အဆီမရှိတဲ့ ဗိုက်ချပ်ချပ်လေး ဖြစ်စေဖို့ ဒီအစားအစာတွေကို ရှောင်ပေးပါ

Pexels / Edward Eyer
Sponsored

ဗိုက်အဆီကို ချဖို့ လေ့ကျင့်ခန်းလုပ်ရင်း အချိန်များစွာကို ရင်းရပါမယ်။ ဗိုက်အဆီရှိတာက Alzheimer ရောဂါဖြစ်ပွားနိုင်ချေကိုလည်း ပိုမိုမြင့်မားစေပါတယ်။ ကျန်းမာတဲ့ နေထိုင်ပုံစံတွေဖြစ်တဲ့ အစားအသောက်ကို ဆင်ခြင်စားတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးနေဖို့ တော့လိုပါတယ်။ အခုဖော်ပြမယ့် အစားအစာတွေကို ရှောင်ပေးရင်တော့ အတိုင်းအတာတစ်ရပ်အထိ ဗိုက်အဆီတွေကို ကျသွားစေမှာပါ။

Pexels / Skitterphoto
(၁) ဒိန်ချဉ်

Cream အပြည့်ပါတဲ့ ဒိန်ချဉ် (၁ခွက်)မှာ ကယ်လိုရီ (၁၇၀)ပါဝင်ပါတယ်။ အဆီမပါတဲ့ ဒိန်ချဉ် (၁ခွက်)မှာ ကယ်လိုရီ (၁၂၀)ပါဝင်ပါတယ်။

(၂) အချိုရည်နဲ့ Fast food
Sponsored

ဗိုက်ချပ်ချင်ရင်တော့ အချိုရည်တွေကို ရှောင်ပေးပါ။ Fast food တော်တော်များများမှာ ၀စေနိုင်တဲ့ အဆီ ၊ သကြား ၊ ဆား နဲ့ ကယ်လိုရီတွေပါဝင်ပါတယ်။ Fast food နဲ့ ဗိုက်ခေါက်နဲ့က ဆက်စပ်နေပါတယ်။

READ
ရုတ်တရက် ချက်ချင်း ဝိတ်ကျသွားရခြင်းရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ
Pexels / Robin Stickel
(၃) သကြား

အချိုက သင့်ကို ပိုစားမိစေနိုင်ပါတယ်။ သကြားကို စွဲလမ်းနေတာက ဗိုက်ခေါက်ဖြစ်လာနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ သကြား အဖြူရောင် (၁ခွက်) မှာ (၇၇၃) ကယ်လိုရီတောင်ပါဝင်ပါတယ်။

(၄) Mayonnaise

Mayonnaise မှာ (၈၀%)က အဆီဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ၀ိတ်ချနေတဲ့သူတွေအတွက် လုံးဝရှောင်သင့်တဲ့ အစားအစာမျိုးပါ။

Pexels / Dzenina Lukac

(၅) အာလူး

အာလူးကို Weight Gain လုပ်မယ့် သူတွေပဲ စားပေးသင့်ပါတယ်။ အာလူးမှာ ကယ်လိုရီတွေ များစွာပါဝင်ပါတယ်။ အာလူး ပုံမှန်ဆိုဒ်ကို (၁၆၃) ကယ်လိုရီပါဝင်ပါတယ်။ တကယ်လို့ ဗိုက်ချပ် ၊ အဆီကျချင်ရင်တော့ အာလူးကို မဖြစ်မနေရှောင်ပေးရမှာပါ။

Hannwe Soe

 

sponsored