ရာသီခွင်အလိုက် ကွဲပြားသွားမယ့် အစားပုပ်တဲ့ ပျိုမေတို့ရဲ့ အကျင့်စရိုက်များအကြောင်း

Freepik- freepik
Sponsored

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ထဲက ပုန်းအောင်းနေတဲ့ အစားပုတ်မိစ္ဆာလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။ ဘယ်လိုရာသီခွင်က အစားအသောက်ပေါ် ဘယ်လိုသဘောထားတယ်၊ ဘယ်လိုတွေစားတတ်ပြီး ချေးများကာ ဘယ်လောက်တောင် အစားပုတ်တယ်ဆိုတာ ဖော်ပြပးသွားမှာပါ။ ကဲ.. ကိုယ့်ရာသီခွင်ကို ရှာပြီး ဖတ်လိုက်ဦးနော်။

Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ

Sponsored

သူတို့ကတော့ အားလုံးထဲမှာ အစားစားတာ အထက်တန်းအကျဆုံးလို့ပြောရမယ်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ဖြေးဖြေးဆေးဆေးပဲ စားတတ်ကြတယ်။ အစပ်မပါရင် ဘာမှမစားဘူးဆိုတဲ့ Aries လေးတွေပါပဲ။

Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ

သူတို့ကတော့ အစားအသောက်ကို မတွ့တိုတတ်တဲ့ ရာသီခွင်လေးတွေပဲဖြစ်ပါတယ်။ သူတစ်လုတ်စားရင် အနားကလူကိုလည်း တစ်လုတ်လိုက်ကျွေးတတ်တဲ့လူမျိုး။ ဒါပေမဲ့ စိတ်ခံစားချက်မကောင်းရင် အစားပိုစားတတ်တာကြောင့် ဝိတ်ချဖို့တော့ ခက်ခဲနေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ စိတ်ညစ်လေ စားလေပဲ။

Gemini:  မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ

ရာသီခွင်တွေထဲ အစားအသောက်ပေါ် လုံးဝစိတ်မပါဆုံး ရာသီခွင်ဆိုရင် Gemini တွေပါပဲ။ တစ်ခါတစ်လေ စားဖို့တောင် မေ့နေတတ်ပြီး စားဖို့သတိရရင်တောင်မှပဲ စားရမှာပျင်းလို့ အိပ်ချည်းနေတတ်တဲ့လူတွေပါ။

Freepik- bearfotos

Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ

READ
မျက်လုံးပုံစံအရွယ်အစား ကပြောတဲ့ သင့်အကြောင်း

ဈေးကြီးပေ့၊ ကောင်းပေ့၊ ညွန့်ပေ့ဆိုတဲ့အစားအသောက်တွေကိုမှ စာားတတ်တဲ့ Cancer လေးတွေပါပဲ။ စိတ်လှုပ်ရှားပြီး ကြောက်စိတ်ဝင်ရင် ပိုစားတတ်တဲ့အမျိုး။ လမ်းဘေးဆိုင်တွေဘာတွေဆို လှည့်တောင်မကြည့်တတ်ဘူး။

Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ

Leo တွေကတော့ အပြင်စာတွေထက် ကိုယ်တိုင် ဟင်းတစ်ပွဲကို ချက်ပြုတ်ပြင်ဆင်ရတာမျိုးကို နှစ်သက်တတ်ကြတယ်။ နောက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးတတ်တဲ့ ရှားရှားပါးပါး လူမျိုးတွေပါ။ သူတို့ကတော့ အသီးအရွက်နဲ့ အသီးနှံတွေကို ပိုပြီး ဦးစားပေးစားတယ်။

Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ

သူတို့ကတော့ ခန္ဓာကိုယ်အလှအပကို ဦးစားပေးတတ်တဲ့လူတွေကြောင့် အစားပုတ်ချင်ပေမယ့် အလှအပကြောင့် အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းနဲ့ စားတတ်တဲ့သူလေးတွေပါပဲ။ Organic food တွေ၊ healthy food တွေ စတာတွေကိုပဲ စားတတ်တယ်။ အာလူးချောင်းကြော်တွေ၊ ဘာဘယ်တီးတွေဆိုတာ သူ့အတွက် နိုးနိုးပါပဲတဲ့။

Freepik- freepik

Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ

လုံးဝ sweet tooth လေးတွေပဲ။ အချိုတွေ၊ အအီအစိမ့်တွေကို အရမ်းကြိုက်တဲ့ အမျိုးစားလေးတွေ။ ဘူဖေးစားရင်တောင် အသားတွေဘာတွေထက် ရေခဲမုန့်တွေ၊ ချောကလတ်တွေ၊ ကိတ်မုန့်တွေကိုပဲ မျက်စောင်းထိုးနေကြတဲ့ Libra လေးတွေပါပဲ။

Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ

READ
ခန့်မှန်းရခက်တဲ့ ရှားပါး AB သွေးလေးတွေရဲ့ အတွင်းစိတ် (၁၀) မျိုး

အစပ်ကို တစ်နေကုန်စားဆိုရင်တောင် စားနိုင်တဲ့ Scorpio တွေ။ နောက်ပြီး မနက် ၃ နာရီလောက်ထပြီး တစ်နေရးနိုးတာတောင် ဗိုက်ဆာရင် ငရုတ်သီးကိုက်တတ်တဲ့လူမျိုးတွေ။ အံ့ပပဲ။

Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ

သူတို့ကတော့ အစားထက် အသောက်ကို ပိုဦးစားပေးတဲ့လူမျိုးတွေ။ ၃၀၀ တန်အအေးလေးကစလို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဘာဘယ်တီး၊ အရက် ဘာလာလာသောက်မယ်ဆိုတာချည်းပဲတဲ့။

Freepik- vetlanasokolova

Capricorn: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ

သူတို့ကတော့ အပြင်စာထက် သူ့ကို တစ်ယောက်ယောက်က ရည်ရွယ်ပြီး ချက်ပေးထားတဲ့ ဟာလေးတွေကို ပိုကြိုက်တတ်ကြတယ်။ ဒါပေမဲ့တစ်ခုရှိတယ်။ အဲဒါ သူတို့စားတဲ့ အစားအသောက် ပေါ့နေရင် လုံးဝဆက်မစားတော့ပါဘူးတဲ့။ “ဆား” ချစ်သူလေးတွေပေါ့။

Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ

ရာသီခွင်တွေထဲ ချေးလုံးမများတဲ့ ရာသီခွင်လို့ဆိုရမယ်။ ဘာလာလာစားတယ်၊ ဘာဖြစ်ဖြစ် သောက်တယ်၊ ဘယ်ချိန်ဖြစ်ဖြစ် စားသောက်တယ်။ ပြီးရင် လူကိုကြည့်လိုက် ဘော်ဒီက စလင်းပဲ။

Pisces: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ

ဘယ်လိုရယ်ကြောင့်လဲမသိဘူး Pisces လေးတွေဟာ ရေသောက်အရမ်းနည်းတတ်ကြတယ်။ ရေသောက်ဖို့ကို သတိကို မရကြတာ။ ကျန်တာတော့ ထွေထွေထူးထူးမရှိပေမယ့် ရေများများသောက်ဖို့တော့ လိုမ်နော်။

Freepik- svetlanasokolova

penny

sponsored