ်ပြီး နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးတာ၊ အသားအရေ အရောင်မညီညာတာတွေကို ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။

shutterstock/Roman Samborskyi

(၂) လက်ဖက်စိမ်းရေနွေးကြမ်း (green tea)

လက်ဖက်စိမ်းရေနွေးကြမ်း green tea ဟာဆိုရင်လည်း antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို ဖြူဝင်းစေရုံသာမက အရွယ်မတိုင်ခင် အရေးကြောင်းတွေ ပေါ်ထွက်လာတာတာကို လျော့ပါးစေနိုင်ပါသေးတယ်။ တနေ့ကို green tea နှစ်ခွက်ခန့် သောက်သုံးပေးခြင်းဟာ လေထုညစ်ညမ်းမှုနဲ့ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။

Freepik-freepik

(၃) အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ

READ
ပင်ပန်းညောင်းညာနေတဲ့ ခြေထောက်လေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်း(၄)မျိုး

အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ကီဝီသီး စတာတွေမှာ ဗီတာမင်စီနဲ့ antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို သဘာဝအတိုင်း ဖြူဝင်းလာစေနိုင်ပြီး အသားအရေကို တင်းရင်းစိုပြည်စေတဲ့ collagen တွေ ထွက်ရှိလာအောင် ကူညီပေးနိုင်တာကြောင့် အသားအရေလေး လှချင်ရင် စားသုံးပေးသင့်တဲ့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။

(၄) သေဘာၤသီး

သဘောင်္သီးဟာဆိုင်လည်း antioxidant ကြွယ်ဝတဲ့ အသီးအနှံတမျိုးဖြစ်ပြီး သူ့မှာပါဝင်တဲ့ papain လို့ခေါ်တဲ့ enzyme တမျိုးဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပျက်စီသွားတဲ့ အသားအရေကို ပြန်လည်ကောင်းမွန် ဖြူဝင်းလာစေနိုင်ပါတယ်။

Calcifer

sponsored