ဆံပင်တွေထူထဲနက်မှောင်သန်မာလာစေဖို့ ကူညီပေးနေတဲ့ အစားအစာ (၆) မျိုး

Freepik- freepic.diller
Sponsored

ဆံပင်တွေထူထဲလာစေဖို့ အမြဲတမ်း ဆေးတွေပဲစား၊ ခေါင်းလျှော်တဲ့ နည်းလမ်းတွေနဲ့ပဲ သုံးနေရတာ ပျင်းစရာမငေ်းနေဘူးလား။ ဒီတစ်ခေါက်ထူးထူးခြားခြားလေးဖြစ်အောင် အစားအသောက်နဲ့ ဆံပင်ထူလာအောင် ဘယ်လိုအစားအသောက်မျိုးတွေ စားသင့်တယ်ဆိုတာကို ဖော်ပြပေးသွားမှာပါ။

Freepik- freepic.diller

(၁) သရက်သီး

Sponsored

သရက်သီးမှာပါဝင်တဲ့ စီလီကာ၊ ဗီတာမင် အေ၊ B6 နဲ့ စီ၊ ဖိုလိတ်တို့ဟာ ဦးရေပြားရဲ့ တစ်ရှူးတွေကို လှုံ့ဆော်ပေးတာကြောင့် ဆံပင်ပေါက်နှုန်းကိုမြှင့်တင်ပေးပါတယ်။

(၂) ကြက်ဥ

ဗီတာမင် အေ၊ ဒီ နဲ့ carotenes, lutein, zinc နဲ့ ပရိုတင်းတို့ ကြွယ်ဝစွာပါဝင်ပြီး ကော်လဂျင်ဓာတ်လည်း ပြည့်ဝတဲ့အတွက်ကြောင့် ဆံပင်တွေကို အားကောင်းစေပါတယ်။

Freepik- azerbaijan_stockers

(၃) Flaxseeds

ဖြည့်စွက်စာအဖြစ် နာမည်ကြီးနေတဲ့ flaxseeds တွေမှာ အိုမီဂါ ၃ ဓာတ်ပါဝင်နေတဲ့အတါက်ကြောင့် အားနည်းနေတဲ့ ဆံသားတွေကို တစ်ဖန်အားပြန်ကောင်းလာစေမှာပါ။

(၄) ဖရုံစေ့

အပျင်းအပြေဝါးလို့ရတဲ့ ဖရုံစေ့တွေဟာလည်း zinc, iron, phosphorus,  magnesium, manganese, copper နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ အထူးသဖြင့် zinc ဓာတ် ပိုပါတဲ့အတွက်ကြောင့် ဆဲလ်အသစ်ဖြစ်ခြင်းကို အားပေးပါတယ်။ ဒီတော့ ဆံပင်ပေါက်မြန်တာပေါ့။

READ
ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေတဲ့ ပျိုမေတွေ စားသင့်တဲ့ အစားအစာများ
Freepik- topntp26

(၅) ပဲပိစပ်

ပဲနို့လုပ်တဲ့ ပဲပိစပ်တွေမှာ dihydrotestosterone လို့ခေါ်တဲ့ ဟော်မုန်းပါရှိပြီး သူဟာ ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပါတယ်။

(၆) ထောပတ်သီး

ဗီတာမင် အီ၊ ပိုတက်ဆီယမ်၊ အိုမီဂါ-၉ နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်ပါတယ်။ အဲဒီအထဲကမှ ဗီတာမင် အီးဟာ အောက်ဆီဂျင်စပ်ယူမှုအားကောင်းတဲ့အတွက် ဦးရေပြားသွေးလည်ပတ်မှုကို အားကောင်းစေကာ ဆံပင်သန်စွမ်းစေပါတယ်။

penny

 

sponsored