ကိုယ့်ကလေးလေးကို မှန်ကန်တဲ့ စားသောက်မှုပုံစံဖြစ်စေဖို့ မိဖတိုင်း သိထားသင့်တဲ့ အချက်တွေ

shutterstock/Oksana Kuzmina
Sponsored

ကလေးလေးတွေကို ငယ်စဉ်ကတည်းက အဟာရပြည့်ဝစေဖို့ မှန်ကန်တဲ့ စားသောက်မှုပုံစံ ဖြစ်ဖို့ လိုအပ်ပါတယ်။ မိဖအများစုက ကလေးတွေကို အစားအသောက် ကျွေးဖို့အားသန်ကြပေမယ့် မျှတတဲ့ အဟာရကို ကျွေးဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။ ကလေးမကြိုက်ဘူးလို့ ပြောလိုက်တာနဲ့ တစ်ခြား ကလေးအကြိုက်ကိုလိုက်ပြီးပဲ ကျွေးမွေးတတ်ကြပါတယ်။ ဒီတော့ ကိုယ့်ကလေးလေးကို မှန်ကန်းတဲ့ စားသောက်မှု ပုံစံအတွက် ဘယ်လိုကျွေးသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အပေးအယူဆန်တဲ့ စားသောက်ပုံမျိုး မလုပ်သင့်ဘူး

shutterstock/Oksana Kuzmina

ကိုယ့်ကလေးလေးကို ငယ်ငယ်ကတည်းက အဲဒါကုန်အောင်စားပြီးရင် အချိုပွဲစားရမယ် သို့ ကိတ်မုန့်ကျွေးမယ် ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို ပြောလိုက်တဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ မကောင်းတာနဲ့ ကောင်းတာဆိုပြီး စွဲသွားတတ်ပြီးတော့ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာ သူတို့ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ ကိတ်တို့ ၊ အချိုပွဲတို့၊ burger တို့ကိုသာ ပိုနှစ်သက်သွားတတ်ကြပါတယ်။

READ
မိသားစုထဲက သားလတ်၊ သမီးလတ်တွေမှာပဲ တွေ့ရတတ်တဲ့ စိတ်ထားနဲ့ ခံယူချက်များ

အတင်းအကျပ်ကျွေးတာမျိုး

Sponsored

ကလေးက ဆက်မစားချင်တော့တဲ့ အခြေအနေမျိုးမှာ အတင်းကျွေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ခြိမ်းခြောက်ပြီးကျွေးတာမျိုးပေါ့ ဒါကုန်အောင်မစားရင် ဒီနားက မထရဘူး သို့ ဒါကိုကုန်အောင်စားမှ ကာတွန်းကားကြည့်ရမယ် စသဖြင့် အတင်းအကျပ်ကျွေးတာမျိုးကို ရှောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကလေးလေး အရွယ်ရောက်လာတဲ့အခါမှာ ကိုယ်အတင်းအကျပ်ကျွေးလိုက်တဲ့ ရလဒ်က အဲဒီ့အစားအစာကို သူတို့မကြိုက်တော့ပဲ ဖြစ်သွားတတ်လို့ပါ။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ကျွေးခြင်း

shutterstock/komokvm

ဒီအချက်က သိသိရက်နဲ့ လုပ်မိနေတဲ့ မိဖတွေရဲ့ အမှားမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အသင့်စားအစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားစာတွေကို အိမ်မှာ ကိုယ့်ကလေးလေး ကြိုက်လို့ဆိုပြီး ဝယ်ထားတတ်ကြပါတယ်။ သူတို့တွေကို အပြင်မထွက်စေချင်တဲ့အခါမျိုးမှာ ဒီလိုမုန့်တွေနဲ့ အပြင်မထွက်အောင်၊ မဆော့အောင် လုပ်တာမျိုးတွေပေါ့။ ဒီလိုတွေ လုပ်မယ့်အစား ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေ ကျွေးဖို့ လိုအပ်ပါတယ်နော်။

READ
ကိုယ်ဝန်ဆောင်ထားတဲ့ဇနီးသည်အတွက် ချစ်တတ်တဲ့ခင်ပွန်းတိုင်းလုပ်ပေးရမည့်အရာများ

ကလေးတွေ စားချင်လာအောင် မဆွဲဆောင်ခြင်း

ကလေးလေးတွေ အစားစားချင်စိတ် ဖြစ်လာအောင် မိဖတွေကပဲ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ အစားစားချင်စိတ် ဖြစ်လာအောင်လို့ ရိုးရိုးတန်းတန်း ဒီအတိုင်းကျွေးတာထက် ကလေးလေးတွေ စိတ်ဝင်စားစေမယ့် အသီးအရွက်တွေကို အရုပ်ပုံလေးတွေ ပန်းကန်ပြားပေါ်မှာ ပြင်ဆင်ပြီး ကျွေးတာက ပိုထိရောက်စေပါတယ်။

Khin

sponsored