ဓမ္မတာလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုတွေကို ပျောက်ကင်းသက်သာစေနိုင်တဲ့ အစားအစာ (၅)မျိုး

Shutterstock/Marcos Mesa Sam Wordley
Sponsored

အမျိုးသမီးတော်တော်များများက ဓမ္မတာလာခါနီးရက်တွေမှာဆို စိတ်ခံစားချက်အပြောင်းအလဲမြန်တတ်ပါတယ်။ အခုနေပြုံးနေပေမယ့် ခဏနေ ငိုချင်ငိုလာနိုင်ပါတယ်။ ဓမ္မတာလာတဲ့ရက်တွေဆိုလည်း နာကျင်ကိုက်ခဲမှုတွေက မခံမရပ်နိုင်ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ဒီလိုနာကျင်မှုတွေ ပြေလျော့သွားအောင် စားပေးရမယ့် အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ချောကလက် အနက်

Sponsored

လေ့လာမှုတွေအရတော့ ချောကလက်စားပေးတာက စိတ်ကျတာတွေ နဲ့ မူးမောတာတွေကနေ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာတဲ့အချိန်မှာ တစ်ကိုက်လောက်တော့ စားပေးသင့်ပါတယ်။

(၂) ရေ

Pixabay/congerdesign

ရေကတော့ အစားအစာစာရင်းထဲမှာ မပါပေမယ့် ဓမ္မတာလာနေချိန်မှာတော့ မဖြစ်မနေပါဝင်ရမှာဖြစ်ပါတယ်။ ရေများများသောက်ပေးရပါမယ်။ ရိုးရိုးရေမသောက်ချင်ဘူးဆိုရင် ရေထဲ သံပရိုသီး နဲ့ သခွားသီး တို့ကို ပါးပါးလှီးပြီး ထည့်စိမ်သောက်ပေးနိုင်ပါတယ်။

(၃) ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင်စီ ပါဝင်တဲ့ grapefruits တွေနဲ့ သံပရိုသီးတို့က အမျိုးသမီးရဲ့ သားအိမ်ကို အားဖြည့်ပေးပါတယ်။ ဒီလိုအချိန်မှာ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာ စားပေးတာက ဓမ္မတာအလာအားကိုကောင်းစေနိုင်ပါတယ်။ ဗီတာမင်စီ ပါတဲ့ ရေနွေးကြမ်းသောက်ပေးတာကလည်း နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

READ
သင့်ဆီရောက်လာမယ့် ပျော်ရွှင်မှုစစ်စစ်တွေအတွက် သင်လွှတ်ချလိုက်ရမယ့် အရာများ

(၄) အစေ့အဆန်

အစေ့အဆန် တွေမှာ Magnesium ဓာတ်ကြွယ်ဝစွာပါတာကြောင့် တခြား junk foods တွေကို တောင်းတတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစေ့အဆန်စားပေးတာက ဖောင်းတာတွေ ကနေ ကာကွယ်ပေးပြီး သက်တောင့်သက်သာ မဖြစ်တာကနေလည်း ကာကွယ်ပေးပါတယ်။

(၅) ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ

Pixabay/sanfirabogdan

အမျိုးသမီးတစ်ယောက်မှာ ကယ်ဆီယမ် (၁၂၀၀ mg) ရှိသင့်ပါတယ်။ ဒါကြောင့် ပန်းပွင့်စိမ်း ၊ ဒိန်ချဉ် တို့ကိုစားပေးပါ။ Antioxidant ကြွယ်ဝစွာပါတဲ့ သဘောင်္သီး နဲ့ သရက်သီးတို့ကို စားပေးသင့်ပါတယ်။

Hannwe Soe

sponsored