ဆံပင်ကျွတ်နေတာချက်ချင်းရပ်ပြီး ဆံပင်ပြန်လည်ထူထဲ သန်စွမ်းလာစေမယ့်အစားအစာ(၆)မျိုး

Sponsored

အလှကြိုက်တဲ့ ပျိုမေတို့တွေ ဆံကေသာနဲ့ ပတ်သက်လို့ ဖြောင့်တာ၊ကောက်တာတွေ၊ ဆေးဆိုးတာတွေနဲ့ ပုံစံအမျိုးမျိုးပြောင်းပြီး ဆံပင်ထိန်းသိမ်းမှု ပြန်မလုပ်ရင် ဆံပင်တွေပျက်စီးလာပြီး ခေါင်းဖြီးတိုင်း အထွေးလိုက် ကျွတ်ထွက်ကုန်ပါလိမ့်မယ်။ ဆံကေသာထိန်းသိမ်းမှုတွေ လုပ်တဲ့အခါ ဓာတုပစ္စည်းတွေနဲ့လည်း လုပ်နိုင်သလို၊ သဘာဝနည်းလမ်းလေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေက ဆံပင်သန်စွမ်းဖို့ ကူညီပေးပြီး အဲ့ဒီအစားအစာတွေကို ပုံမှန်စားပေးရုံနဲ့ ဆံပင်ကျွတ်တာတွေကို ရပ်တန့်သွားစေပြီး ဆံပင်တွေမြန်မြန်ရှည်ပြီး ၊ ထူထဲလာစေနိုင်ပါတယ်။ ဒီတော့ ဆံပင်သန်စွမ်းထူထဲဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဟင်းနုနွယ်

shutterstock

ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဓာတ်တွေက ဦးရေပြားကျန်းမာဖို့အတွက် ကောင်းကောင်းအထောက်အကူပြုနိုင်ပြီး ဆံပင်အတွက်လိုအပ်တဲ့အာဟာရတွေကိုဖြည့်ဆည်းပေးနိုင်တာကြောင့် ဆံပင်သန်စွမ်းပြီး မြန်မြန်ရှည်ချင်တယ်ဆိုရင် ဟင်းနုနွယ်ကို နေ့တိုင်းစားပေးသင့်ပါတယ်။

(၂) ငါး

shutterstock
Sponsored

ငါးမှာပါဝင်တဲ့ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ နဲ့ အဆီဓာတ်တွေက ပျက်စီးသွားတဲ့ဆဲလ်တွေပြန်လည်ဖွဲ့စည်းဖို့ ကူညီပေးတာကြောင့် ပျက်စီးနေတဲ့ဆံပင်အရင်း နဲ့ ဦးရေပြားကို ပြန်လည်ကျန်းမာစေပြီး ဆံပင်တွေ ပြန်လည်သန်စွမ်း လာစေပါတယ်။

READ
မျက်နှာအသားအရေ လှနေအောင် ဘယ်လိုထိန်းသိမ်းမလဲ

(၃) ကန်စွန်းဥ

shutterstock

ကန်စွန်းဥမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်အေတို့က ဦးရေပြားမှာရှိတဲ့ အဆီဂလင်းလေးတွေကို အာဟာရဖြည့်ပေးတာကြောင့် ဆံပင်တွေကို အမြစ်ကနေသန်မာစေပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်နေတာတွေကို သက်သာသွားစေပြီး ရှည်လည်းရှည်လွယ်စေပါတယ်။

(၄) ထောပတ်သီး

shutterstock

ထောပတ်သီးက ဗီတာမင် စီ နဲ့ ဗီတာမင် အီးကြွယ်ဝတဲ့အပြင် ဓာတ်တိုးဆန့်ကျင်နိုင်တဲ့အစွမ်းလည်းရှိတာကြောင့် ဆံပင်သန်စေရုံမက ဆံပင်မဖြူအောင်၊ မပါးအောင် အကူအညီပေးနိုင်ပါတယ်။

(၅) ပုစွန်

shutterstock

ပုစွန်မှာ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင် ဒီ နဲ့ ဇင့်ဓာတ်၊ သံဓာတ် နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကျွတ်တာကို ရပ်တန့်စေပြီး ဆံပင်အုံပြန်ထူလာအောင် ကူညီပေးနိုင်ပါတယ်။

(၆) ပဲအမျိုးမျိုး

shutterstock

ပဲအမျိုးမျိုးမှာ ဗီတာမင် အေ၊ စီ၊ ဒီ၊ အီး နဲ့ တခြား ဇင့်ဓာတ်၊ အိုင်အိုတင်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင် မြန်မြန်ရှည်လာအောင်၊ ဆံပင်အသစ်တွေထပ်ထွက်လာအောင် ကူညီပေးပါတယ်။

READ
ိမျက်နှာပေါ်ကအဆိပ်အတောက်တွေကို ဖြေပေးမယ့် အသားလှ ပေါင်းတင်နည်း (၃) မျိုး

MAY THAZINHTOO

sponsored